ဆန္ဒထုတ်ဖော်သူများကို ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက စွဲဆိုထားသည်အမှု စစစ်
diz_admin
June 8, 2020မုဒိန်းမှုကျူးလွန်ရန် အားထုတ်ခဲ့သူကို ကာကွယ်ပေးသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်သူ ၈ ဦးအား ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှု ပထမဆုံး ရုံးချိန်းကို ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် တွင် စစ်ဆေးခဲ့ကြောင်း ယင်းအမှု တရားလို၊ တရားပြိုင်တို့ထံမှ သိရသည်။ အဆိုပါအမှုသည် ညအချိန်မတော် ခုနစ်တန်းကျောင်းသူအရွယ်နှင့် အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တို့ အိပ်နေသည့်နေအိမ်ပေါ်သို့ ရွှေပြည်သာရပ်ကွက် ရာအိမ်မှူးဖြစ်သူက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နှစ်ကြိမ်တိုင်တိုင် တက်ရောက်လာပြီး မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု ယူဆရသည့် ကိစ္စနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးကို တိုင်ကြားသော်လည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးခြင်းမရှိဟုဆိုကာ ဆန္ဒပြရာမှ ဖြစ်လာသည့်အမှု ဖြစ်သည်။ အဆိုပါ မိန်းကလေးငယ်နှစ်ဦး၏ မိခင်တို့က ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအား သွားရောက်တိုင်တန်းခဲ့သော်လည်း […]


