ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်း ကိုဗစ်ရောဂါ ကင်းစင်ပြီ

diz_admin

June 8, 2020

ထားဝယ်မြို့တွင် တစ်ဦးတည်း သော ပိုးတွေ့ လူနာအမှတ် (၁၈၅) ကို ဇွန်လ ၆ ရက်တွင် ဆေးရုံက ဆင်းခွင့် ပြုလိုက်ပြီဖြစ်သောကြောင့် လတ်တ လော တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။ ယင်းလူနာတွင် ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန က ကြေညာပြီး နောက်ထပ်နှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သဖြင့် ဆေးရုံက ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွေးမြစိုးက ပြောသည်။ “တနင်္သာရီတိုင်းက အရောင်ပြောင်း သွားတာပေါ့လေ”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဆေးရုံက ဆင်းခွင့်ပြုလိုက်သော လူနာအမှတ် ၁၈၅ သည် အမှတ်(၃) အထက်တန်းကျောင်းတွင် […]

ဆိုင်ကယ်ရှေ့မီးကြီး နေ့ဘက်တွင်ပါ ဖွင့်မောင်းရမည်၊ မထွန်းက ဒဏ်ငွေဆောင်ရမည်

diz_admin

June 8, 2020

လက်ရှိပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအသစ်အရ ဆိုင်ကယ် ရှေ့မီးကြီးကို နေ့ဘက်မောင်းနှင် ချိန်တွင်ပါ ဖွင့်မောင်းရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေတွင် ယင်းသို့ ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။ ထိုဥပဒေအရ နေ့ခင်းဘက် ဆိုင် ကယ်မီးမဖွင့်ပါက ငွေကျပ်သုံးသောင်း ထက်မပိုသည့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေတွင် အထက်ပါအချက်ကို ပြဋ္ဌာန်းထား ခြင်းမရှိပေ။ လက်ရှိတွင် မော်တော်ယာဉ်ဥပဒေ အသစ်နှင့် ပတ်သက်ပြီး ပြည်သူများ သိရှိစေရန် ပညာပေးလက်ကမ်းစာစောင် များကို လူစည်ကားသည့် လမ်းဆုံများ တွင် ဖြန့်ဝေနေကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ ရဲမှူးမိုးကျော်က ဆိုသည်။ […]

စံချိန်စံညွှန်းမပြည့်သော တည်ဆောက်ရေးလုပ်ငန်း ၃၀ ကျော်ကို လွှတ်တော်ကော်မတီ ဖော်ထုတ်

diz_admin

June 1, 2020

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရစီမံကွပ်ကဲမှုဖြင့် ဆောက်လုပ်နေသော လမ်း၊ တံတား၊ အဆောက်အအုံများစသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ လျော့ရဲနေသော အခြေအနေကို တိုင်းလွှတ်တော်ကော်မတီတစ်ခုက မြေပြင်ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာတစ်စောင်ကို တိုင်းလွှတ်တော်ထံတင် သွင်းခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ဦးဆောင် သည့် တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ရေးသားထားသော အစီရင်ခံစာ ဖြစ်သည်။ အဆိုပါကော်မတီသည် မြို့နယ်အလိုက် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်း အတော်များများကို ကွင်းဆင်းစစ်ဆေးထားသည်ကို တွေ့ရသည်။ “တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းတွေပေါ့။ ဒါက ပြည်သူ့ဘဏ္ဍာကနေ တည်ဆောက်ပြီးတော့ နိုင်ငံတော်ကနေပြီး အဆိုပြုထားတဲ့ စီမံကိန်းတွေက မြေပြင်မှာ လိုအပ်ချက်တွေ ကိုက်ညီမှု ရှိ/မရှိ။ ပြီးတော့ မြေပြင်မှာတည်ဆောက်နေတဲ့ လုပ်ငန်းတွေက သတ်မှတ်ထားတဲ့ […]

ကျူစခန်းမှ ထွက်ပြေးသူ ၅ ဦးကို အရေးယူမည်

diz_admin

June 1, 2020

ကော့သောင်းမြို့ အထက၂ စောင့်ကြည့်စခန်းမှ ထွက်ပြေးသွားသူ ၅ ဦးကို ပြန်ဖမ်းမိပြီဖြစ်ပြီး ၎င်းတို့အား ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူသွားမည်ဟု ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်၊ မန်အောင်မြို့နယ်မှ ၃ ဦး၊ မြိတ်မှ ၁ ဦး၊ ရန်ကုန်မြို့ အင်းစိန် ပေါက်တောမှတစ်ဦး ဖြစ်သည်။ ထိုငါးဦးသည် ပြီးခဲ့သည့်ရနောင်းအချုပ်ထောင်မှ ပြည်တော်ပြန်အဖြစ် ပြန်လာသူ ၁၈၀ ဦးတွင် ပါဝင်သည်။ မေလ ၅ ရက်နေ့တွင် ၎င်းပြည်တော်ပြန်အလုပ်သမားလက်ခံရရှိပြီး ၎င်းတို့၏ နေရပ်သို့ ပြန်မပို့မီ ရောဂါစောင့်ကြည့်ရေးစခန်းတွင် ခေတ္တထိန်းသိမ်းထားစဉ် ညဘက်၌ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ ထွက်ပြေးသူ ၅ ဦးစလုံးကို၂ရက်အတွင်း ပြန်တွေ့ခဲ့ပြီး ပုလုံးတုံတုံး ရောဂါစောင့်ကြည့်ရေးစခန်းတွင် ထိန်းသိမ်းစောင့်ကြည့်ထားကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ “သူတို့ကို နှစ်ရက်အတွင်းမှာ ပြန်ဖမ်းမိပါတယ်။ […]

NLD ပါတီဆိုင်းဘုတ်နှင့် အလံဖျက်ဆီးသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

diz_admin

June 1, 2020

ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကိုဖျက်ဆီးသည့် အမျိုးသားကိုပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စုတွင် မေလ၂၆ ရက်ညက အသက် ၃၇ နှစ်အရွယ်အမျိုးသားက အရက်မူးပြီး ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကို ဖျက်ဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကို ဖျက်ဆီးခဲ့သည်ဆိုသည့်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၂၉၄ (ညစ်ညမ်းသောပြုလုပ်မှု)/ ၄၂၇ (အကျိုးဖျက်ဆီး မှု) / ၅၀၆ (ရာဇဝတ်မကင်းသောခြောက်လှန့်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ရာဇသတ်ကြီးပုဒ်မ-၂၉၄ ကို ဖောက်ဖျက်က ၃ လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ပုဒ်မ- ၄၂၇ ကို ဖောက်ဖျက်ပါက ၂ နှစ်အထိ […]

ရနောင်း-ကော့သောင်းလမ်းမှ ပြန်လိုသူများ သံအရာရှိထံ စာရင်းပေး ပြန်နိုင်

diz_admin

June 1, 2020

ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်လိုသော ထိုင်းရောက်မြန်မာများနှင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးသွင်းကာပြန်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိ(ထိုင်းတောင်ပိုင်း) ဦးကျော်စိုးဝေက ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်း-မြန်မာနယ်ခြား ရနောင်း-ကော့သောင်းနယ်စပ်ဖြတ်ကျော်ဂိတ်ကို ယာယီပိတ်ထားရာ ယင်းလမ်းမှအိမ်ပြန်လိုသော မြန်မာများအနေဖြင့် ရနောင်းမြို့ရှိ မြန်မာအလုပ်သမားသံရုံးတွင်စာရင်းပေးကာ အိမ်ပြန်နိုင်မည် ဖြစ်သည်။ ရနောင်းသံရုံးနှင့် အလှမ်းဝေးကွာသူများအနေဖြင့် မိမိနေထိုင်ရာဒေသရှိ အလုပ်သမားအရေးကူအညီပေးသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်၍လည်းကောင်း၊ Myanmar Labour Attaché Office – ThailandFacebook စာမျက်နှာသို့အချက်အလက်များ ပေးပို့လျှောက်ထားနိုင်ကြောင်း ဦးကျော်စိုးဝေက ပြောသည်။ ပေးပို့ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်/မှတ်ပုံတင်အမှတ်၊ ထိုင်းတွင်လုပ်ကိုင်သည့် အလုပ်အမျိုးအစား၊ အလုပ်သမားအမျိုးအစား (MOU၊ CI၊ PJ၊ PV၊ Boder Pass၊ အထောက်အထားမဲ့)၊ ထိုင်းတွင် နေထိုင်သည့်လိပ်စာ၊ အလုပ်ရှင်အမည်၊ မြန်မာပြည်တွင် နေထိုင်သည့်လိပ်စာ၊ […]

မောတောင်တရားမဝင် လမ်းကြောင်းများ ကိုဗစ်ကာကွယ်ရေး စိန်ခေါ်မှုဖြစ်နေ

diz_admin

June 1, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင်တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်လျှောက်ရှိ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှု ရှိနေသည့်အတွက် ကိုဗစ်အတွက် စိန်ခေါ် မှုတစ်ခုဖြစ်နေရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆိုင်ကယ်ကယ်ရီမောင်းသူတချို့က ထိုင်းနိုင်ငံပရာကျွတ်မြို့မှ တောလမ်းအတိုင်းဖြတ်သန်းကာ မောတောင်သို့ ပို့ဆောင်မှုများရှိနေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ “ခိုးလမ်းကနေ တက်လာတာ အတော်အန္တရာယ်များတယ်။ တက်လာတဲ့သူရော သူ့နေရပ်ရော မိသားစုအတွက်ပါ အန္တရာယ်များတယ်” ဦးအောင်ကျော်ဟိန်းက ပြောသည်။ ယင်းကဲ့သို့ ကိုဗစ်ကာလအတွင်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာကြပြီး နေရပ်သို့ပြန်လည်ရောက်ရှိသည့် ဦးရေမည်မျှရှိမည်ကိုမူ မသိနိုင်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ မေလ ၁၂ ရက်နေ့က တရားမဝင်လမ်းကြောင်းမှဝင်လာသော ရွှေ့ပြောင်းအလုပ်သမားတွင် ကိုယ်အပူချိန်မြင့်မားနေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ထားသည်။ မောတောင်နယ်စပ်တစ်လျှောက်တွင် တရားမဝင်လမ်းကြောင်းမှာ နေရာအများအပြားရှိနေကြောင်း […]