ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် မသန်စွမ်းအား မုဒိမ်းကျင့်ရန် အားထုတ်သူကို ဖမ်းဆီး

diz_admin

January 6, 2020

မြိတ်မြို့တွင် မသန်စွမ်းသည့် စိတ် ဝေဒနာရှင်အား မုဒိမ်းကျင့်ရန် အားထုတ် ခဲ့သည်ဆိုသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စုနေ အသက် ၅၂ နှစ်အရွယ်ရှိ မသန်စွမ်း အမျိုးသမီးကို ဒီဇင်ဘာလ၂၈ ရက်က အိမ်နီးချင်း အမျိုးသားက မုဒိမ်းကျင့်ရန် ကြံစည် ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အထက်ပါအမျိုးသမီးက ရေတွင်း တွင် ရေချိုးရန် ပြင်ဆင်နေစဉ် ရေတွင်း နှင့် ပေ ၃၀ ခန့်အကွာ နေအိမ်တွင် နေထိုင် သည့် အဆိုပါ အမျိုးသားက ရေတွင်း အနီးရှိ ကောက်ရိုးသိုလှောင်ထားသည့် တဲအတွင်း မုဒိမ်းကျင့်ရန် ကြံစည်နေ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ […]

လာမည့်ဘဏ္ဍာနှစ်တွင် မြေပုံတွင်သာ လမ်းရှိပြီး မြေပြင်တွင် မရှိသေးသည့် လမ်းများကို ဦးစားပေး ခင်းမည်

diz_admin

January 6, 2020

လာမည့်ဘဏ္ဍာနှစ်တွင် ထားဝယ် မြို့သစ်အတွင်း မြေပုံစာရွက်ပေါ်တွင်သာ လမ်းရှိပြီး မြေပြင်တွင် လမ်းမဖြစ်သေး သည့် လမ်းများကို ဦးစားပေးခင်းမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။ မြို့သစ်ဧရိယာအတွင်း လမ်းနေရာ ရှိပြီး လမ်းမဖြစ်သေးသည့် လမ်း ၅ လမ်းခန့်ရှိပြီး လမ်းအင်္ဂါရပ်နှင့် မညီ သည့် လမ်းအရေအတွက် ၂၀ ကျော် ရှိကြောင်း မြိုနယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆိုပါ လမ်းများကို ဦးစားပေးပြီး ကျောက်ရော မြေခင်းရန် ကွင်းဆင်းထားပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် အဆိုပါလမ်းများ၌ လူနေအိမ်များလည်း ဆောက်လုပ်နေထိုင်နေကြပြီးဖြစ်သည့် အတွက် အရေးပေါ် ကားများ ဝင်ထွက်နိုင်သည့်အဆင့်ထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကျော် ကျော်ဦးက […]

မောင်းမကန် DDPC ဟိုတယ်ဇုန် အတွင်း ဈေးဆိုင်ဖွင့်မည်

diz_admin

January 6, 2020

ထားဝယ်ဒေသတွင် ခရီးသွား လည်ပတ်မှုအများဆုံး ကမ်းခြေတစ်ခု ဖြစ်သော မောင်းမကန်ကမ်းခြေရှိ DDPC ဟိုတယ်ဇုန်အတွင်း ဈေးဆိုင်ခန်း ရောင်းချလိုပါက အဆိုပြုလွှာဖြင့် လျှောက်ထား နိုင်ကြောင်း DDPC ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။ ဟိုတယ်ဇုန်အတွင်းရှိ ကမ်းခြေ အနီးတွင် ဆိုင်ခန်းပေါင်း ၁၄၀ ဆောက် လုပ်မည်ဖြစ်ပြီး မောင်းမကန်ဒေသတွင် နေထိုင်သူများကို အခမဲ့ငှားရမ်းပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ခန်းငှားရန် အဆိုပြုလွှာများကို မောင်းမကန်ကျေးရွာရှိ ရွှေရည်လင်း ရတနာဆိုင်တွင် ရယူနိုင်ပြီး ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားကာ ယင်းဆိုင် တွင်ပင် အဆိုပြုလွှာကို ပြန်တင်ရမည် ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။ ဆိုင်ခန်းငှားရာတွင် ရေအသုံးပြုခ၊ လျှပ်စစ်မီးအသုံးပြုခကိုသာ ကောက်ခံမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခ […]

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆု အများဆုံးရ

diz_admin

January 6, 2020

တိုင်းနှင့်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆုအများဆုံးဖြင့် ဗိုလ်စွဲ ခဲ့ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ရွှေ ၁၄ ခု၊ ငွေ ၂ ခု၊ ကြေး ၄ ခုရရှိခဲ့သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ဧရာ၀တီတိုင်းအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲကာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း ကျောင်းသားအားကစား အဖွဲ့ခေါင်းဆောင် ဦးဝင်းနောင်က ပြောသည်။ သို့သော် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများတွင်မူ ဆုမရရှိခဲ့ကြောင်း ဦးဝင်းနောင်က ပြောသည်။ တိုင်းနှင့်ပြည်နယ် ၁၅ ခုတွင် တနင်္သာရီတိုင်းက ရွှေ ၁၅ ခု၊ ငွေ ၂ ခု၊ ကြေး ၄ […]

ကျောင်းကားဝယ်ရန် တရုတ်နှင့် ဂျပန်ကို ကူညီတောင်းထားသော်လည်း အကြောင်းမပြန်သေး

diz_admin

January 6, 2020

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကားကြုံဖြင့်ကျောင်းတက်နေရသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကား ဝယ်ယူရန် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်နှင့် ဂျပန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး တို့အား ကူညီတောင်းထားသော်လည်း ယနေ့အထိ အကြောင်းမပြန်သေးကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် နှင့် ဂျပန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် လောင်းတို့ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက ထားဝယ်မြို့ကို သီးခြားစီ လာရောက် လည်ပတ်ခဲ့စဉ် ကျောင်းကားဝယ်ယူ မည့်ကိစ္စ ကူညီပေးရန် အဆိုပြုလွှာ ရေးပေးလိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ ဝင် လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ပြောသည်။ သို့သော် လက်ရှိအချိန်အထိ ယင်း ကိစ္စကို နှစ်ဘက်စလုံးက တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်းမရှိဘဲ လမ်းစ ပျောက်နေကြောင်း ဦးဟိုပင်က ပြောသည်။ “အခုက […]

မြို့နယ်ငါးခုတွင် နေ့စားလပေး မူလတန်းပြ ဆရာ/မ သုံးရာခန့်မည်

diz_admin

January 6, 2020

မြို့နယ်ငါးခုရှိ အခြေခံပညာ ကျောင်းများတွင် ဆရာလိုအပ်ချက်အရ သင်ကြားရေးအထောက် အကူပြု မူလ တန်းပြ ဆရာ၊ ဆရာမ သုံးရာအား နေ့စားလပေးအဖြစ် ခန့်အပ်သွားမည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် မြို့နယ်ငါးခုရှိ အခြေခံပညာကျောင်းများတွင် ခန့်အပ် သွားမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “အခုတို့ခန့်တဲ့ကျောင်းတွေသည် ဝေးလံတဲ့ကျောင်းတွေ များတယ်”ဟု ဒေါ်မြင့်စိန်က ဆိုသည်။ ယခုခန့်သည့် နေ့စားလပေး ဆရာ၊ ဆရာမများသည် တာဝန်ကျသည့် ကျောင်းတွင် မူလတန်းပြဆရာအဖြစ် အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်ပေး ရမည်ဖြစ်ပြီး နေ့စားလပေးအဖြစ်သာ တစ်သက်လုံးခန့်အပ်မည်ဖြစ်ပြီး အမြဲ တမ်းဝန်ထမ်းအဖြစ် ခန့်အပ်မည်မဟုတ် ကြောင်း ၎င်းက ပြောသည်။ […]

ဆရာမ ဝန်ထမ်းအိမ်ရာ အလုံးနှစ်ရာကျော် ဆောက်မည်

diz_admin

January 6, 2020

လက်ရှိဘဏ္ဍာနှစ်တွင် ဆရာ၊ ဆရာမ များနေထိုင်ရန် ဝန်ထမ်းအိမ်ရာအလုံးရေ နှစ်ရာကျော် ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနထံမှ သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာ ၂၁၆ လုံးအတွက် တိုင်းအစိုးရအဖွဲ့ရုံး၏ အသုံးစရိတ်မှ ကျပ်သန်း ၄၃၂၀ အသုံးပြုမည်ဖြစ် ကြောင်း ယင်းဌာနက ထုတ်ပြန်သည့် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်များအရ သိရသည်။ အဆိုပါ ဝန်ထမ်းအိမ်ရာများကို မြို့နှင့် အလှမ်းဝေးသည့် ကျေးလက် ဒေသများတွင် ဆောက်လုပ်မည်ဖြစ် ကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုက ဆိုသည်။ အဆိုပါဒေသများတွင် တာဝန်ကျ နေသည့် ဆရာမများက ရပ်ရွာအတွင်းရှိ အခြားမိသားစုနေအိမ်များတွင် နေထိုင် ကြရသည့်အတွက် ကျေးလက်ဒေသ များကို ဦးစားပေးခြင်းဖြစ်ကြောင်း ၎င်းက […]

အစုအဖွဲ့ပိုင်သစ်တော ဧကခြောက်ရာကျော် ခွင့်ပြု

diz_admin

January 6, 2020

သရက်ချောင်းမြို့နယ်တွင် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တော(CF) လုပ်ကိုင်ရန် ဒေသခံပြည်သူအစုအဖွဲ့ နှစ်ဖွဲ့အား သစ်တောဧက ခြောက်ရာကျော် ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ခွင့်ပြုပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် ကျောက်ဆည်ကျေးရွာတွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာ ၂၄၀ ဧကနှင့် ပိတောက်ငယ်ကျေးရွာတွင် ဧရိယာ ၂၄၈ ဧကကို ခွင့်ပြုပေးခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောသည်။ သစ်တောများကို ဌာနမှ ဝန်ထမ်း အင်အားဖြင့် ထိန်းသိမ်းခြင်းထက် ဒေသခံ ပြည်သူကိုယ်တိုင် အစုအဖွဲ့များဖြင့် သစ်တောထိန်းသိမ်းခြင်းက ပိုမိုထိ ရောက်သဖြင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ဦးမောင်မောင်အေးက ပြောသည်။ အစုအဖွဲ့ပိုင်သစ်တောဆိုသည်မှာ သစ်ပင်ပေါက်ရောက်မှုနည်းသည့်နေရာ နှင့် သစ်တောပြုန်းတီးနေသည့်နေရာ […]