ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုယ်စားလှယ်လောင်းရွေးပွဲ NLD ပါတီတွင်း ပြင်းထန်နိုင်

diz_admin

June 15, 2020

လာမည့်ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို ကြိုတင်ခေါ်ယူပြီး လျာထားနေ ကြပြီဖြစ်သည်။ လက်ရှိ အာဏာရပါတီဖြစ်သည့် NLD လည်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာခေါ်ယူနေပြီ ဖြစ်သည်။ ကိုယ်စားလှယ်လောင်းလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကိုမူ မြို့နယ်အလိုက် ကွဲပြားမှု အနည်းငယ်ရှိသည်။ မြို့နယ်အသီးသီး၏ ကိုယ်စားလှယ် လောင်းလျှောက်လွှာများကို ဇွန်လ ၁၅ ရက်နေ့တွင် တိုင်းအလုပ်အမှုဆောင်အဖွဲ့ ထံတင်ပြရန် ညွှန်ကြားထားကြောင်း တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်က ဆိုသည်။ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်ထားခွင့်ကို ရပ်ကျေးအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားသည့်အတွက် လျှောက်ထားသူများပြီး ပါတီအတွင်း ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ဟု ၎င်းက ပြောသည်။ ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို မည်ကဲ့သို့ရွေးချယ်မည်၊ မည်ကဲ့သို့ ဆက်လုပ်မည်ကို တနင်္သာရီအပတ်စဉ်က တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးကို မေးမြန်းထားသည်။ ယင်းအပြင် တိုင်းအလုပ်အမှုဆောင်အဖွဲ့အတွင်း လစ်လပ်နေသည့် တိုင်း ဥက္ကဋ္ဌ၊ […]

တက္ကသိုလ်တွေ ပြန်ဖွင့်တော့မလား

diz_admin

June 15, 2020

တက္ကသိုလ်များ၏ ဒုတိယနှစ်ဝက် ပုံမှန်ကျောင်းဖွင့်ရက်မှာ ဇွန်လ ၁ ရက် ဖြစ်သော်လည်း တက္ကသိုလ်အတွင်းမှာတော့ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများသာရှိနေပြီး ကျောင်းသူ၊ ကျောင်းသားများ ရှိမနေကြသေးပေ။ တက္ကသိုလ်နေ့သင်တန်းများ၊ အဝေးသင်သင်တန်းများ ပြန်ဖွင့်မည့်အချိန်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက တစ်စုံတစ်ရာညွှန်ကြားလာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။သို့သော်လည်း တက္ကသိုလ်များ၏ လုပ်ငန်းစဉ်အချို့မှာ စတင်အသက်ဝင် လှုပ်ရှားလာနေပြီ ဖြစ်သည်။ ထားဝယ်တက္ကသိုလ်တွင် ပထမနှစ်ဝက် အဖြေလွှာများကို ဇွန်လ ပထမအပတ်မှ စတင်လုပ်ဆောင်နေပြီး ထားဝယ်အဝေးသင်ဌာနတွင်လည်း ဘွဲ့ထောက်ခံစာများ စထုတ်ပေးလျက် ရှိသည်။ အဝေးသင်ပညာရေးကို အွန်လိုင်းမှ သင်ကြားရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသော်လည်း လက်တွေ့သင်တန်းများရှိသည့် သိပ္ပံတွဲဘာသာရပ်များအတွက်မူ အွန်လိုင်းစနစ်မှာ စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထား သည်။ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) တွင်လည်း ကျောင်းမဖွင့်မီ ကွန်ပျူတာပညာရပ်ဆိုင်ရာ ရက်တိုသင်တန်းပို့ချရန် စီစဉ်နေကြောင်း […]

မြန်မာဘောလုံး အကယ်ဒမီနည်းပြ သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံး

diz_admin

June 15, 2020

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)တွင် နည်းပြတာဝန် ထမ်းဆောင်နေသည့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးအေးဆန်းသည် ဇွန်လ ၁၂ ရက်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ဦးအေးဆန်း၏ သေဆုံးမှုနှင့်ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ်ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။ ထားဝယ်သို့အလည်လာစဉ် သရက်ချောင်းရေတံခွန်တွင် ၎င်းနှင့်အတူပါလာသူများနှင့်အတူ ရေကူးရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “သူတို့ ခန့်မှန်းတာကတော့ ရေကူးရင်းနဲ့ ကြွက်တက်သွားပြီး သေတာဖြစ်နိုင်တယ်လို့ ပြောတယ်” ဟု သရက်ချောင်းဆေးရုံသို့ လိုက်လံကြည့်ရှုခဲ့သူ အထက်ပါအမျိုးသားက ပြောသည်။ ဖြစ်စဉ်မှာ ၅ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး ၅ နာရီ ၄၅ မိနစ်ခန့်မှ အလောင်းကို ရှာတွေ့ခဲ့သည်ဟု ၎င်းက ပြောသည်။ မိုးမြင့်

နယ်စပ်ဒေသလူငယ်ဖွံ့ ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားလေးဆယ်ခန့် လက်ခံရန် လျာထား

diz_admin

June 15, 2020

ထားဝယ်မြို့ ကြက်စားပြင်တွင် အသစ်ဆောက်လုပ်ထားသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသား ၄၀ ဦးခန့် လက်ခံရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ကျောင်းသား ၁၆၀ ဦးခန့် လက်ခံရန်လျာထားသော်လည်း ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ကာ ယခု နှစ်တွင် ပဉ္စမတန်းကျောင်းသား ၂၀ ဦး နှင့် ဆဋ္ဌမတန်းကျောင်းသား ကျောင်သား ၂၀ ဦးခန့်ကို စတင်လက်ခံရန်လျာထားသည်ဟု အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းတန်က ပြောသည်။ “ရုံးချုပ်ကို ခွင့်ပြုချက်တင်ထား ပြီးပြီ။ ရုံးချုပ်က ခွင့်ပြုချက်ရတာနဲ့ ဖွင့်ဖို့ စီစဉ်မှာပါ၊ ခုချိန်ထိတော့ ညွှန်ကြားချက် မလာသေးဘူး” ဦးသောင်းတန်က ပြောသည်။ တိုင်းအတွင်း ဒေသအသီးသီးမှ မိဘနှစ်ပါးလုံး မရှိသူ၊ အမိမဲ့၊ အဖမဲ့၊ မိဘနှစ်ပါးလုံးရှိသော်လည်း […]

ရေထဲပြုတ်ကျသည့် ကျောင်းသားအလောင်း သုံးရက်ကြာမှ ပြန်တွေ့

diz_admin

June 15, 2020

ရေထဲပြုတ်ကျခဲ့သည့် ရူပဗေဒဒုတိယနှစ်ကျောင်းသား၏ ရုပ်အလောင်းအား သုံးရက်အကြာ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းကောင်းကဏန်း မွေးမြူရေးကန်အနီးတွင် ပြန်လည်တွေ့ ရှိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မြိတ်မြို့နောက်လယ်ရပ် အမှတ် ၁ ဆိပ်ခံဘောတံတားတွင် ဇွန်လ ၉ ရက် နေ့ ည ၈ နာရီအချိန်ခန့်က ရေထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းနှင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတို့မှ သိရသည်။ ဘောတံတားရှိ လှေတစ်စီးပေါ်မှ အခြားတစ်စီးပေါ်သို့ ခုန်ကူးရာတွင် ခြေထောက်ချော်ပြီး ရေထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ရေထဲသို့ ပြုတ်ကျစဉ် အတူပါလာသည့် သူငယ်ချင်းဖြစ်သူက ဆယ်ယူခဲ့သော်လည်း ရေစီးအားဖြင့် မျောပါသွားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်ရန်ပြင်

diz_admin

June 15, 2020

တိုင်းအတွင်းရှိ ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်းထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် တောင်းယူထားသည့် လူဦးရေစာရင်းကို ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ နေ့စားလပေး ခန့်ထားသည့် ရုံးဝန်ထမ်းများ၏ လက်ရှိ လူဦးရေစာရင်း၊ အလုပ်ထွက်သွားသူ ဦးရေစာရင်း၊ ကျန်ရှိသည့် လူဦးရေစာရင်းနှင့် ဧပြီလထိ လစာထုတ်သူစာရင်း စသည့်အချက်အလက်များကို ရုံးချုပ်မှ တောင်းခံသဖြင့် စာရင်းပြုစုကာ ပေးပို့ထားပြီးဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ “ဒါပေမယ့် မကြာမီလာမည် မျှော် ပေါ့” ဟု ဒေါ်မြင့်စိန်က ဆိုသည်။ပညာရေးဌာနတွင် နေ့စားလပေးအဖြစ် ရုံးစာရေး၊ ရုံးအကူ၊ သိပ္ပံအကူ၊ သန့်ရှင်းရေး၊ ညစောင့်တာဝန်များ ထမ်းဆောင်နေသည့် နေ့စားလပေးရုံး ဝန်ထမ်း ၁၉၀ ဦးခန့်ကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေါ်မြင့်စိန်က ပြောသည်။ အခြေခံပညာ […]

ပါချန်မြစ်ဝှမ်းတွင် ကဏန်း၊ ခရု မျိုးစိုက်ထည့်

diz_admin

June 15, 2020

ကော့သောင်းမြို့ ပါချန်မြစ်ဝှမ်းနေရာများတွင် ကဏန်း၊ ခရုနှင့် ကျောက်ပုစွန်များ မျိုးစိုက်မှု ဇွန်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။ ကဏန်း ၁၂၀ဝ ကောင်၊ ဂျင်းခရု ၁၅၀ဝဝ၊ ခရုအိုးစုပ် ၂၅၀ဝ၀ ခန့်၊ ကျောက်ပုစွန်ကြီး ၅ ကောင်တို့ မျိုးစိုက်မှုပြုလုပ်ခဲ့ကြောင်း ဦးသန့်ဇင်က ပြောသည်။ “မျိုးထိန်းဖို့ပါပဲ။ မျိုးတွေက ကော့သောင်းနယ်မှာ နည်းနေတာလေ။ မျိုးထိန်း မျိုးစိုက်တဲ့ သဘောပါ” ဟု ဦးသန့်ဇင်က ပြောသည်။ ၎င်းမျိုးများမှာ မြိတ်နှင့်ကျွန်းစု ဘုတ်ပြင်းဘက်မှ ဒေသထွက်မျိုးစိတ်များဖြစ်ပြီး ပြီးခဲ့သည့် မေလတွင်လည်း ယင်းသို့မျိုးစိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း ၎င်းက ပြောသည်။ ယခင်က ယခုကဲ့သို့ မျိုးရင်းစိုက်ခြင်းမျိုးမကြားဖူးဘဲ ယခုကဲ့သို့ မျိုးရင်းစိုက်ပျိုးလာသည်ကို ကြိုဆိုပြီး ပါချန်မြစ်တစ်လျှောက် မြန်မာဘက်ခြမ်းမှ […]

ကိုဗစ်ကာကွယ်ရေး ငါးစားသုံးပေး

diz_admin

June 15, 2020

ကော့သောင်းမြို့ ၁၀ မိုင်ရွာနှင့် တာညုံပါဒရွာများတွင် ကိုဗစ်ရောဂါကာကွယ်ရေး ငါးစားသုံးပေးကြရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ပညာပေးဆိုင်းဘုတ်ထူ ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။ ဇွန်လ ၁၂ ရက်နေ့တွင် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “ပင်လယ်ငါး စားသုံးခြင်းနဲ့တကွ ခံနိုင်ရည် ရှိတယ်ပေါ့လေ။ ကိုယ်ခံအား ကောင်းတယ်ပေါ့” ဟု ဦးသန့်ဇင်က ပြောသည်။ တာညုံပါဒရွာသည် ကမ်းနီးရေ လုပ်သားများနေထိုင်သည့် ပင်လယ်ကမ်းရွာ ဖြစ်သည်။