ထားဝယ်တွင် နယ်စည်းမထားအဖွဲ့ လုပ်ငန်းများ ပုံမှန်ပြန်လုပ်ခွင့်ရ
diz_admin
June 18, 2021တနင်္သာရီတိုင်းအတွင်း HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေး ထောက်ပံ့ပေးနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းများပုံမှန်ပြန်လုပ်ခွင့်ရပြီဖြစ်ကြောင်း အနာဂတ်အလင်းရောင် ဘဝတူကူညီ ပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။ အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့သည် ထားဝယ်မြို့တွင် အခြေစိုက်ပြီး HIV ရောဂါပိုးရှိသူများ သောက်သုံးရသည့် ART ဆေးရရှိစေရန် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)နှင့် ပူးပေါင်းလုပ်ကိုင်နေသည့်အဖွဲ့ဖြစ်သည်။ HIV ရောဂါပိုးရှိသူများအား ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနက ဇွန်လ ၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ထိုသို့ရပ်ဆိုင်းလိုက်ပါက နေ့စဉ်သောက်နေရသည့် ဆေးဝါးပြတ်လတ်သွားပြီး အသက်အန္တရာယ်ဖြစ်လာမည်ကို HIV ပိုးရှိသူများက စိုးရိမ်နေခဲ့သည်။ ယင်းသို့သော အခြေအနေမျိုးတွင် ဆေးဝါးနှင့် ကုသမှုအပိုင်းကို ပုံမှန် အတိုင်း ပြန်လုပ်ခွင့်ရပြီဟု နယ်စည်းမထားဆရာဝန်များ အဖွဲ့၏ တာဝန်ရှိသူက ဇွန်လ […]


