BREAKING
October 24, 2025

သတင်း

မြိတ်နှင့်တနင်္သာရီမြို့သို့ ရေချိုပေးဝေမည့် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာသန်း ၇၀ ခန့် ရှိမည်

diz_admin

February 11, 2020

တနင်္သာရီမြစ်အတွင်းမှ ရေချို ရယူပြီး မြိတ်နှင့် တနင်္သာရီမြို့နယ်များသို့ ရေပေးဝေးမည့် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု မှာ ပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်ရှိမည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ဒါရိုက်တာ အတွင်းရေးမှူး ဦးမျိုးအောင်ထံမှ သိရသည်။ အဆိုပါ ရေပေးဝေရေးစီမံကိန်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းချ ပြခြင်းနှင့် ပြည်သူများ၏ သဘောထား အမြင် ရယူခြင်း အခမ်းအနားကို မြိတ်မြို့ ပုလဲရတနာခန်းမတွင် ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ရှင်းလင်းပွဲကို တနင်္သာရီ မြို့နယ်တွင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြိတ်အများပိုင်မှ သိရ သည်။ တနင်္သာရီမြစ်ရေများ ထုတ်ယူနိုင် မည့်နေရာအဖြစ် တနင်္သာရီမြို့နယ် မော်တုံးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့ကို ပဏာမ ရွေးချယ်ထားပြီး […]

ထားဝယ် အောက်ဆီဂျင်စက်ရုံတွင် ဆိုလာစနစ် တပ်ဆင်မည်

diz_admin

February 10, 2020

ထားဝယ်မြို့ရှိ အောက်ဆီဂျင်စက်ရုံ တွင် ဆိုလာစနစ်တပ်ဆင်ကာ အောက်ဆီ ဂျင်ထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေး ထံမှ သိရသည်။ တပ်ဆင်မည့် ဆိုလာစနစ်က ရာသီဥတုအပေါ်မူတည်ကာ တစ်ရက်လျှင် လျှပ်စစ်ယူနစ် ၇၀ မှ ၁၅၀ ဝန်းကျင်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အဆိုပါ ဆိုလာပြားကို ထားဝယ်မြို့နေ အလှူရှင် တစ်ဦးက တပ်ဆင်လှူဒါန်းရန် ပြင်ဆင် နေခြင်း ဖြစ်သည်။ လက်ရှိတွင် အောက်ဆီဂျင်စက်ကို အစိုးရ၏ လျှပ်စစ်စနစ်ဖြင့် ချိတ်ဆက်ထား ပြီး ဆိုလာစနစ်တပ်ဆင်ပြီးပါက လျှပ်စစ်ယူနစ် သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း အလှူရှင်ဖြစ်သူ ဦးတင့်လွင်ဦး က ဆိုသည်။ “ဆိုလာက ဘက်ထရီ မပါတဲ့စနစ် ခင်ဗျား။ သူက နေရောင်ခြည်ရတဲ့အချိန် […]

မြို့နယ် သုံးခုတွင် ဖန်လုံအိမ် သုံးလုံး ထပ်ဆောက်

diz_admin

February 10, 2020

ရေဖြူ၊ လောင်းလုံး၊ ပုလောမြို့နယ် သုံးခုတွင် ဖန်လုံအိမ် စိုက်ပျိုးနည်း အတွက် အသုံးပြုမည့် ဖန်လုံအိမ် (Green House)သုံးလုံးကို ထပ်ဆောက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ဖန်လုံအိမ်စိုက်ပျိုး နည်းကို ဒေသတွင်းမှ စိုက်ပျိုးရေးသမား များ လာရောက် လေ့လာနိုင်ရန် စံပြစိုက် ပျိုးခြင်းဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။ အဆိုပါ ဖန်လုံအိမ်များတွင် ပန်း သခွား၊ ဆလပ်၊ ငရုတ်၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီ စသည့် သီးပင်စားပင်များ စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။ “Green House ထဲမှာက ပိုးမွှား က မဝင်လာဘူးလေ။ သူက အကာအကွယ် ရှိတာကိုး။ […]

ထားဝယ်ခရိုင်တွင် ကန်ထရိုက် လယ်ယာစနစ် စလုပ်မည်

diz_admin

February 10, 2020

ထားဝယ်ခရိုင်တွင် ကန်ထရိုက် လယ်ယာစနစ်ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ထံမှ သိရသည်။ ကန်ထရိုက်လယ်ယာစနစ်ဆိုသည် မှာ ကုမ္ပဏီအဖွဲ့အစည်းဖြင့်လည်းကောင်း၊ လယ်သမားအချင်းချင်း စုပေါင်းပြီး ပုဂ္ဂလိက ပုံစံဖြင့်လည်းကောင်း အကျိုးတူ ပူးပေါင်းကာ စပါးစိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်က ပြောသည်။ ကန်ထရိုက်လယ်ယာစနစ်ကို လုပ် ဆောင်မည့်အဖွဲ့သည် တောင်သူများ အတွက် မျိုးကောင်း၊ မျိုးသန့်စပါးကဲ့သို့ သော သွင်းအားစုများနှင့် စိုက်ပျိုးရေးနည်းပညာကို ထောက်ပံ့ပေးရမည်ဖြစ်ပြီး ထွက်ရှိလာသည့် စပါးကို ယင်း အဖွဲ့ထံ တွင်ပင် နှစ်ဦးသဘောတူထားသည့် ဈေးနှုန်းဖြင့် လယ်သမားများက ရောင်းချ ရမည် ဖြစ်သည်။ လက်ရှိတွင် ကန်ထရိုက်လယ်ယာ စနစ် ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ် ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်သူများနှင့် မဟာထားဝယ်ကုမ္ပဏီတို့ […]

ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာဆိုသူက ကျောင်းသူ ၃ ဦးကို အဓမ္မပြုကျင့်‌

diz_admin

February 10, 2020

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကံနိမ့်နေ၍ ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာ သီဟအောင် (ခ) သီဟ ဆိုသူက သတ္တမတန်းကျောင်းသူ ၃ ဦး ကို အလှည့်ကျ အဓမ္မပြုကျင့်ခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ မုဒုံမြို့နယ် ရောင်းဒေါင်း ကျေးရွာ အရှေ့ပိုင်းနေသူ လက္ခဏာ ဆရာ သီဟအောင် (ခ) သီဟ အသက် ၂၈ နှစ်သည် ၎င်း၏ ရည်စားဖြစ်သူ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေ ဒေါ်အေးမြင့် ၃၈ နှစ်ဆိုသူအား ကံနိမ့်နေ ၍ ယတြာချေရမည်ဟုဆိုကာ အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ ဦးကို ၎င်းထံ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ခိုင်းစေခဲ့ရာမှ ယခုကဲ့သို့ ကျောင်းသူ ၃ ဦး အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်ဟု […]

မွန်ပါတီကို ဝန်းရံထောက်ခံ အားပေးရန် တိုက်တွန်း

diz_admin

February 10, 2020

မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ညီညွတ်ရေးပါတီကို ဝန်းရံထောက်ခံ အားပေးကြရန် မွန်ပြည်သူတွေကို မွန် ညီညွတ်ရေးပါတီက တိုက်တွန်း လိုက်သည်။ တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၉ ရက်) တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားအတွက် မွန်ညီညွတ်ရေးပါတီက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ် ပြန်လိုက်သည့် ကြေညာချက်တွင် ထို ကဲ့သို့ မွန်ပြည်သူတို့အား တိုက်တွန်း ထားခြင်းဖြစ်သည်။ မွန်ညီညွတ်ရေးပါတီသည် မွန် သံဃာတော်များနှင့် မွန်တစ်မျိုးသားလုံး ၏ဆန္ဒအရ ဖွဲ့စည်းပေါ်ပေါက်လာသော တစ်ခုတည်းသော မွန်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည့် အားလျော်စွာ မွန်လူမျိုးတို့၏ လိုလားချက် ဖြစ်သော အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း သည်အထိ ဆက်လက်ကြိုးစားရုန်းကန် […]

လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူမည်

diz_admin

February 10, 2020

မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ လိုင်စင်မဲ့ ငါးဖမ်းလှေများကို ထိရောက် စွာ အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း အဝေး၌ ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးချစ်တင်၏ မေးမြန်းမှု အပေါ် ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကမ်းနီးရော ကမ်းဝေးရော ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စ အားလုံးကို ကျွန်တော်တို့ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်း ကော်မတီက ပင်လယ်ပြင်က အချက် အလက် အခြေအနေအမှန်ကို ကောက်ယူ ပါတယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ မွန်ပြည်နယ်ရေပိုင်နက်အတွင်း […]

တနင်္သာရီတွင် လူကုန်ကူးနှင့် လူမှောင်ခို အမှုသုံးခု ဖမ်းမိ

diz_admin

February 10, 2020

ယမန်နှစ် တစ်နှစ်လုံး တနင်္သာရီ တိုင်းတွင် လူကုန်းကူးမှု နှစ်မှုနှင့် လူမှောင်ခိုမှု တစ်မှု စုစုပေါင်း အမှု သုံးခုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ်(၁၀) တပ်ဖွဲ့စုမှူးရုံး(ထားဝယ်)ထံမှ သိရသည်။ လူကုန်ကူးမှု နှစ်ခုတွင် ရန်ကုန်မြို့ မှ နယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုပြီးနောက် ပြည့်တန်ဆာအလုပ်ကို ခိုင်းစေခဲ့သည့် အမှုဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ လူမှောင်ခိုမှုတစ်ခုမှာ မော်လမြိုင် ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင် လာသည့် ခရီးသည်တင်ကားကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် သတင်း အရ စစ်ဆေးရာမှ လူမှောင်ခိုခေါ်ဆောင် လာသည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြော […]