ကိုဗစ်ရိုက်ချက်ထိ အလှဖန်တီးရှင်များ
diz_admin
May 19, 2020စီးပွားရေးအခြေအနေကလည်း မဆိုး။ လထပ်နှစ်ဖြစ်နေသည့် အခြေအနေများကြောင့် ယခုနှစ် မင်္ဂလာဆောင်ရာသီတွင် အလုပ်အပ်သူများလိမ့်မည်ဟု သူတို့မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ပါ။ ထိုသို့မျှော်လင့်ထားသူများက မင်္ဂလာဆောင်အခမ်းအနားများတွင် သတို့သား၊ သတို့သမီးကိုလှပအောင် မိတ်ကပ်လိမ်းခြယ်ဖန်တီးပေးရသည့် အလှဖန်တီးရှင်များပင်ဖြစ်သည်။ သူတို့က သတို့သားသတို့သမီးကို မိတ်ကပ်အလှပြုပြင်ပေးခြင်း၊ အခမ်းအနားများ လှပဆန်းသစ်စေရန် ဖန်တီးပေးခြင်းများအတွက် မင်္ဂလာဆောင်တစ်ပွဲလျှင် ပွဲအခင်းအကျင်းအပေါ်မူ တည်ကာ ဝန်ဆောင်ခ ငွေကျပ်ငါးသိန်းဝန်းကျင်မှ သိန်းနှစ်ဆယ်ဝန်းကျင်အထိ သတ်မှတ်ထားကြသည်။ သို့သော် အလှဖန်တီးရှင်များ၏ မျှော်လင့်ချက်ကို ကိုရိုနာဗိုင်းရပ်ပိုးက ရိုက်ချိုးလိုက်သည်။ကိုရိုနာဗိုင်းရပ်စ်ပိုးဂယက်ကြောင့် စီးပွားရေးလုပ်ငန်းများအထိနာနေချိန်တွင် အလှဖန်တီးရှင်များ၏ အလှပြုပြင်ရေးလုပ်ငန်းများလည်း အကြီးအကျယ်ထိခိုက်ခဲ့ကြသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ရန် မင်္ဂလာဆောင်ပွဲများအပါအဝင် အခမ်းအနားပွဲလမ်းသဘင်များမလုပ်ရန် အစိုးရကတားမြစ်လိုက်ခြင်းကြောင့် အလှဖန်တီးရှင်များ၏ လုပ်ငန်းများလည်း လုံးဝရပ်ဆိုင်းသွားခဲ့ရသည်။ မင်္ဂလာဆောင်ရန် ကြိုတင်ရက်ချိန်း ယူထားသူများသည်လည်း ဖျက်လိုက်ကြသည်။ အချို့မှာလည်း တရားရုံးတွင်လက်မှတ်ထိုးကာ အကျဉ်းရုံးမင်္ဂလာဆောင်လိုက်ကြတော့သည်။ ကိုရိုနာဂယက်ကြောင့် စီးပွားရေးထိခိုက်သူများထဲတွင် […]


