ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဌာနေသားတို့၏ ဖွံ့ ဖြိုးရေးအမြင်ကို မျက်ကွယ်ပြုသော စီးပွားရေးဇုန်

diz_admin

June 8, 2020

ထိုင်းနိုင်ငံတောင်ပိုင်း၊ စံခလပြည် နယ်၊ ချာနာခရိုင်ရှိ အေးချမ်းလှသော တံငါရွာလေးမှ ကိုင်ရီးယာ ရာမည အမည်ရှိ အမျိုးသမီးငယ်လေးသည် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာထံသို့ မေလ ၁၂ ရက်က စာတစ်စောင် ရေးပို့ လိုက်သည်။ နိုင်ငံ့အကြီးအကဲ ဝန်ကြီးချုပ် တစ်ဦးထံသို့ စာရေးခြင်းကို ကိုင်ရီးယာ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ စာမပို့ခင် သူက အစိုးရ၏ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းဟုဆိုသော တောင်ပိုင်းစီးပွား ရေးဇုန်အား ထိုင်သပိတ် ဆင်နွှဲ၍ ဆန့်ကျင် ဆန္ဒပြခဲ့သေးသည်။ တောင်ပိုင်းစီးပွားရေးဇုန် စီမံကိန်း ကြောင့် ထိခိုက်နစ်နာမှုများ ကြုံရတော့ မည့် စီရင်စု သုံးခုမှ ရာနှင့်ချီသော ကျေးရွာများ၏ အရေးကို ဝန်ကြီးချုပ် အာရုံစိုက်လာစေရန် ကိုင်ရီးယာ စာပို့ခဲ့ ခြင်းဖြစ်သည်။ စီမံကိန်းဖြစ်မြောက်ရေး အားပေးလှုံ့ဆော်နေသည့် […]

မရပ်နိုင်သေးသည့် ကိုဗစ်ထိန်းချုပ်ရေး မာရသွန်ခရီး

diz_admin

June 8, 2020

ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာကတည်းက တိုင်း အတွင်းရှိ စေတနာ့ဝန်ထမ်းများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ လိုက်သော်လည်းကောင်း ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းက ရှေ့တန်းမှ တက်တကြွ်ကြွက ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကူးစက် မြန်ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်မှာ သုံးလကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းအချိန်တွင် အစိုးရက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် တင်းကျပ်ထား သော စည်းကမ်းချက်အချို့ကို ဖြေလျော့ လိုက်ခြင်းနှင့်အတူ ထားဝယ်မြို့ရှိ ပရဟိတအဖွဲ့အချို့သည်လည်း ကိုဗစ် ထိန်းချုပ်ရေးလုပ်ငန်းတွင် အရှိန်လျှော့ လာပြီဖြစ်သည်။ ဇမ္ဗူသီရိအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ ကဲ့သို့သော ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်း တွင် ရှေ့တန်းမှ ပါဝင်နေသူတို့သည် မေလကုန်ပါက ၎င်းတို့ လုပ်ဆောင်နေ သော လုပ်ငန်းများကို ရပ်နားခြင်း၊ အရှိန်လျှော့လုပ်ဆောင်ခြင်းတို့ကို လုပ် ဆောင်တော့မည်ဖြစ်ကြောင်း ပြောဆို လာကြသည်။ ဇမ္ဗူသိရီအဖွဲ့သည် […]

နိုင်ငံအဆင့် သန့်ရှင်းစိမ်းလန်း စိုပြည်ကျောင်းဆု ကျွန်းစု အ.ထ.က ဆွတ်ခူး

diz_admin

June 8, 2020

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု ကို ကျွန်းစုမြို့ ပထက်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းက ဆွတ်ခူးခဲ့ ကြောင်း ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (National Clean and Green School Award) အားချီးမြှင့်ခြင်း ဖြစ်သည်။ အဆိုပါဆုအတွက် ပါဝင်ယှဉ်ပြိုင် သော ကျောင်းပေါင်း ၂၉ ကျောင်းရှိ သည့်အနက် အခြေခံပညာမူလတန်း ကျောင်း လေး‌ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်းတို့ မှာ ဆုရရှိခဲ့ကြကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လူမှုကွန် […]

မြန်မာပွန်ပီပက် ကုမ္ပဏီ၏ အယူခံ အမှုနှစ်ဘက် အပြီးသတ် လျှောက်လဲချက် ယခုအပတ် ကြားနာမည်

diz_admin

June 8, 2020

ထားဝယ်ခရိုင် တရားရုံးတွင် အမှုရှုံးသဖြင့် အယူခံတင်သွင်းထားသော ဟိန္ဒားသတ္တုမိုင်း တူးဖော်ခွင့်ရ မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီ၏ အယူခံအမှုနှင့်ပတ်သက်ပြီး နှစ်ဘက် အပြီးသတ်လျှောက်လဲချက်ကို တိုင်း တရားလွတ်တော်က ဇွန်လ ၈ ရက်တွင် ကြားနာမည်ဖြစ်ကြောင်း သိရသည်။ ကွမ်းသီးပင်များ သေဆုံးမူကြောင့် လျော်ကြေးရလိုကြောင်း မြန်မာပွန်ပီ ပက်ကုမ္ပဏီကို ထားဝယ်မြို့နယ် ကင်ပွန်း ချုံရွာနေ ကရင်တိုင်းရင်းသား စောဒါးရွှေ က ၂၀၁၅ ခုနှစ်တွင် တရားစွဲခဲ့သည်။ ယင်းအမူတွင် မြန်မာပွန်ပီပက် ကုမ္ပဏီက စောဒါးရွှေအား လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် (ကျပ် ၁၁၄၈ သိန်း) ပေးရန် ထားဝယ်ခရိုင် တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမိန့် ချမှတ်ခဲ့သည်။ ယင်းထားဝယ်ခရိုင်တရားရုံးအမိန့် ကို ကုမ္ပဏီကဘက် မကျေနပ်သဖြင့် တိုင်းတရားလွှတ်တော်ထံ […]

ကိုဗစ်ကာလ ထိုင်းတွင် အကျဉ်းကျပြီး ပြန်လာသူများကို HIV နှင့် TB ရောဂါစစ်

diz_admin

June 8, 2020

ကိုဗစ်ကာလ ထိုင်းနိုင်ငံတွင် အကျဉ်းကျပြီး ပြန်ဝင်လာသူများကို HIV နှင့် TB ရောဂါစစ်ဆေးပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ခုခံကျ /ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ လက်ရှိတွင် ကော့သောင်းနယ်စပ် ဝင်ပေါက်နှင့် မြဝတီနယ်စပ်မှ ဝင်ရောက် လာသည့် အကျဉ်းကျပြီး ပြန်လာသူများ ကို ကိုရိုနာရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး နေသည်။ ယင်းသို့စစ်ဆေးပြီး ကိုရိုနာရောဂါ ပိုးမတွေ့သူများကိုHIV နှင့် TB ကိုပါ စစ်ဆေးပေးနေကြောင်း အထက်ပါ စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။ HIV ပိုးရှိ/မရှိကို အမြန်စစ်ဆေး သည့်ကိရိယာ ဖြင့် စစ်ဆေးမည်ဖြစ်ပြီး TB ရောဂါကိုမူ သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အကျဉ်းကျပြီး […]

ဗိုက်ပူ အဝလွန် ရဲတပ်ဖွဲ့ဝင်များ ဝိတ်လျှော့ရမည်

diz_admin

June 8, 2020

ကိုယ်အလေးချိန်လွန်နေသည့်၊ ဗိုက်ပူနေသည့် ရဲတပ်ဖွဲ့ဝင်များ အချိန် လေးလအတွင်း ကိုယ်အလေး ချိန်လျှော့ရန် ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရ သည်။ ယင်းကဲ့သို့ ကိုယ်အလေးချိန်လျှော့ ရန် မေလ အလယ်ပိုင်းက ညွှန်ကြားထား ပြီး အချိန်လေးလအတွင်း ဝိတ်မလျှော့ ပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆို သည်။ ကိုယ်အလေးချိန် စံသတ်မှတ်ရာ တွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုး အစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရ သည်။ ဥပမာ အရပ်အမြင့် ငါးပေ လေး လက်မရှိသူသည် […]

တိုင်းအတွင်းရှိ အလုပ်သမား တစ်ထောင်ကျော်ကို လူမှုဖူလုံရေးကြေး ပေးမည်

diz_admin

June 8, 2020

တိုင်းအတွင်း လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသူများအနက် ပိတ်ထား သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား တစ်ထောင်ကျော် (၁၂၄၅) ဦးကို လူမှုဖူလုံရေးကြေး ပေးမည်ဖြစ် ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံး ထံမှ သိရသည်။ ကိုဗစ်ကာလတွင် ပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၉၈ ရုံမှ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသည့် အလုပ်သမားများကို လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည်ပေးဆောင်မည် ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “လက်ရှိကတော့ ထောက်ပံ့ရန်ရှိတဲ့ စာရင်းတွေကို တင်ထားဆဲပဲ ရှိသေး တယ်။ အကုန်လုံး အသေးစိတ်အချက် အလက် မှန်ကန်ရင် ရမှာပေါ့” ဟု တာဝန်ရှိသူက ပြောသည်။ ပိတ်ထားကြောင်း တင်ပြလာသည့် စက်ရုံ၊ အလုပ်ရုံ၊ […]

VMS ပိတ်ထားသည့် ငါးဖမ်း ရေယာဉ်များအား အရေးယူတော့မည်

diz_admin

June 8, 2020

VMS ခြေရာခံစနစ် ပိတ်ထားသည့် ငါးဖမ်းလှေများအား စတင်အရေးယူ တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ဇွန်လ၁ရက်နေ့မှစ၍ ငါးမဖမ်းရရာ သီသုံးလစတင်ပြီဖြစ်သည့်အတွက် မေလ ၃၁ရက်နေ့နောက်ဆုံးအဖြစ် ကမ်းဝေးငါး ဖမ်းရေယာဉ်များ၊ ငါးသယ်ရေယာဉ်များ ကမ်းသို့လာရောက် ဆိုက်ကပ်ထားကြပြီ ဖြစ်သည်။ ယင်းသို့ ဆိုက်ကပ်ထားချိန်တွင် လည်းVMS ခြေရာခံစနစ် ဖွင့်ထားရမည် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားထားပြီးဖြစ်သည့် အတွက် ကမ်းကပ်ထားသည့်ရေယာဉ် များအား ဇွန်လ ၁ရက်မှနေ့မှစ၍ စောင့် ကြည့်ရေး စင်တာများမှ စောင့်ကြည့် ကာ စက်ပိတ်ထားသည့်လှေများအား အရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်း ဦးစီးမှူး ဦးသံချောင်းက ပြောသည်။ “ငါးလတိုင်တိုင် ကျွန်တော်တို့ စောင့်ကြည့်ပြီး ပြစ်မှုကျူးလွန်တဲ့စည်း […]