ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သန့်ရှင်း၊ စိမ်းလန်းစိုပြေဆုရ ကျောင်းများ

diz_admin

May 25, 2020

တနင်္သာရီတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ရွေးချယ်ထားသည့် သန့်ရှင်းပြီး စိမ်းလန်း စိုပြေသော ကျောင်းဆုရအခြေခံပညာကျောင်း ခြောက်ကျောင်း ရှိသည်။ အထက်တန်းအဆင့် ပထမဆုရကျောင်းမှာ ကျွန်းစုမြို့နယ်က ပထက်အထက်တန်းကျောင်း ဖြစ်ပြီး ဒုတိယဆုကို လောင်းလုံး အထက်တန်းကျောင်းနှင့် တတိယဆုကို ရေဖြူမြို့နယ် ဇာဒီအထက်တန်းကျောင်းတို့က ရရှိခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ မူလတန်းအဆင့် ပထမဆုရကျောင်းမှာ သရက်ချောင်းမြို့နယ် ရွှေဥချောင်း မူလတန်းကျောင်း၊ ဒုတိယ ဆုကို ရေဖြူမြို့ (ခ) ရပ်ကွက် မူလတန်းကျောင်း၊ တတိယဆုကို ထားဝယ်မြို့ ကျွန်းမွှေးရပ်ကွက် မူလတန်း ကျောင်းတို့က ရရှိခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။ ယင်းကျောင်းများကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သတ်မှတ်ထားသည့် စံသတ်မှတ်ချက် ၁၇ ခုနှင့် အများဆုံး ကိုက်ညီသည့် ကျောင်းများကို […]

အမိန့်ချတဲ့နေ့

diz_admin

May 25, 2020

မေလ ၂၂ ရက် နံနက် ၉ နာရီခွဲ ထားဝယ်မြို့ ရေးလမ်းပေါ်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တချို့ အသင့် ဖြစ်နေ ကြပြီ။ သတင်းသမားတွေကလည်း ကင်မရာတွေ အသင့်ပြင်ထားပြီးကြပြီ။ တရားလွှတ်တော်ဝင်းထဲမှာလည်း ဝန်ထမ်းတွေက အလုပ်ရှုပ်နေကြတယ်။ လာသမျှကို လက်မှတ်ထိုးခိုင်း၊ ဖောင် ဖြည့်ခိုင်းနေကြရတယ်။ တနင်္သာရီတိုင်း တရားလွှတ်တော် အမှုစီရင်ရေး သမိုင်း တစ်လျှောက်အတွက် သာမက တနင်္သာရီ တိုင်းရဲ့သမိုင်းအတွက် အထူးခြားဆုံးနေ့ လို့ ပြောနိုင်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အမိန့်ချမယ့် နေ့ပေကိုး။ဒေါက်တာလဲ့လဲ့မော်ရဲ့ မိသားစု ဝင်တွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဟောင်း ဆွေဟောင်းတွေလည်း တဖွဲဖွဲ ရောက်လာ ကြတယ်။ ဒေါက်တာလဲ့လဲ့မော်ရဲ့အမှုတွဲ GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး နဲ့ […]

ထားဝယ်က ကိုဗစ်ပိုးတွေ့လူနာ အခြေအနေ

diz_admin

May 25, 2020

တနင်္သာရီတိုင်း၏ ပထမဆုံး ကိုဗစ် ပိုးတွေ့လူနာ (အမှတ် ၁၈၅) သည် မလေးရှားနိုင်ငံက ပြန်ရောက်လာသူ ဖြစ်သည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် အလူမီနီယံတံခါး ပေါက်လုပ်ငန်းမှာ လုပ်ကိုင်နေသူ ဖြစ်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့်တွင် အလုပ်ပြီးချိန် ဈေးဝယ်ထွက်ရင်း မလေးရှားရဲတွေက သူ့ကိုဖမ်းဆီးခြင်း ခံခဲ့ရသည်။ ယင်းနောက် တရားမဝင် နေထိုင်မှုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် လေးလ ချမှတ်ခံခဲ့ရကြောင်း လူနာအမှတ် ၁၈၅ က ပြောသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ထောင်မှ လွတ်မြောက်ခဲ့ပြီး ထိန်းသိမ်းရေး စခန်းတစ်ခုတွင် မေလအထိ နေထိုင်ခဲ့ ရသည်။ ထောင်နှင့် ထိန်းသိမ်းရေးစခန်း တွင် နေထိုင်စဉ်က နိုင်ငံပေါင်းစုံမှ လူပေါင်းမြောက်များစွာနှင့် ထိတွေ့ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကို […]

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဝင်မည် ဟုဆို

diz_admin

May 25, 2020

အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ်သုံးဆယ်ချမှတ်ခံရသည့်အပေါ် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းက ပြောသည်။ ဒေါက်တာလဲ့လဲ့မော်ကို မေလ ၂၂ ရက်နေ့က အမှုလေးခုအတွက် အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ထားသည်။ ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့သည့် အပေါ် မှတ်ချက်မပေးလိုသော်လည်း အယူခံဝင်မည်ဖြစ်ကြောင်း ဦးထွန်းမင်းက ဆိုသည်။ “ဥပဒေအရပဲ အထက်ကို အယူခံ ဝင်သွားမယ်”ဟု ၎င်းက ပြောသည်။ တိုင်းတရားလွှတ်တော်က ချမှတ်သည့် အမိန့်အပေါ် ကျေနပ်မှုမရှိပါက ရက်ပေါင်း ၉၀ အတွင်း အယူခံဝင်နိုင်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ “ပြည်ထောင်စုတရားလွှတ်တော် ချုပ်ကို အယူခံဝင်ရောက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။ ဒေါက်တာလဲ့လဲ့မော်အပေါ် အမိန့်ချ ခဲ့သည့်အပေါ် တစ်စုံတစ်ရာ မှတ်ချက် မပြုလိုတော့ကြောင်း သူမ၏ခဲအိုဖြစ်သူ […]

ရနောင်းအချုပ်ရှိ နိုင်ငံသား ၁၈၀ နီးပါး ကော့သောင်းနယ်စပ်မှဝင်ရောက်

diz_admin

May 19, 2020

ထိုင်းတွင် အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးသည့် ရနောင်းလဝကအချုပ်သို့ ရောက်နေသူ ၁၇၈ ဦး မြန်မာနိုင်ငံပြန်ခွင့်ရပြီ ဖြစ်သည်။ ၎င်းတို့သည် တရားမဝင်နေထိုင်မှု အပါအဝင်အမှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအချုပ်ထောင်အသီးသီးတွင် ပြစ်မှုကျခံပြီးလွတ်ရက်စေ့သဖြင့် ရနောင်း-ကော့သောင်းလမ်းမှတစ်ဆင့် ပြည်တော်ပြန်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် ရနောင်းလဝကအချုပ်သို့ ရောက်ရှိနေသူများ ဖြစ်သည်။ မေလ၁၅ရက်နေ့တွင် ၎င်းပြည်တော်ပြန်အလုပ်သမား ၁၇၈ဦးကိုလက်ခံခဲ့ပြီး ကော့သောင်းဒေသခံများကိုမူ ကော့သောင်းရှိ ရောဂါစောင့်ကြည့်ရေးစခန်းများတွင်၂၁ရက် စောင့်ကြည့်ခြင်းပြုလုပ်သွားမည်ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းထွန်း က ပြောသည်။ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တွင် နေထိုင်သူများကိုမူ ကော့သောင်းဘက်မှ တာဝန်ယူပို့ပေးရမည်ဖြစ်ပြီး ထိုသူတို့က ၎င်းတို့မြို့နယ်ရှိ ရောဂါစောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက်နေရမည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ တနင်္သာရီတိုင်းပြင်ပ နေရပ်ပြန်များအား ကော့သောင်းမှထားဝယ်သို့ တာဝန်ယူပို့ဆောင်ကာ ထိုသူတို့ကို ထားဝယ်ဘက်မှ ဆက်လက်တာဝန်ယူ လက်လွှဲပို့ဆောင်ရန် ညှိနှိုင်းစီစဉ်ထားကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ […]

တနင်္သာရီမြစ်ကူးတံတား မကြာမီ အသုံးပြုနိုင်မည်

diz_admin

May 19, 2020

ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိပြီး မြိတ်-တနင်္သာရီ-ကော့သောင်းမြို့သို့ သွားလာရာတွင် အရေးပါသည့် တနင်္သာရီမြစ်ကူးတံတားသစ်အား မေလအကုန်ခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ လက်ရှိတွင် တနင်္သာရီမြစ်ကူးတံတားမှာ ပြီးစီးလုနီးဖြစ်ပြီး အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းတံတား စီမံကိန်းတည်ဆောက်ရေး အဖွဲ့(၄)မှ သိရသည်။ “ဖွင့်ပွဲက လောလောဆယ် အခြေအနေအရ မလုပ်ဖြစ်သေးပါဘူး” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။ တနင်္သာရီမြစ်ကူးတံတား၏ အရှည် မှာ ၁၄၄၄ ပေရှိပြီး ယခင်တံတားဟောင်းနံဘေးတွင် တည်ဆောက်ထားသည်။ ယင်းတံတားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက စတင်တည်ဆောက်ခဲ့သည်။ မြင့်မိုရ်(မြိတ်)

ပုလောမြို့ရှိ နေအိမ်တစ်ဆောင်အား Lockdown ချ

diz_admin

May 19, 2020

မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်‌ဆောင်အား ဧပြီလ ၇ ရက်နေ့မှစပြီး Lockdown ချထားလိုက်ပြီဖြစ်ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးတို့ထံမှ သိရသည်။ ရန်ကုန်မြို့မှ မြိတ်မြို့သို့ မော်တော်ယာဉ်ဖြင့် ဧပြီလ ၆ ရက်နေ့က ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးမှာ မြိတ်မြို့ရှိ Facility Quarantine ဝင်ရောက်ခြင်းမရှိဘဲ အစ်မဖြစ်သူ၏ နေအိမ်သို့လာရောက်ခဲ့သည့်အတွက် Lockdown ချထားရခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။ “Lockdown က နှစ်ဆယ့်တစ်ရက်ပါပဲ” ဟု အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက ပြောသည်။ Lockdown ချထားသည့် နေအိမ်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးတို့နေထိုင်ကြပြီး ၎င်းတို့၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေကြောင်း အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက […]

လေပြင်းကြောင့်မြိတ်နှင့် ကျွန်းစုတွင်နေအိမ်အချို့ ပြိုကျ

diz_admin

May 19, 2020

လေပြင်းကြောင့် မြိတ်နှင့် ကျွန်းစုတွင် နေအိမ်တချို့ပြိုကျပျက်စီးခဲ့ရကြောင်း မြိတ်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။ မေလ ၁၁ ရက်ညနေ ၅ နာရီခန့်က တိုက်ခဲ့သည့်လေပြင်းကြောင့် မြိတ်မြို့နယ် ရွှေပေးရွာပုစွန်ကန်လမ်းရှိ လူနေအိမ်နှစ်လုံးနှင့် ကျွန်းစုမြို့နယ်ပထော်ကျေးရွာရှိ နေအိမ်တစ်လုံးပြိုကျပြီး ဘုန်းကြီးကျောင်းတစ်ဆောင်သည်လည်း အမိုးလန်ကာပျက်စီးခဲ့ရကြောင်း အထက်ပါဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။ အိမ်ပြိုကျမှုတွင် လူများထိခိုက်မှုမရှိခဲ့ဘဲ လက်ရှိအချိန်တွင် ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို သွားရောက်ထောက်ပံ့နေပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ “လက်ရှိကတော့ ဘေးအိမ်တွေမှာ တက်နေကြတယ်” ဟု စန္ဒဝတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။ လေပြင်းကြောင့် ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ်ကွက်တွင်လည်း လူနေအိမ်နှင့် ကြက်ခြံအချို့အမိုးလန်ခဲ့ရကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။