ရေးမြို့ပေါ် ကျောင်းတစ်ခုရှေ့ ပစ်ခတ်မှုဖြစ် တစ်ဦးသေ
diz_admin
June 14, 2021မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုရှေ့တွင် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့ခံတစ်ဦး သေဆုံးသွားကြောင်း မြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။ ပစ်ခတ်မှုသည် ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ရပ်မိရပ်ဖတစ်ဦး နားထင်ထိမှန်ကာ သေဆုံးသွားခဲ့ပြီး အနီးဝန်းကျင်တွင်ရှိနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “အပစ်ခံရတဲ့ နှစ်ဦးမှာ တစ်ဦးက သေဆုံးသွားတယ်လို့တော့ ပြောတယ် နောက်တစ်ဦးကတော့ ဒဏ်ရာရသွားတယ်၊ ရေးမှာတော့ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေ ဗုံးတွေ့တဲ့ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနေတာတွေလည်းရှိတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ သေနတ်သမားသည် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဆိုပါ ကျောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် လက်ပစ်ဗုံးနှင့် အပစ်ခံခဲ့ရသည်ဟုလည်း […]


