ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်စောင့်ကြည့်စခန်းများ လူပြည့်၊ ထိုင်းပြန်များ ရနောင်းတွင် သောင်တင်

diz_admin

June 15, 2020

ကော့သောင်း၊ မြိတ်၊ ထားဝယ်ရှိ ကိုရိုနာရောဂါပိုးစောင့်ကြည့်ရေးစခန်းများတွင် လူပြည့်နေပြီဖြစ်သောကြောင့် ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်မခံနိုင်ဘဲဖြစ်နေကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ လက်ရှိတွင် ကော့သောင်း၌ ထိုင်းပြန်ဦးရေ ၂၀ဝ ကျော်ကို စောင့်ကြည့်နေပြီး ဇွန် ၂၃ ရက်နေ့ဝန်းကျင်တွင် ၎င်းတို့၏ သတ်မှတ်ရက်များပြည့်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ ၎င်းတို့ စောင့်ကြည့်သတ်မှတ်ရက်ပြည့်ပြီးမှ ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်မည့် မြန်မာရွှေပြောင်းအလုပ်သမားများကို ပြန်လည်လက်ခံနိုင်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ “အဓိကကတော့ ပညာရေးကျောင်းတွေမှာ အသုံးပြုလို့ မရတော့လို့ပါ။ လောလောဆယ်ကတော့ လက်မခံနိုင်သေးဘူး။ နောက်တစ်ပတ်ကျော်လောက်ဆိုရင်တော့ လက်ခံလို့ရပြီ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။ ကော့သောင်းရောက်မြန်မာများကို ပုလုံးတုံတုံး သဘာဝဘေးခိုလှုံအဆောက်အအုံ၊ လေးမိုင် ပြန်လည်ထူထောင်ရေးစခန်း၊ နဝရတ်အားကစားရုံ၊ ရွှေမင်းဝံကြက်တောင်ရုံ၊ သံဃာတော်များအတွက် မိုးကုတ်ဝိပဿနာတို့တွင် စောင့်ကြည့်ရေးစခန်းဖွင့်ကာ စောင့်ကြည့်နေခြင်း […]

သမီးအရင်းကို သားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသူဖမ်းမိ

diz_admin

June 15, 2020

သမီးအရင်းကိုသားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲ စခန်းထံမှသိရသည်။ ဇွန်လ ၁၀ရက်နေ့က ဖမ်းဆီးခံရသူ၏ဇနီးက လာရောက်တိုင်ကြားခဲ့ပြီး ဇွန်လ ၁၁ရက်နေ့နံနက်တွင် ကော့သောင်းမြို့ နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် ကော့သောင်းရဲတပ်ဖွဲ့မှဖမ်းဆီးလိုက်သည်ဟု မြိတ်မြို့မရဲ စခန်းမှစခန်းမှူး ဒုရဲမှူးချိုလွင်က ပြော သည်။ “ဒီကအကြောင်းကြားတော့ဟိုက ဖမ်းလိုက်တာပေါ့။ မနက်ဖြန်မြိတ်ကို ခေါ်လာမယ်” ဟု ၎င်းက ပြောသည်။ မြိတ်မြို့ရှိ သတ္တမတန်းကျောင်းသူတစ်ဦးမှာ ဇွန်လ ၄ ရက်က နေအိမ်၌မူးဝေကာ သတိမေ့လဲကျသည့်အတွက် မြိတ်ကလေးဆေးရုံသို့ တင်ပို့ခဲ့သည်။ အဆိုပါမိန်းကလေးတွင် သားအိမ်ပုပ်ပြီးပြည်တည်နေသဖြင့် ခွဲစိတ်ကုသမှုခံခဲ့ရသည်။ အကြောင်းရင်းကိုမိခင်ကမေးမြန်းရာ ဖခင်ဖြစ်သူမှအဓမ္မပြုကျင့်သည့်အတွက် ယခုလိုဖြစ်ရပြီး ဓမ္မတာမလာသည်မှာလည်း သုံးလခန့်ရှိနေပြီဖြစ်ကြောင်း ပြောဆိုသည့်အတွက် ရဲစ ခန်းတွင်လာရောက်အမှုဖွင့်ခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။ အဆိုပါမိန်းကလေးသည် လွန်ခဲ့သည့်တစ်ပတ်က ကိုယ်ဝန်ပျက်ကျကာ ဆေးရုံသို့ရောက်ရှိလာခြင်းဖြစ်ပြီး အကြောင်းအရင်းကိုမူမသိရှိရကြောင်း […]

ကျွန်းစုတွင် ဘုရားဆင်းတုတော်များကို အိပ်မက်အရ တွေ့ရှိခြင်းမဟုတ်ဟု ကာယကံရှင် မိသားစုဆို

diz_admin

June 15, 2020

ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ကမာချောင်းကျေးရွာတွင် ဇွန်လ ၅ ရက်က အသက် ၆ နှစ်ရှိ ကလေးငယ်၏အိပ်မက်အရ ဘုရားဆင်းတုတော်များ တွေ့ရှိသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်မိသားစုထံမှ သိရသည်။ အဆိုပါ ကလေးငယ်၏အိပ်မက်အရ သွားရောက်ကြည့်ရှုရာ ဘုရားဆင်းတုတော်များ ‌တွေ့ရှိသည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နာတွင် ဇွန်လ ၆ ရက်က မျိုးဆက်ပိုင်အကောင့်နာမည်ဖြင့် ရေးသားခဲ့သည်။ အဆိုပါရေးသားချက်အရ အနီးအနားရှိကျေးရွာများတွင် နေထိုင်သူများက ဆင်းတုတော်များအား လာရောက်ဖူးမြော်လျက်ရှိရာ နေ့စဉ်ဘုရားဖူးသူဦးရေ တစ်ရာဦးဝန်းကျင်ခန့်ရှိနေကြောင်း ကလေးငယ်၏မိခင်ဖြစ်သူ ဒေါ်မီးကင်းက ပြောပြသည်။ “အိပ်မက်ရတာ မဟုတ်ဘူး။ ကြိမ်သီး သွားကောက်စားရင်း တွေ့တာ” ဟု ဒေါ်မီးကင်းက ပြောသည်။ ညီနှမသုံးဦးမှာ ကြိမ်သီးများသွားကောက်စားရာ နေအိမ်၏လမ်းတစ်ဖက်တောင်ပေါ်ရှိ ညောင်ပင်ကပ်ပေါက်ရောက်နေသည့် ပိန္နဲပင်အောက်တွင် လျောင်းတော်မှုဆင်းတုတော် ၁၄ ဆူ တွေ့ရှိသဖြင့် အိမ်သို့ယူဆောင်လာပြီး ပူဇော်ထားခြင်းဖြစ်ကြောင်း […]

ကိုဗစ်ကာလတစ်လျှောက် မြိတ်ဘိုးဘွားရိပ်သာတွင် အလှူရှင် ပြတ်လပ်မှု မရှိ

diz_admin

June 15, 2020

ကိုဗစ်ကာလတစ်လျှောက် မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ တောင်သာယာဘိုးဘွားရိပ်သာတွင် အလှူရှင်များပြတ်လပ်မှုမရှိကြောင်း ယင်းဘိုးဘွားရိပ်သာ တာဝန်ခံတစ်ဦးထံမှ သိရသည်။ တောင်သာယာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် မနက်၊ နေ့လယ်စာနှင့် နေ့ခင်းဘက်တွင် အအေး၊ မုန့် အချိုတို့အား မွေးနေ့နှစ်ပတ်လည်၊ အထိမ်းအမှတ်နှစ်ပတ်လည်ကဲ့သို့ လှူဒါန်းမှုများရှိနေကြောင်း သိရသည်။ “တစ်နှစ်ပတ်လုံး အလှူရှင် ရှိ‌ပါတယ်” ဟု အထက်ပါ ဘိုးဘွားရိပ်သာတာဝန်ခံက ပြောသည်။ တောင်သာယာဘိုးဘွားရိပ်သာတွင် အဘိုး ၁၈ ဦးနှင့် အဖွား ၃၄ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း မြို့နယ်အချို့ရှိ ဘိုးဘွားရိပ်သာတို့တွင် ကိုဗစ်ဂယက်ကြောင့် အလှူရှင်များပြတ်လပ်မှုရှိနေကြောင်း သိရသည်။ မြင့်မိုရ်(မြိတ်)

တိုင်းရင်းသား ရှေ့ဆောင်နာမည် လွတ်လပ်စွာ ရေးထိုးခွင့်ရှိ

diz_admin

June 15, 2020

ကျောင်းအပ်ပါက တိုင်းရင်းသားရှေ့ဆောင်နာမည်များကို ယခင်ကတည်းက လွတ်လပ်စွာ ရေသားခွင့်ပြုထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ စော၊ နော်၊ နန်း၊ ခွန်၊ မင်း၊ မိ၊ နိုင် စသည့် တိုင်းရင်းသားများ၏ ရှေ့ဆောင်နာမည်များကို ထည့်သွင်းရေးမှာ ပညာရေးဝန်ကြီးဌာန၏ အမြဲတမ်းအမိန့်စာထုတ်ပြန်ပြီး ယင်ခင်ကတည်းက ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။ ယင်းအပြင် တိုင်းရင်းသားနာမည်များကို ပြုပြင်ရေးသွင်းကြောင်း သိရှိပါကလည်း ငြင်းဆိုခွင့်ရှိကြောင်း ဒေါ်မြင့်စိန်က ပြောသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဌာနကတော့ သီးသန့်ညွှန်ကြားစာ ထုတ်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက နိုင်ငံသားတိုင်းမှာ အခွင့်အရေး ရှိပြီးသားလေ။ လာအပ်တဲ့သူ သူ့နာမည်အတိုင်းပဲ လက်ခံတယ်။ အဲဒါက အခုမှ မဟုတ်ဘူး။ ဟိုအရင်ကတည်းက ရှိနေ ပြီးသားပါ” ဟု ၎င်းက ဆိုသည်။ မွေးစာရင်းတွင် ကာယကံရှင်များပြောသည့် နာမည်အတိုင်းသာထည့်သွင်းပေးပြီး […]

လောင်းလုံး လူငယ်အုပ်စုလိုက် ရိုက်ပွဲမှ ဖမ်းမိသူများအနက် မူးယစ်တရားခံပြေးတစ်ဦး ပါဝင်နေ

diz_admin

June 15, 2020

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့သည့် လူငယ်အုပ်စုလိုက်ရိုက်ပွဲမှ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ယင်းသုံးဦးအနက် တစ်ဦးမှာ မူးယစ်တရားခံပြေးတစ်ဦးဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။ ဖမ်းမိလူငယ်သုံးဦးအနက်တစ်ဦးမှာ ကိုးတန်းကျောင်းသားအရွယ်ဖြစ်သောကြောင့် ခံဝန်ထိုးခိုင်းကာ မိဘထံပြန်အပ်ပေးခဲ့ပြီး ကျန်လူငယ်တစ်ဦးကိုမူ မော်တော်ယာဉ်ဥပဒေဖြင့်တရားစွဲမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ မူးယစ်တရားခံပြေးတစ်ဦးကိုမူ ထားဝယ်မြို့မရဲစခန်းထံသို့ လွှဲပြောင်းပေးထားကြောင်း ဦးကံထူးက ပြောသည်။ လူငယ်အုပ်စုလိုက်ရိုက်ပွဲသည် အုန်းသီးပုံဖြင့်အလှဆင်ထားသည့် လောင်းလုံးမြို့အဝင်ဆိုင်းဘုတ်အနီးတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။ ယင်းရိုက်ပွဲမှ ထွက်ပြေးသွားသောအဖွဲ့နောက်သို့ အခြားတစ်ဖွဲ့က ဆိုင်ကယ်များဖြင့် နောက်မှ တုတ်၊ သံချောင်း စသည့် လက်နက်တို့ဖြင့် လိုက်လံရိုက်နှက်ခြင်းဖြစ်ပြီး အင်းဇောက်ကျေးရွာအထိ ရောက်သွားခြင်းဖြစ်သည်။ အင်းဇောက်ကျေးရွာအရောက်တွင် အရိုက်ခံနေရသည်ဟု ယူဆရသော ဆိုင်ကယ်တစ်စီး လဲကျသွားခဲ့ပြီးနောက် […]

မွန်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းကျော်

diz_admin

June 15, 2020

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မေလအကုန်ထိ ပြုစုထားသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ အဆိုပါ မဲစာရင်းတွင် မသန်စွမ်းမဲစာရင်းပါဝင်ပြီး တပ်မတော်သားနှင့် အတူနေမိသားစုဝင်တို့၏ မဲစာရင်းများမပါဝင်သေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။ တပ်မတော်သားနှင့် အတူနေမိသားစုဝင်များ မဲစာရင်းကို လက်ရှိတွင် ကောက်ယူနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်တွင်းမဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံ နှင့် ယာယီမဲရုံ ၅ ရုံ ထားရှိရန်လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိ ၁၅ သိန်း ၃ သောင်းကျော် ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အချို့တွင် စားသောက်ကုန်ပြတ်

diz_admin

June 15, 2020

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသရှိ ပြည်သူလူထု ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရန်ခက်ခဲခြင်းကူးစက်ရောဂါကာလကြာလာခြင်းကြောင့် ရေရှည်အတွက် အဓိကစားသောက်ကုန်များပြတ်လပ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတွင် ကျေးရွာပေါင်း ၆၀ ရွာခန့်တွင် လူဦးရေ ၉၀ဝဝဝ နီးပါးရှိသည်။ ယင်းတို့အနက် လူဦးရေ ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီအနေနှင့် ပြည်သူများလိုအပ်နေသည့် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစိုးရထံတင်ပြထားကြောင်း နိုင်ဗညားလယ်က ဆိုသည်။ မွန်ပြည်သစ်ပါတီ ထိန်ချုပ်နယ်မြေဒေသရှိ ပြည်သူများသည် Covid-19 ကူးစက်ရောဂါကိုအန္တရာယ်အပြင် မိုးရာသီကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအန္တရာယ်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရသည့် […]