ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေကြောင်းရဲတပ်ဖွဲ့က လျှောက်ထားသည့် မြေနေရာကို မူလပိုင်ရှင်ဆိုသူ ကန့်ကွက်

diz_admin

June 15, 2020

ထားဝယ်မြို့ ဆန်းချီတိုးချဲ့ကွက်သစ် တိုင်းဥပဒေချုပ်ရုံးကျောဘက်ရှိ မြေနေရာအား ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ထားဝယ်) မှ မြေလွှဲပြောင်းပေးရန် လျှောက်ထားသည့်ကိစ္စကို မူလပိုင်ရှင်ဟုဆိုသူ ဦးသောင်းညွန့်က ဇွန်လ ၁၀ ရက်တွင် ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရသည်။ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စား သောက်လာသည့် မြေနေရာဖြစ်ခြင်း၊ မြို့သစ်စီမံကိန်းကြောင့် ထိခိုက်ခဲ့သည့် ကိစ္စအားဖြေရှင်းရန် အစိုးရမှ စိစစ်ဆောင်ရွက်နေဆဲဖြစ်ခြင်းတို့ကြောင့် ယင်းသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးသောင်းညွန့်၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။ ဦးသောင်းညွန့်အပါအဝင် လျော်ကြေးမရသေးဟုဆိုသည့် လယ်သမား ၃၀ ဦးကို ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မေလမှစတင် ခေါ်ယူစစ်ဆေးလျက်ရှိပြီး ယင်းကိစ္စမှာ ရှင်းရှင်းလင်းလင်း အဖြေမထွက်သေးပေ။ “ငါတို့ကိစ္စက မရှင်းလင်းသေးဘူးဆိုတော့ ကန့်ကွက်ထားရတာပေါ့။ ငါတို့က လျော်ကြေးနစ်နာကြေးတွေလဲ လုံးဝမရသေးဘူးလေ” ဟု ဦးသောင်းညွန့်က ဆိုသည်။ အဆိုပါမြေနေရာတွင် ဦးသောင်ညွန့်၏ ဆွေမျိုးသားချင်း မိသားစုနှစ်ခု နေထိုင်လျက်ရှိပြီး […]

အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကိုလည်း ကိုဗစ်အလွတ်မပေးပါ

diz_admin

June 15, 2020

ကိုဗစ်နိုင်တင်းကြောင့် တစ်နိုင်တစ်ပိုင်အိမ်တွင်း တံမြက်စည်းလုပ်ငန်းငယ်များ ဝင်ငွေထိုးကျနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။ အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကို မြိတ်တစ်ဖက်ကမ်း အိမ်ခြေငါးရာ နီးပါးခန့်ရှိသည့် ပထော်ကျေးရွာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပထော်ကျေးရွာနေထိုင်သူအချို့သည် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ယင်းအပြင် အိမ်တွင်းမိရိုးဖလာ တံမြက်စည်းပြုလုပ်သည့်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် အိမ်ထောင်စု အနည်းဆုံးငါးဆယ်ခန့်ရှိနေကြောင်း ရွာသူရွာသားများထံမှ သိရသည်။ “အဒေါ်တို့ မပေါက်ဖွားခင် မိဘဘိုးဘွားတွေ လက်ထက်ကတည်းက တစ်ရွာလုံးနီးပါးလုပ်လာကြတဲ့ အလုပ်ပေါ့” ဟု အသက် ၆၂ နှစ်ရှိ တံမြက်စည်းလုပ်သူ ဒေါ်သန်းမြင့်က ပြောပြသည်။ ပထော်ရွာမှပြုလုပ်သည့် တံမြက်စည်းများအား မြိတ်ဒေသတွင်း အသုံးပြုသူများသလို မြိတ်ရှိဖောက်သည်များမှ မောတောင်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချနေကြကြောင်း တံမြက်စည်းလုပ်ကိုင်သူများက ပြောပြသည်။ ယခုတော့ ကမ္ဘာ့ကပ်ဘေးကိုဗစ်ကြောင့် ပြည်တွင်းယာဉ်အသွားအလာမရှိတော့ဘဲ အိမ်သုံးပစ္စည်းအရောင်းဆိုင်အချို့လည်း ပိတ်ထားရသည်။ ထိုင်းနိုင်ငံသို့ […]

ထားဝယ်ကမ်းနားဈေးသည်တို့၏ ဒုက္ခ

diz_admin

June 15, 2020

လူကြီးတစ်ဦးလဲလျောင်းနားနေရန်မျှသာ အကျယ်အဝန်းရှိသော ဈေးကားသည် ဦးမြင့်အောင်တို့ မိသားစုအတွက် အိပ်ရာဖြစ်သည်။ ထားဝယ်မြို့ကမ်းနားဈေးရှေ့တွင် သူတို့ကားကို ရပ်ထားသည်။ အဖြူရောင် Hijet ဈေးကားအတွင်း ပန်းရောင်ဇာခြင်ထောင်ထဲမှာ အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မှောက်လျက်သား နှစ်ခြိုက်စွာအိပ်ပျော်နေသည်။ အချိန်က ည ၁၁ နာရီကျော်နေ ပြီလေ။ ဦးမြင့်အောင်တို့မှာ သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာမှ နယ်ဈေးသည်များဖြစ်သည်။ကိုဗစ်ကာလ ညမထွက်ရအမိန့်က ဦးမြင့်အောင်တို့ကဲ့သို့သော နယ်ဈေးသည်တွေအတွက် ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းကုန်လာဝယ်ရန် အခက်အခဲဖြစ်နေသည်။ နံနက် လေးနာရီမှ တက်လာလျှင် ရွာပြန်ဆင်း ဈေးရောင်းမည့်အချိန် မမီတော့ပေ။ ထိုကြောင့် အချိန်မီဈေးရောင်းနိုင်ရန် ဦးမြင့်အောင်က အသက်ကိုးနှစ်အရွယ်သားကြီးကို ဆွေမျိုးတွေထံအပ်၊ ၂ နှစ်အရွယ် သမီးလေးကိုမူ အတူခေါ်ကာ ညနေ ၁၀ နာရီဝန်းကျင်ကတည်းက ကမ်းနားဈေးတွင် လာအိပ်ရသည်။ မိုးရွာလာလျှင် ကားတွင်အဆင်သင့်တပ်ဆင်ပြီးသာ […]

ရေဖြူတွင် မိသားစုဝင်သုံးဦး အသတ်ခံရ

diz_admin

June 15, 2020

ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ် ၂၁ မိုင်အနီးရှိ မီးရထားသံလမ်းကုန်းတွင် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးအသတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ကားလမ်းပေါ် ရထားသံလမ်းဖြတ်သည့်နေရာရှိ နေအိမ်တွင် ဇွန်လ ၁၃ ရက်က အသတ်ခံရကြောင်း ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။ အသက် ၃၀ နှစ်ဝန်းကျင်ခန့် လင်မယားနှစ်ဦးနှင့် အသက် ၁ နှစ်ဝန်းကျင် ရှိ ကလေးတစ်ဦးတို့ သေဆုံးသွားပြီး ညနေ ၄ နာရီမတိုင်မီက အသတ်ခံရသည်ဟု ကနဦးခန့်မှန်းရကြောင်း ရေဖြူမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ မိသားစုထံ ထားဝယ်မြို့နေဆွေမျိုးများက ဖုန်းဆက်ရာမကိုင်သဖြင့် လိုက်လာရာမှ ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရဲအရာရှိက ပြောသည်။ ဆွေမျိုးများက မီးရထားသံလမ်းဘေးရှိ နေအိမ်သို့ ရောက်ရှိချိန်တွင် သော့ခတ်ထားသဖြင့် အနီးရှိကျေးရွာမှလူများကို ခေါ်ပြီးသွားကြည့်ခဲ့သည်ဟု ၎င်းက ဆိုသည်။ “သော့ခတ်ထားလို့ (အမျိုးတွေက) […]

မိဘ/အုပ်ထိန်းသူ တစ်ဦးတည်းသာ ကျောင်း ကြို/ပို့လုပ်ရမည်

diz_admin

June 15, 2020

ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ကျောင်းအကြို/ အပို့ ပြုလုပ်ရာတွင် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးတည်းသာ သီးသန့် ကြို/ပို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောင်းအကြို/အပို့ လုပ်မည့်သူအားလုံးကို စာရင်းကောက်ယူကာ ဖုန်းနံပတ်ယူထားမည်ဖြစ်ပြီး စာရင်းပေးထားသည့် မိဘ သို့မဟုတ် အုပ်ထိန်းသူကသာ ကျောင်းအကြို/အပို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ “တခြားလူရဲ့လာပို့ရင် တစ်ခြား လူကနေ ရောဂါကူးတာတွေ ဖြစ်မှာစိုးလို့၊ နောက်တစ်ခုက ဒီကလေးနဲ့ပက်သက်တဲ့ အကြောင်းအရာကို လာပို့တဲ့သူကိုပဲ ဆက်သွယ်ပြီး ပြောမယ်” ဟု ဒေါ်မြင့်စိန် က ပြောသည်။ ကျောင်းသား၊ မိဘ၊ ဆရာများအနေဖြင့် ကျောင်းသို့ မလာမီ၊ ကျောင်းတက်နေစဉ်နှင့် ကျောင်းလွှတ်ချိန်များတွင် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို […]

ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်ဖြင့် စပါးစိုက်ပျိုးရန်နှိုးဆော်

diz_admin

June 15, 2020

မုတ်သုန်ဝင်ရောက်မှုနောက်ကျပြီး မိုးရွာသွန်းမှုလျော့နည်းနိုင်သည့်အတွက် ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်ဖြင့် စပါးစိုက်ပျိုးကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ အကြံပြု နှိုးဆော်ထားသည်။ ယခုနှစ်တွင် မုတ်သုန်ဝင်ရောက်မှုနောက်ကျပြီး မိုးရွာသွန်းမှု လျော့နည်းနိုင်သဖြင့် စိုက်ပျိုးရေးရေရရှိမှုနည်းပါးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းထားသည်။ယင်းကြောင့် ရာသီဥတုပြောင်းလဲမှု အခြေအနေများပေါ်မူတည်ကာ တုန့်ပြန်ဆောင်ရွက်နိုင်မည့် စိုက်ပျိုးရေးနည်းလမ်းများကိုအသုံးပြုကာ ပြောင်းလဲစိုက်ပျိုးကြရန် နှိုးဆော်ထားသည်။ ရေလိုအပ်ချက်နည်း၍ ဒေသနှင့် ကိုက်ညီသည့် ဈေးကွက်ဝင်သက်တမ်းတို စပါးမျိုး၊ ရေငတ်ဒဏ်ခံနိုင်သည့် စပါးမျိုးများကို စိုက်ပျိုးကြရန် တိုက်ထွန်းထားသည်။ ထို့အပြင် ရေလိုအပ်ချက်နည်းသည့် စိုက်ပျိုးနည်းစနစ်များဖြစ်သည့် သက်နု ကောက်ကွက်ကြဲစနစ်၊ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ်(အခြောက်/အစို)၊ Drum Seeder ဖြင့်စိုက်ပျိုးခြင်း၊ ကြဲခင်း စနစ်များကို လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ ရွေးချယ်အသုံးပြုရန် ထုတ်ပြန်တိုက်ထွန်းထားသည်။ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူကမူ တနင်္သာရီတိုင်းသည် အခြားတိုင်းနှင့်ပြည်နယ်များနှင့်မတူဘဲ မိုးရေချိန်များသည့် […]

ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့

diz_admin

June 15, 2020

ကိုဗစ်ထိန်းချုပ်ရေးဟုဆိုကာ တရားမဝင်ပြန်တော်ပြန်လာသူများကို အရေးယူရေးကိစ္စပြည်ထောင်စု၏ အဖြေမရမမီ ဇွန်လ ၁၄ ရက်နေ့မှစကာ ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသူများကို လက်ခံမည်မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ “အရေးယူမယ့်အပိုင်းကတော့ အစိုးရအဖွဲ့ကိုလည်း တင်ပြရမှာပေါ့နော်” ဟု ၎င်းကပြောသည်။ တရားမဝင်နယ်စပ်ဝင်ပေါက်မှဝင်လာပြီး မြန်မာနိုင်ငံအတွင်းရောက်နှင့်ပြီးသူများကို ပြန်လွှတ်/ မလွှတ်ကိုမူ တိုင်းအစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ နေရပ်ပြန်များပြန်ဝင်လာသည့် အရေးကိစ္စနှင့် ပတ်သက်သည့် ညွှန်ကြားချက်များမှာ မရှင်းလင်းဘဲ ဝိဝါဒကွဲလွဲနေသည့်အတွက် ပြန်လည်တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။ မေလ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့် ဇွန်လ ၁၀ ရက်နေ့တွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေညာချက်တို့က ဒွိဟဖြစ်နေသည့်အတွက် […]

ကုမ္ပဏီ ခြောက်ခုဝင်ပြိုင်သည့် ကော့သောင်းလျှပ်စစ် တင်ဒါဖွင့်

diz_admin

June 8, 2020

ကုမ္ပဏီခြောက်ခု ဝင်ပြိုင်ထားသည့် ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါကို ဇွန်လ ၁ ရက်နေ့က ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ အဆိုပါတင်ဒါကို တိုင်းအတွင်းနှင့် တိုင်းပြင်ပ အခြေစိုက်ကုမ္ပဏီများက ဝင်ပြိုင်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။ တင်ဒါဖွင့်ဖောက်ပြီး ရွေးချယ်ရာတွင် ကုမ္ပဏီ၏ နောက်ခံ (Profile)၊ နည်းပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။ တင်ဒါဖွင့်ဖောက် စစ်ဆေးရာတွင် ကုမ္ပဏီ၏ Profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက် မစစ်ဆေးတော့ကြောင်း ၎င်းက ပြောသည်။ တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာစစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောဆို ထားသည်။ ဝင်ပြိုင်သည့် ကုမ္ပဏီတစ်ခုချင်းအလိုက် တစ်ယူနစ် […]