ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထီးခီးလမ်း မြေယာလျော်ကြေး သတ်မှတ်ပြီးက ပြည်သူနှင့်ညှိနှိုင်းမည်ဟုဆို

diz_admin

June 8, 2020

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ထီးခီးလမ်းအတွက် မြေယာလျော်ကြေး သတ်မှတ်ပြီးပါက သိမ်းဆည်းခံပြည်သူများနှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း လျော်ကြေးငွေပေးချေရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီထံမှ သိရသည်။ အဆိုပါလမ်းတွင် ရေဖြူမြို့နယ်အပိုင်းနှင့် ထားဝယ်မြို့နယ်အပိုင်းဟူ၍ လမ်းပိုင်းနှစ်ခုသတ်မှတ်ထားပြီး လက်ရှိရေဖြူလမ်းပိုင်းတွင် တိုင်းတာမှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။ ရေဖြူလမ်းပိုင်းကို အထူးစီးပွားရေးဇုန်အပြင်ဘက်မှ ရေဖြူမြို့နယ်အဆုံးအထိ သတ်မှတ် ထားပြီး ၃၄ ကီလိုမီတာ အရှည်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။ ကျန်ရှိသောလမ်းပိုင်းကို ထားဝယ်မြို့နယ်လမ်းပိုင်းဟု သတ်မှတ်ထားသည်။ ထို့အပြင် မေတ္တာမြို့မှ ထီးခီးအထိလမ်းပိုင်းကိုလည်း အသေးစိတ်တိုင်းတာနေပြီး မကြာမီပြီးစီးမည်ဖြစ်ကြောင်း အထက်ပါကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သူ လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။ ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့ အဆိုပါကော်မတီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက […]

မွန်တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တော့မည်

diz_admin

June 8, 2020

ကိုဗစ်ရောဂါပိုး ရှိ မရှိကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဇွန်လ ၄ ရက်နေ့မှစပြီး စစ်ဆေးနိုင်တော့မည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်း အောင်ကြည်က ပြောသည်။ မွန်ပြည်နယ်ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဇီဝလုံခြုံရေးအဆင့် ၃ ရှိ ဓာတ်ခွဲခန်းကို ကိုဗစ်ရောဂါပိုးဓာတ်ခွဲခန်းအဖြစ် အသုံးပြုစစ်ဆေး သွားမည်ဖြစ်သည်။ ဓာတ်ခွဲခန်း ဝန်ထမ်းလိုအပ်ချက်ကြောင့် ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းကို အစပိုင်းတွင် တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် လူ ၉၀ ဦးကို စစ်ဆေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ရက်လျှင် လူ ၂၈၀ ဦးအထိ စစ်ဆေးနိုင်မည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ အဆိုပါ ဓာတ်ခွဲခန်းတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုဗစ်ရောဂါစောင့်ကြည့်လူနာများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် […]

အမည်ရှေ့တွင် လူမျိုးဝိသေသ လက္ခဏာများ ထည့်သွင်းရန် မွန်အစိုးရ တိုက်တွန်း

diz_admin

June 8, 2020

မွန်ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူများ၏ အမည်နာမရှေ့တွင် ၎င်းတို့ လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့က စာထုတ်ပြီး တိုက် တွန်းနှိုးဆော်လိုက်သည်။ ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးမိဘများအနေဖြင့် သား/သမီးများ၏ မွေးစာရင်း၊ သန်းခေါင်စာရင်းသွင်းချိန်နှင့် ကျောင်းအပ်နှံချိန်တို့တွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင်ပါရှိသော ရှေ့ဆောင်စကားလုံးများ (ဥပမာ-မင်း၊ မိ၊ နိုင်၊ စော၊ နော်၊ နန်း၊ ခွန်စသဖြင့်) ထည့်သွင်း မှတ်တမ်းတင်ရေးသွင်းကြရန် မွန်ပြည်နယ်အစိုးရက ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားသည်။ ပြည်နယ်အစိုးရအဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်ကို မွန်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဆက်လက်တိုက်တွန်း နှိုးဆော်သွားမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး နိုင်မန်ရာဇာက ပြောသည်။ “ပြီးခဲ့တာတွေက ကျွန်တော်တို့က အစပေါ့နော်။ ကျောင်းတက်တော့ နာမည်ရှေ့မှာ မင်းထည့်ခဲ့ပေမယ့် မောင်ပဲ ထွက်လာတယ်။ အသက်ကြီးလာတော့ “နိုင်” […]

ကိုဗစ်ကြောင့် ဝေးလံခေါင်သီသည့်ဒေသတွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

diz_admin

June 8, 2020

Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းက ဝေးလံခေါင်သီသည့်ဒေသရှိ ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland) က ပြောသည်။ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အသွားအလာကန့်သတ်မှုနှင့် သီးသန့်ပိတ်ပင်ထားမှု (lockdown) တို့ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသခံပြည်သူများ ကြုံတွေ့ခံစားနေရသည့် နေ့စဉ်လူမှု စီးပွားဘဝ ကျပ်တည်းမှုအခြေအနေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ပြီး မကြာမီ အစီရင်ခံစာထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ တားမြစ်မှုများသည် ရောဂါပြန့်ပွားခြင်းကို တားဆီးနိုင်ခဲ့သော်လည်း အခြားတစ်ဖက်တွင် ဒေသခံပြည်သူလူထုများ၏ နေ့စဉ်လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်ဟု စမ်းတမ်းကောက်ယူခဲ့သည့် အချက်အလက်များအပေါ် အခြေခံပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ “အစိုးရအထောက်အပံ့နဲ့ လူသားချင်းစာနာထောက်ထားမှု […]

ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူ ကိုးဆယ်ရာနှုန်းကျော် ကျဆင်း

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံရန်လျှောက်ထားသူ ကိုးဆယ်ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။ ကိုဗစ်ကာလမတိုင်မီက တစ်လလျှင် ရင်းနှီးမြှုပ်နှံရန်လျှောက်ထားသူနှင့် စုံစမ်းမေးမြန်းသူ နှစ်ဆယ်ခန့်ရှိရာမှ လက်ရှိတွင် လုပ်ငန်းတစ်ခုသာရှိတော့ကြောင်း DICA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ “ကိုဗစ်ကာလကတော့ တော်တော် ပါးသွားတယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။ကိုရိုနာရောဂါပိုးကူးစက်မှုများသည့် နှစ်လတာကာလအတွင်း ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူနှစ်ဦးသာရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။ ပြည်ထောင်စုအစိုးရကလည်း ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံမှုကုစားနိုင်ရန် ဖြေလျော့မှုအချို့လုပ်ဆောင်ရန် စီစဉ်နေသည်ဟုသိရကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။ “ဖြေလျော့မည့်အစီအစဉ်တွင် ရှုပ်ထွေးနေသည့် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းအချို့ကို ဖြေလျော့ရန်ရှိကြောင်း” ၎င်းက ပြောသည်။ “ဒီအတိုင်းသာ ဆက်ပြီးတော့ အစိုးရဘက်ကရော ဌာနဆိုင်ရာဘက်ကရော တင်းခံနေမယ်ဆိုရင်တော့ ဘာမှဝင်လာမှာ မဟုတ်ဘူး” ဟု […]

သမုတ် – လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန် ပြီးမည်

diz_admin

June 8, 2020

ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်မြို့နယ်သမုတ်ကျေးရွာနှင့် လွတ်လွတ်ရွာသို့ ဆက်သွယ်ထားသည့် သမုတ်-လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းတံတားတည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှ သိရသည်။ သမုတ်-လွတ်လွတ် မြစ်ကူးတံတားအား ၂၀၁၇ ခုနှစ် ဩဂုတ်လတွင်း စတင်ဆောက်လုပ်ခဲ့ပြီး တံတားအရှည်မှာ ၁၂၈၇ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေနှင့် တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ရှိကြောင်း တံတားတည်ဆောက်ရေး အဖွဲ့(၄)မှ သိရသည်။ အချောသပ်အနေဖြင့် တံတား၏ချဉ်းကပ်လမ်းများအား ဆောင်ရွက်နေကြောင်း သိရသည်။လက်ရှိတွင် မြိတ်-ထားဝယ်-ရန်ကုန် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကားများမှာ တောင်အတက်အဆင်း လမ်းအကွေ့အကောက်များသည့် ရှောင်ကွင်းလမ်းမကြီးအား အသုံးပြုနေကြသည်။ သမုတ်-လွတ်လွတ် မြစ်ကူးတံတားပြီးစီးပါက ရှောင်ကွင်းလမ်းမှမောင်းရသည့် ခရီးမိုင် ဆယ်မိုင်ခန့် သက်သာသွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ သိရသည်။ ထို့ပြင် […]

ကမ်းခြေများ တရားဝင် ပြန်လည်ပတ်ခွင့်ပြု

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးကြောင့် ယာယီပိတ်ထားသည့် တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ တိုင်းအတွင်းရှိ ကမ်းခြေများကို ဇွန်လ ၃ ရက်နေ့မှ စတင်ကာ လည်ပတ်ခွင့်ပြုလိုက်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကန့်သတ်နိုင်ရန် မတ်လ ၂၇ ရက်နေ့မှစတင်ကာ ကမ်းခြေအားလုံးကို လည်ပတ်ခွင့်ပတ်ထားပြီးနောက် ၁၀ ပတ်နီးပါးအကြာတွင် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ကမ်းခြေများကိုလည်း ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။“မောင်းမကန်ကမ်းခြေက ဖွင့်ခွင့်ပြုလိုက်ပြီး ကမ်းခြေတွေ အားလုံးဖွင့်ခွင့်ပြုလိုက်ပြီ” ဟု ဦးကျော်မင်းက ပြောသည်။ ဒေသခံများက ကမ်းခြေမဖွင့်မီကတည်းပင် သွားရောက်လည်ပတ်နေကြသည်။ မေလ ၃၀ ရက်နေ့က ကမ်းခြေမဖွင့်သေးသော်လည်း မောင်းမကန်ကမ်းခြေတွင် လူရာချီလာရောက်လည်ပတ်ခဲ့သည်။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကိုမူ […]

စည်းကမ်းဖောက်ဖျက်သည့် လှေဦးစီးနှင့် ငါးဆရာများကိုပါ အရေးယူရန်ပြော

diz_admin

June 8, 2020

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာ၌ စည်းကမ်းဖောက်ဖျက်ကာ ငါးဖမ်းသည့်လှေဦးစီး(ပဲ့နင်း)နှင့် ငါးဆရာများကိုပါ အရေးယူပေးရန် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။ ပင်လယ်ပြင်အတွင်း စည်းကမ်းဖောက်ဖျက်ကာ ကမ်းဝေးလှေများမှကမ်းနီးတွင် ဝင်ရောက်ခိုးဆွဲခြင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ငါးဖမ်းခြင်းများရှိခဲ့ပြီး သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်သည့်အခါ လှေရှင်များတွင်သာဒဏ်ရိုက်ခံရပြီး လှေဦးစီး(ပဲ့နှင်းနှင့် တာဝန်ရှိသူငါးဆရာများ လွတ်မြောက်နေသည့်အတွက် ယင်းတို့ကိုပါ အပြစ်ဒဏ်ပေးရန် ဦးလှသန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “လှေရှင်တွေအနေနဲ့ကမ်းနီးမှာ ဝင်ဆွဲဖို့ မမှာပါဘူး။ ဖြစ်လာရင်တော့ လှေရှင်တွေမှာ သုံးလခြောက်လနားရပြီး ဒဏ်ရိုက်ခံရတယ်။ ဒီတော့လှေရှင်တွေကို အပြစ်ဒဏ်ပေးသလို ပဲ့နင်းတွေကိုလည်း အပြစ်ဒဏ်ပေးမှ အကုန်ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်” ဟု ဦးလှသန်းက ပြောသည်။ ငါးဖမ်းရာတွင် ပြစ်မှုကျူးလွန်ကြသည့် ပဲ့နင်း၊ ငါးဆရာနှင့် အလုပ်သမားခေါင်းဆောင်တို့အား အရေးယူရေး လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ပြီး လောလောဆယ် အကောင်အထည်မဖော်နိုင်သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး ဦးသံချောင်းက […]