မဟာချိုင်တွင် မြန်မာလုပ်သား ၄၀၀နီးပါး အလုပ်ထုတ်ခံရ
Dawei Watch
June 26, 2025ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ကလေးအသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံက မြန်မာလုပ်သား ၄၀၀ နီးပါးကို အလုပ်ထုတ်ခံရကြောင်း ကာယကံရှင် အလုပ်သမားအချို့ထံမှ သိရသည်။ ထိုင်းယူနစ်ဒေသရှိ ZENITH INFANT PRODUCTS ကုမ္ပဏီပိုင် အထက်ပါစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၄၀၀ နီးပါးကို ဇွန်လ ၂၄ ရက်က အလုပ်ထုတ်ခဲ့ကြောင်း အလုပ်ထုတ်ခံရသည့် အလုပ်သမားအချို့က ဆိုသည်။ အလုပ်ထုတ်ခံရသည့် အလုပ်သမားတစ်ဦးလျှင် ဘတ်သုံးသောင်းစီ အလုပ်ထုတ်လျော်ကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုများလာခြင်းနှင့် ထိုင်း-ကမ္ဘောဒီယားနယ်စပ်တွင် အငြင်းပွားမှုပြဿနာများကြောင့် စက်ရုံတွင် အမှာအော်ဒါနည်းပါးလာသည်ဟုဆိုကာ စက်ရုံဘက်က အလုပ်ထုတ်ခဲ့သည်ဟုသိရကြောင်း ကာယကံရှင် အလုပ်သမတစ်ဦးက ပြောဆိုသည်။ “သူတို့ဘက်က အလုပ်ထုတ်တယ်ဆိုတော့ လျော်ကြေးရတယ်ဆိုပေမယ့် သူတို့ဆီမှာ အလုပ်စဝင်တုန်းက အလုပ်စမတ်ခက တစ်သောင်းကျော်တယ်။ အခုလည်း […]


