တနင်္သာရီတိုင်း တရားသူကြီးချုပ် အသစ်ခန့်
diz_admin
June 1, 2020တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးချုပ်အဖြစ် ဒေါ်ပိုက်ပိုက်အေးကို မေလ ၁၈ ရက်နေ့တွင် ခန့်အပ်လိုက်သည်။ ဒေါ်ပိုက်ပိုက်အေးသည် တရားသူကြီးချုပ်အဖြစ် မခန့်အပ်ခံရမီက တိုင်းတရား လွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ယခင် တရားသူကြီးချုပ် ဦးတင်အောင်က မေလ ၁၅ ရက်နေ့တွင် အငြိမ်းစားယူသွားသည်။ တရားသူကြီးချုပ်အသစ်သည် ၁၉၇၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင် တရားရုံးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။ ထိုနောက် တနင်္သာရီတိုင်းတရားလွှတ်တော်ရုံး တရားရေးဦးစီးမှူးအဖြစ် ၂၀၁၆ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။ လစ်လပ်သွားသည့် တိုင်းတရားလွှတ်တော် တရားသူကြီးနေရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုမာမြင့် ကို မေလ ၂၁ ရက်နေ့တွင် […]


