ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်ကာလ ရဲဒုက္ခ

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးဂယက်က လူထု လူတန်းစားအလွှာအားလုံးကို ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။ ယင်းခြိမ်းခြောက်မှုက စိတ်ပိုင်းဆိုင်ရာမလုံခြုံသည့် သောကများဖြစ်ပေါ်စေခြင်းပင် ဖြစ်သည်။ ကပ်ဘေး၏ ခြိမ်းခြောက်မှုက သာမန်ပြည်သူများအပြင် ဥပဒေချိုးဖောက်သည့် လူဆိုးကို ရင်ဆိုင်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များလည်း စိတ်မလုံခြုံမှုများ၊ စိုးရိမ်သောကများ ခံစား ရစေသည်။ကိုရိုနာရောဂါပိုးက နှာချေချောင်းဆိုးခြင်း၊ စကားပြောဆိုခြင်းမှ တစ်ဆင့် ၃ ပေမှ ၆ ပေအထိ ပျံ့နှံနိုင်သည်ဟု ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ ထိုကြောင့် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၃ ပေအကွာမှ ပြောဆိုဆက်ဆံရန် ထုတ်ပြန်ထားသည်။ရဲတပ်ဖွဲ့ဝင်များကမူ အလုပ်တာဝန်အခြေအနေအရ ယင်းညွှန်ကြားချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးချိန်တွင် လုံးထွေးဖမ်းဆီးရခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေရခြင်း၊ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းရခြင်းစသည့် လုပ်ဆောင်ချက်များကို ၃ ပေအကွာမှ လုပ်ဆောင်ရန်မဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ချိန်တွင် […]

စားသောက်ဆိုင်များ ပြန်ဖွင့်ရန် အခက်အခဲရှိနေ

diz_admin

June 8, 2020

အစိုးရ၏ ဖြေလျော့မှုများထဲတွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်ခွင့်ပြုရေးအချက်တစ်ခုအနေဖြင့် ပါဝင်နေသော်လည်း လက်တွေ့တွင်မူ ယင်းဆိုင်များဖွင့်ခွင့်ရရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်အချို့က ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဖွင့်ရမည်ဆိုခြင်းကြောင့် ခက်ခဲနေခြင်း ဖြစ်သည်။ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွင့်ရှိသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မုန့်လက်သုပ်ဆိုင်များ ပြန်ဖွင့်လိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်များကို လုပ်ဆောင်နိုင်ပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း စည်ပင် က ထုတ်ပြန်ထားသည်။ ကိုယ်အပူချိန်တိုင်းစက်တစ်ခု ဝယ်ယူရခြင်း၊ လက်ဆေးဘေစင်ထားရှိပေးခြင်း၊ စားပွဲတွင် ကတ်ထူပြား(သို့) မှန်ဖြင့်ကာထားခြင်းစသည့် အချက်နှစ်ဆယ်ကျော်ကို လိုက်နာနိုင်မှသာလျှင် စာသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ရမည် ဖြစ်သည်။ စားသောက်ဆိုင်ပိုင်ရှင်အချို့ကမူ ယင်းအချက်များအားလုံးကို အတိအကျလိုက်နာမည်ဆိုပါက ငွေကြေးသိန်းချီကုန်ကျမည်ဖြစ်ကြောင်း ပြောဆိုကြသည်။ “အဲဒါတွေက ကုန်ကျစရိတ်က များပြီးတော့ ရောင်းအားက မရှိဘဲဖြစ် နေတာပေါ့။ ဒီလိုမျိုးတပ်ပြီး […]

ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်တန့်

diz_admin

June 8, 2020

အသင့်အတင့် အရောင်းဝယ်ရှိနေသေးသော ထားဝယ်အိမ်ခြံမြေဈေးကွက်မှာ ကိုဗစ်ရောဂါဂယက်စတင် ရိုက်ခတ်ပြီးနောက် လုံးဝနီးပါးအရောင်းအဝယ် မရှိတော့ကြောင်း အိမ်၊ခြံ၊ မြေ၊ အရောင်း၊ အဝယ် ဝန်ဆောင်မူပေးနေသူ အချို့ထံမှ သိရသည်။ လက်ရှိတွင် အိမ်၊ ခြံ၊ မြေ ရောင်းလိုသူများရှိနေသော်လည်း ဝယ်သူမရှိကြောင်း တနင်္သာရီတိုင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မူ အသင်းဝင်တစ်ဦးက ပြောသည်။ “ရောင်းသမားတွေကတော့ ရှိတယ်။ နယ်ဆိုရင်လည်း နယ်အလိုက်၊ မြို့ဆိုရင်လည်း မြို့အလိုက်ပေါ့။ ဒါပေမယ့် ဒီအချိန်မှာ ဘယ်သူက ဝယ်ကြမှာလည်း။ ဝယ်မယ့်သူတွေကတော့ မေးတာပဲရှိတယ်။ ငွေပို၊ ငွေလျှံများတဲ့သူမှပဲ ဈေးချောင်တာဝယ်မယ် ဆိုတာလောက်ပဲ ရှိတယ်။ အဲတာကလည်း အရမ်းနည်းပါတယ်” ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါ ဂယက်ရိုက်ခတ်ပြီးသည့်ကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ် တစ်ကြိမ်မျှမဖြစ်သေးကြောင်း အခြားအသင်းဝင်တစ်ဦးကလည်း ပြောသည်။ […]

နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းခွင့်ပြု

diz_admin

June 8, 2020

တည်ဆဲဥပဒေအရ ကန့်သတ်ထားသည့် နိုင်ငံခြားအရက်များကို ပြည်ပမှ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့ တွက် ထုတ်ပြန်ကြေညာလိုက်သည်။ အရည်အသွေးအာမခံနိုင်သော ကုန်ပစ္စည်းများ ရောင်းချနိုင်ရန်၊ တရားမဝင် တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန်၊ ပြည်တွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် နိုင်ငံတော်အတွက် အခွန်အခများအပြည့်အဝရရှိစေရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံခြား အရက်၊ ဘီယာ၊ စီးကရက်ကို တည်ဆဲဥပဒေအရ ကန့်သတ်ထားသည့် ပစ္စည်းများအနက် အရက်ကိုလိုင်စင်ဖြင့် တရားဝင်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဝင်းထွန်းက ပြောသည်။ ပြည်ပမှအရက်ကို ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်လေဆိပ်တို့မှသာ တင်သွင်းခွင့်ပြုထားသည်။ “နယ်စပ်စခန်းတွေဖြစ်တဲ့ ထီးခီးတို့ မောတောင်တို့ စခန်းတွေကနေ တင်သွင်းခွင့်က ခုလောလောဆယ်တော့ မပါသေးဘူး၊ တဖြည်းဖြည်းချင်းတော့ တင်သွင်းခွင့်ပြုမယ်နဲ့ တူတယ်” ဟု […]

မြိတ်-ရန်ကုန် ခရီးသည်ယာဉ်လိုင်း စဖွင့်

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးကြောင့် နှစ်လအကြာရပ်နားထားရသည့် မြိတ်နှင့် ရန်ကုန် ခရီးသည်ယာဉ်လိုင်းများအား လူတစ်ဦးလျှင် ထိုင်ခုံနှစ်လုံးစနစ်ဖြင့် စတင်သွားလာခွင့်ပြုလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းအသင်းများထံမှ သိရသည်။ မြိတ်နှင့် ရန်ကုန်အပါအဝင်မြို့ကြီးများသို့ ခရီးသည်များပို့ဆောင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇွန်လ ၅ ရက်နေ့မှ စတင်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း ယာဉ်လိုင်းအသင်းတာဝန်ခံများက ပြောသည်။ ယာဉ်ပြေးဆွဲရာတွင် ခရီးသည် ၄၅ဦးဆန့်သည့် ယာဉ်တစ်စီးလျှင်၂၂ ဦးဖြင့် ထက်ဝက်သာ တင်ဆောင်ခွင့်ပြုထားကြောင်း ရွှေဝယ်သူဂိတ်မှူး ကိုပြည့်စုံအောင်က ပြောသည်။ “ထိုင်ခုံနှစ်လုံး လူတစ်ယောက်နှုန်းနဲ့သာ တင်ဆောင်ခွင့်ပြုထားပါတယ်” ဟု ၎င်းကပြောသည်။ယင်းအတွက် ယခင်ကမြိတ်မှ ရန်ကုန်သို့ လက်မှတ်တစ်စောင် ၂၃၅၀ဝ ကျပ် ကျသင့်ရာမှ ယခုအခါ ၃၃၅၀ဝ ကျပ်သို့ တိုးမြှင့်ရောင်းချရန်ခွင့်ပြုထားသည်ဟု ကိုပြည့်စုံအောင်က ပြောပြသည်။ “ခရီးသည်တွေက ဈေးနှုန်းပိုသွားတဲ့ အပေါ် စောဒက မတက်ကြပါဘူး။ သူတို့လည်း ဒီအခြေအနေကိုနားလည်ကြတယ်” ဟု […]

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ၆၆(ဃ)ဖြင့် တရားစွဲထားသည့်အမှု ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဟုဆို

diz_admin

June 8, 2020

မြိတ်ခရိုင် တနင်္သာရီမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန်သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည်ဆိုသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုမှာ ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဆဲဖြစ်ကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။ အဆိုပါအမှုကို စတင်တရားစွဲဆိုထားသည်မှာ သုံးလကျော်ကြာပြီ ဖြစ်သည်။ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားသည့် တရားစွဲဆိုခံထားရသူ၏ ဖုန်းစစ်ဆေးချက်များအား ပြီးခဲ့သည့်ရက်ပိုင်းက ရရှိသည့်အတွက် ဥပဒေအကြုံပြုချက် တောင်းရန်စီစဉ်နေကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းမှတာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ ဥပဒေအကြုံပြုချက်တောင်းပြီးနောက် တရားရုံး၌ တရားစွဲဆိုခွင့်ပြုချက်ရရှိစေရန်အတွက် သက်ဆိုင်ရာဌာနအဆင့်ဆင့်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်သောကြောင့် တရားစွဲဆိုခွင့်ပြုချက်ရမည့် အချိန်အားအတိအကျပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်က ပြောပြသည်။ “ပြောလို့‌တော့ မရဘူး၊ အဆင့်ဆင့် တင်ရတာကိုး” ဟု အထက်ပါ တာဝန်ရှိရဲတပ်ဖွဲ့ဝင် ပြောသည်။ အဆိုပါအမှုအား ပြီးခဲ့သည့် […]

တိုင်းလွှတ်တော်က မြေယာ အငြင်းပွားမှု စောင့်ကြည့်ရေး အဖွဲ့တစ်ခု အသစ်ဖွဲ့စည်း

diz_admin

June 8, 2020

တနင်္သာရီတိုင်းလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်ရေးအဖွဲ့ တစ်ခုကို ဇွန်လ ၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။ ယင်းအဖွဲ့ကို ကျွန်းစုမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ဥက္ကဋ္ဌအဖြင့် တာဝန်ယူမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်သုံးဦးအပါအဝင် စုစုပေါင်းအဖွဲ့ဝင်ကိုးဦး ပါဝင်မည်ဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် ထားဝယ်ခရိုင်အတွက် ဦးသန်းဝင်း၊ မြိတ်ခရိုင်အတွက် ဦးမိုးသူအောင်၊ ကော့သောင်းအတွက် ဦးကျော်ထင်တို့ကို ထည့်သွင်းဖွဲ့စည်းထားသည်။ ယင်းအဖွဲ့သည် တိုင်းအစိုးရက မြေယာအငြင်းပွားမှု အခြေအနေများကို မူဝါဒနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေခြင်း ရှိ/မရှိ တို့ကို စောင့်ကြည့်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ယင်းအပြင် တိုင်းလွှတ်တော်ထံ တိုင်ကြားထားသည့် မြေယာကိစ္စများကိုလည်း ယင်းအဖွဲ့က စိစစ်ကာ တွေ့ရှိချက်များကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် တိုင်းအစိုးရထံ ပေးပို့မည်ဖြစ်သည်။ မြေယာကိစ္စနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ထံ တိုင်ကြားစာ မည်မျှရှိသည်၊ […]

ကညနရုံး ပြန်ဖွင့်ပြီ၊ ကိုဗစ်ကာလ ယာဉ်လိုင်စင်နှင့် မောင်းလိုင်စင် သက်တမ်းလွန်က ဒဏ်ကြေးဆောင်ရန် မလို

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးကြောင့် ကညန ဌာန၏လုပ်ငန်းများ ယာယီရပ်နားထားရာမှ ဇွန်လ ၈ ရက်နေ့တွင် ပြန်ဖွင့်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ထိုသို့ ပြန်ဖွင့်ချိန်တွင် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကိုသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလုပ်ငန်းများ မပါဝင်သေးကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူးဦးထင်ပေါ်က ဆိုသည်။ ကိုဗစ်ကပ်ဘေးကာလတွင် လူစုလူဝေးဖြစ်စေနိုင်သည့် ယာဉ်မောင်းလိုင်စင်အသစ်လုပ်ခြင်းနှင့် ဆိုင်ကယ်အတွက် ဒေသလိုင်စင်ထုတ်ပေးခြင်းများ မပါဝင်သေးကြောင်း ၎င်းကပြောသည်။ ကညနလုပ်ငန်းများပြန်စချိန်တွင် ယာဉ်သက်တမ်းတိုးသူနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးသူများကို တစ်ကြိမ်လျှင် ၁၀ ဦးစီ အလှည့်ကျလုပ်စေသည့်စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးထင်ပေါ်က ဆိုသည်။ “(ရုံး) ထိပ်ကနေတစ်ဆင့် အဖျားတိုင်းတာတို့ လက်ဆေးခိုင်းတာတို့လုပ်ပြီး ဆယ်ယောက်ဝင်လုပ်၊ လုပ်စရာ ပြီးသွားလို့ရှိရင် ပြန်ထွက်ပေါ့” ဟု ဦးထင်ပေါ်က ပြောသည်။ လုပ်ငန်းလုပ်ရာတွင်လည်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာအဝေးနေစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ […]