ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျွဲကူး ထွန်တုံး တိုက်ပွဲ

diz_admin

June 1, 2020

ထွန်တုံးတိုက်ပွဲ ဝင်ကြသည့် တောင်သူနှစ်ဦး တရားစွဲခံကြရသည်။ မေလ ၁၇ ရက်နေ့က မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရည် ရပ်ကွက်အတွင်းရှိ လယ်မြေများအတွင်း မူလပိုင်ရှင်များက ၎င်းတို့လယ်ယာ မြေအား ပြန်လည်စိုက်ပျိုးရန် ခြံတိုင် များအား နုတ်ပစ်ကာ ဝင်ရောက် ထွန်ယက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ပြီး သုံးရက်အကြာ တရားစွဲခံရသည်။ မြိတ်ခရိုင်ကိုဗစ်နိုင်တင်း ကာကွယ် တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မြိတ်မြို့ နယ်ပြည်သူ့ကျန်းမာရေးမှူး (ကိုယ်စား) တာဝန်ခံ ဖြစ်သူ ဒေါက်တာဇင်ကိုအောင် က ဘေးအန္တရယ် ထိန်းချုပ်ကာကွယ်ရေး ဥပဒေ ပုဒ်မဖြင့် တရားစွဲခဲ့ကြောင်း ထွန်တုံးတိုက်ပွဲ ဦးဆောင်ပြုလုပ်သူ ဦးသန်းအောင်က ပြောသည်။ ဦးသန်းအောင်နှင့် အခြား တောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်စိုးတို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ယင်းနောက် မေ ၂၇ […]

သဘော့ဆိပ်ရွာ၊ အလယ်ကုန်းတွင် ရေမြောင်းအဟောင်းပိတ်၍ အသစ်ဖောက်ခြင်းကြောင့် ရေလျှံမှုပိုဖြစ်လာဟုဆို

diz_admin

June 1, 2020

လောင်းလုံးမြို့နယ် သဘော့ဆိပ် ကျေးရွာအုပ်စုရှိ ဒေသအခေါ် သပြေကုန်း (အလယ်ကုန်း) တွင် ယခင်ရေမြောင်း အဟောင်းကို ပိတ်ပြီး ရေမြောင်းအသစ် ဖော်လိုက်သဖြင့် ယခင်ကထက် ရေကြီး၊ ရေလျှံမူ ပိုဖြစ်လာနေကြောင်း ယင်း နေရာရှိ ရွာသားအချို့က ပြောသည်။ ယင်းအလယ်ကုန်းနေရာသည် သဘော့ဆိပ် ကားလမ်းမနှင့် ပင်လယ်ဝ အကြား၊ မြေနိမ့်ပိုင်းတွင် ရှိနေပြီး အိမ်ခြေ ခုနစ်ဆယ်ခန့်ရှိကြောင်း ယင်းရွာသား အချို့ထံမှ သိရသည်။ ယခင်ရေမြောင်းအဟောင်းမှာ ကားလမ်းမမှတစ်ဆင့် အလယ်ကုန်းရွာ ထိပ်အရောက်တွင် တောင်ဘက်သို့ ကွေ့သွားပြီး ချောင်းတစ်ခုထဲသို့ စီးဝင် ကြောင်း ယင်းရွာသားအချို့က ပြော သည်။ မေလ ၂၄ ရက်တွင်မူ တောင်ဘက် သို့ကွေ့သွားသော ရေမြောင်းအဟောင်း နေရာတွင် မြေပိုင်ရှင်တစ်ဦးက မြေဖို့ လိုက်ရာ ရေစီးဆင်းစရာနေရာ […]

ထားဝယ် ပထမဆုံး ကိုဗစ်လူနာ နောက်တစ်ကြိမ် ထပ်စစ်ချိန် ပိုးမတွေ့က ဆေးရုံဆင်းခွင့်ပြုမည်

diz_admin

June 1, 2020

မလေးရှားနိုင်ငံမှပြန်လာသည့် ထားဝယ်ကိုဗစ်လူနာတွင် ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာ ပိုးမတွေ့ရသည့် အတွက် နောက်တစ်ကြိမ်ထပ်စစ်ဆေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ပိုးမတွေ့ ပါက ဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ကိုဗစ်လူနာအမှတ် ၁၈၅ ကို ရောဂါပိုးရှိ/မရှိ မေလ ၂၈ ရက်နေ့က နမူပို့စစ်ဆေးရာ ပိုးမတွေ့သည့်အဖြေ ထွက်ကြောင်း ၎င်းက ဆိုသည်။ ထိုကြောင့် ထပ်မံစစ်ဆေးရန် မေလ ၃၀ ရက်နေ့တွင် နမူနာယူပြီး ဓာတ်ခွဲ ခန်းသို့ ပို့ထားကြောင်း ဒေါက်တာ ထွေးမြစိုးက ဆိုသည်။ “နောက်အဖြေလည်း နဂ္ဂတစ် (ပိုးမတွေ့)ဆိုရင်တော့ နောက်နှစ်ရက် နေရင် ပေးဆင်းမယ်။ စောင့်ကြည့် စခန်းကို ပြန်ပို့မယ်ပေါ့နော်”ဟု ဒေါက်တာ ထွေးမြစိုးက ပြောသည်။ […]

ကိုဗစ်ကြောင့် မြိတ်လျှပ်စစ် ဒီဇယ်လောင်စာဖြင့် စဖြန့်မည် ဟုဆို

diz_admin

June 1, 2020

ကိုဗစ်ဂယက်ကြောင့် မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါ အောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ဖြင့် စတင်ဖြန့်ဖြူး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့်HFOလောင်စာနှင့် ယင်းစက်ကို နိုင်ငံခြားမှဝယ်နှင့် သယ်ယူရန် အခက်ကြုံ နေရခြင်း၊ စက်ရုံမြေနေရာအတွက် အခြား နည်းအသုံးပြုခွင့်မရသေးခြင်း စသည့် အကြောင်းများကြောင့် ယင်းကုမ္ပဏီက ဒီဇယ်အင်ဂျင်ဖြင့် ယာယီ ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ကုမ္ပဏီက မြိတ်မြို့နယ် လျှပ်စစ်အတွက်HFOလောင်စာဖြင့် လျှပ်စစ်တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်ထား ခြင်းဖြစ်သည်။ မီးထိုးလောင်စာဟု အကြမ်းဖျင်း ခေါ်သောHFO မှာ ရေနံစိမ်းကို ချက်လိုက်ပါက အညံ့ဆုံး လောင်စာဆီ အမျိုးအစားဖြစ်ပြီး […]

ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ခံစားခွင့် တနင်္သာရီတိုင်းရရှိ

diz_admin

June 1, 2020

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်း ချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသား များ ခံစားခွင့်ရမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေး အတွက် မဟာဓာတ်အားလိုင်း လျှပ်စစ် ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြု ကြောင်း အကြောင်းကြားလာသည်ဟု ၎င်းက ဆိုသည်။ ထိုယူနစ် ၁၅၀ အခမဲ့ခံစားခွင့် အတွက် ဒေသပေါက်ဈေးနှုန်းအတိုင်း တွက်ချက်ပြီး ငွေကျပ် ၅ ဒဿမ ၈ ဘီလီယံ ပေးရန် တောင်းခံခဲ့ဖူးသော် လည်း ပြည်ထောင်စုက ခွင့်မပြုခဲ့ပေ။ ထိုကြောင့် ယူနစ် ၁၅၀ ကို မဟာ ဓာတ်အားလိုင်း ဈေးနှုန်းအတိုင်းတွက် ချက်ပြီး တောင်းခံမှသာ […]

မိုးဦး မိုးလယ်ကာလ မိုးနည်းနိုင်

diz_admin

June 1, 2020

ယခုနှစ် မိုးဦး မိုးလယ်ကာလတွင် မိုးနည်းနိုင်ပြီး မိုးနှောင်းကာလတွင် မိုးကောင်းနိုင်သည်ဟု တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် မိုးရွာရက် နည်းခြင်း၊ မိုးရေချိန်လက်မ လျော့နည်းခြင်းနှင့် အတူ မုတ်သုန်အား ပျော့ခြင်းတို့ကြောင့် မိုးဦးနှင့် မိုးလယ် ကာလများတွင် မိုးနည်းနိုင်ပြီး မိုးနှောင်း ကာလတွင် မိုးကောင်းနိုင်ကြောင်း တနင်္သာရီတိုင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် အီကွေတာ၏ တောင် ဘက်ပိုင်းတွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ် နေသဖြင့် အီကွေတာကို ဖြတ်ကျော်သည့် လေမှာ မုန်တိုင်းဘက်သို့ စုပ်ယူနေ သဖြင့် မုတ်သုတ်အားပျော့နေသဖြင့် မိုးကောင်းကောင်းမရွာနိုင်ဘဲဖြစ်နေကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ “ဒီနှစ်က မိုးနည်းနည်းညံ့တဲ့အတွက် အဓိက မြစ်တွေမှာ ရေကြီးမှုအန္တရာယ် […]

အခြေခံလူတန်းစား စာရင်းကိစ္စ တိုင်းအစိုးရနှင့် ရပ်/ကျေး အချိတ်အဆက်လွဲ

diz_admin

June 1, 2020

ကိုဗစ်ကာလ ငွေကြေးခံစားခွင့် အတွက် အခြေခံလူတန်းစား စာရင်းကို ကောက်ခံရာတွင် တိုင်းအစိုးရ ပြောကြား ချက်နှင့် ရပ်/ကျေးအချို့တွင် ကောက်ခံ နေသော ပုံစံမှာ အချိတ်အဆက် လွဲချော် နေပြီး စာရင်းကောက်ယူရာတွင်လည်း အငြင်းပွားမှုများ ဖြစ်နေသည်။ တိုင်းအစိုးရအနေဖြင့် အခြေခံ လူတန်းစားစာရင်းကို ကောက်ခံရန် ညွှန်ကြားထားခြင်း မရှိသေးဘဲ ယခင် အခြေခံစားသောက်ကုန် ပေးစဉ်က ကျန်ခဲ့သူများရှိသဖြင့် ပြန်သုံးသပ်ရန် စာရင်းကောက်ခံခိုင်းထားခြင်းမျှသာဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ “ဒီကိစ္စတွေ(အခြေခံလူတန်းစား စာရင်းကောက်သည့်ကိစ္စ)ကို အစိုးရ အဖွဲ့က လမ်းညွှန်ထားခြင်း မရှိသေးဘူး။ သို့သော်လည်းပဲ ပထမတုန်းက အခြေခံ လူတန်းစားတွေ ကျန်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေလည်း ရှိတယ်လေ။ အဲဒီဟာတွေကို ပြန်လည်ပြီး သုံးသပ် နိုင်ဖို့အတွက်တော့ စာရင်းပြုစုနေတာတော့ ရှိပါတယ်”ဟု […]

တနင်္သာရီတိုင်း အစိုးရကို စောင့်နေရသည်

diz_admin

June 1, 2020

လူငါးဦးဖြစ်စေ၊ လူငါးဦးထက် ပို၍ဖြစ်စေ စုဝေးခွင့်ပြုသော လုပ်ငန်း များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းတွင် အစိုးရဌာန၊ အဖွဲ့အစည်း၊ စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်း ဆောင်ခြင်း၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီး သင် စာသင်ကျောင်းများ၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများလည်း ပါဝင်သည်။ ယင်းတို့ အနက် ပုဂ္ဂလိကကျောင်း များပြန်ဖွင့်ရေး၊ သင်တန်း၊ အစည်းအဝေး များ ကျင်းပခွင့်ပြုရေး တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တိကျသော ညွှန်ကြားချက် မကျသေးသဖြင့် အခက် တွေ့နေရကြောင်း တိုင်းအတွင်းရှိ ပုဂ္ဂလိက ကျောင်းအချို့ကို စုံစမ်းမေးမြန်းချက် အရသိရသည်။ နေပြည်တော် အခြေစိုက် ကျန်းမာရေး နှင့် […]