ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက် ကော့သောင်း အနည်းဆုံး
diz_admin
June 30, 2020တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက်မှာ ကော့သောင်းခရိုင်တွင် အနည်းဆုံးဖြစ်ကြောင်း ယင်းကော်မတီ ထံမှ သိရသည်။ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ လက်ရှိအချိန်ထိ လုပ်ငန်းသုံးခုကိုသာ အတည်ပြုမိန့် ထုတ်ပေးထားသည်။ ဟိုတယ်/အပန်းဖြေဝန်ဆောင်မှုလုပ်ငန်းနှစ်ခုနှင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းတစ်ခုတို့သာ ယင်းကော်မတီက ခွင့်ပြုထားသည်။ သို့ရာတွင် ကော့သောင်းခရိုင်အတွင်း ယခင်အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က BOT စနစ်ဖြင့် ခွင့်ပြုထား လုပ်ငန်းအချို့ရှိကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ “ယခင်အစိုးရ (MIC)က ကျွန်းတွေ မှာ BOT နဲ့ပေးထားတာ များတယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။ ကော့သောင်းခရိုင်အတွင်း ခွင့်ပြုထားသည့် အထက်ပါလုပ်ငန်း ၃ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်း […]


