တနင်္သာရီတိုင်း ကိုဗစ်ရောဂါ ကင်းစင်ပြီ
diz_admin
June 8, 2020ထားဝယ်မြို့တွင် တစ်ဦးတည်း သော ပိုးတွေ့ လူနာအမှတ် (၁၈၅) ကို ဇွန်လ ၆ ရက်တွင် ဆေးရုံက ဆင်းခွင့် ပြုလိုက်ပြီဖြစ်သောကြောင့် လတ်တ လော တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။ ယင်းလူနာတွင် ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန က ကြေညာပြီး နောက်ထပ်နှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သဖြင့် ဆေးရုံက ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွေးမြစိုးက ပြောသည်။ “တနင်္သာရီတိုင်းက အရောင်ပြောင်း သွားတာပေါ့လေ”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဆေးရုံက ဆင်းခွင့်ပြုလိုက်သော လူနာအမှတ် ၁၈၅ သည် အမှတ်(၃) အထက်တန်းကျောင်းတွင် […]


