ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ညောင်ရေသွန်းရင်း ဆန္ဒပြတဲ့ ညင်းမော်ရွာသပိတ်

diz_admin

May 25, 2021

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် မေလ ၂၅ ရက် ကဆုန်လပြည့်နေ့ နံနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ညောင်ရေသွန်းရင်း ဆန္ဒပြခဲ့သည်။ ညင်းမော်ရွာ၏ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် သရုပ်ဖော်တင်ဆက်မှုများဖြင့် ခေတ်ကိုသရော်သည့် ပြကွက်များလုပ်လေ့ရှိသည်။ ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင်မူ သရုပ်ဖော်ပြကွက်များ မလုပ်တော့ပေ။

တနင်္သာရီတိုင်းအတွင်း ကိုးရက်ဆက် မိုးရွာမည်

diz_admin

May 23, 2021

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းအတွင်း ကိုးရက်ဆက် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသ တနင်္သာရီတိုင်းသို့ မေလ ၂၁ ရက်နေ့က ဝင်ရောက်ခဲ့ပြီး မေလ ၂၁ ရက်မှ ၃၁ ရက်နေ့အတွင်း ရွာသွန်းမြဲထက်ပိုရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ တတိယအပတ်က ထုတ်ပြန်ထားသည်။ မေလ ၂၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာ့ကမ်းရိုးတန်းတလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး […]

မိုးစက်ကြားက ထားဝယ်သပိတ်

diz_admin

May 21, 2021

မိုးရွာနေတဲ့ကြားက ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ ကြက်စားပြင်ရပ်ကွက် သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး မေလ ၂၀ ရက် ညနေပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဘုတ်ပြင်းတွင် ကမ်းဇော်စေ့ ကောက်ပြီး အပြန်လှေမှောက်၊ ခြောက်ဦးသေ တစ်ဦးပျောက်နေဆဲ

diz_admin

May 21, 2021

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကမ်းဇော်စေ့ ကောက်ပြီးပြန်လာသည့် လှေတစ်စီး ပင်လယ်အတွင်း မေလ ၁၉ ရက် ညနေက တိမ်းမှောက်ခဲ့ပြီး လူခြောက်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံး နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာနေသူများက ကော့ရဲကြီးကျွန်းတွင် ကမ်းဇော်စေ့ကောက်ယူပြီးအပြန် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ လှိုင်းကြီးပြီး ပင်လယ်ပြင်အတွင်း လှေမှောက်ခဲ့ခြင်းဖြစ်သည်။ ကော့ရဲကြီးကျွန်းကို ကံမော်ကြီးကျေးရွာမှ စက်လှေဖြင့် နှစ်နှာရီကျော် ခုတ်မောင်းသွားရသည်။ ကမ်းဇော်အစေ့ကို ကြိတ်ရာမှရရှိသည့် ကမ်းဇော်ဆီမှာ ရောဂါအများစု ပျောက်ကင်းသည်ဟုဆိုသည်ပြီး နာမည်ကြီးသည်။ အဆိုပါလှေပေါ်တွင် ဒေသခံ အမျိုးသား အမျိုးသမီးစုစုပေါင်း ၂၅ ဦး လိုက်ပါလာကြောင်း ကံမော်ကြီးရွာနေ ဒေသခံအချို့က ဆိုသည်။ လှေမှောက်သည့်အတွက် လှေပေါ်ပါလာသူများအနက် ဆယ်လသားအရွယ် မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းဒေသခံများကပြောသည်။ ထို့အပြင် လှေပေါ်ပါ […]

ပုလောတွင် လယ်လုပ်ရာမှ ပြန်လာသူသုံးဦး မိုးကြိုးပစ်ခံရ၊ တစ်ဦိးသေ

diz_admin

May 21, 2021

ပုလောမြို့နယ်အတွင်းရှိ ဇရပ်ဆိပ်ရွာတွင် မေလ ၁၉ ရက် ညနေက လယ်ယာလုပ်ငန်းခွင်မှ ပြန်လာသည့် အမျိုးသားသုံးဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးပွဲချင်းပြီးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇရပ်ဆိပ်ကျေးရွာအုပ်စု အမှတ် ၄ ရပ်ကွက်နေ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားသုံးဦး လယ်ယာလုပ်ငန်းခွင်မှ နေအိမ်သို့ပြန်လာစဉ် လယ်ကွင်းအတွင်းမှာပင် မိုးကြိုးပစ်ခံရကြောင်း ဇရပ်ဆိပ်ရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိုသို့မိုးကြိုးပစ်ခံရသည့်အတွက် ကိုကျော်လွင်မှာ ပွဲချင်းပြီးသေဆုံးသွားပြီး အခြားနှစ်ဦးတွင် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ “နှစ်ဦးကိုတော့ ပလတိုက်နယ်ဆေးရုံကို ပို့လိုက်တယ်”ဟု ဟု အထက်ပါ အမျိုးသားက ဆိုသည်။ မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလ၏ နေ့လယ်နှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ အားကောင်းလာပါက မိုးကြိုးပစ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးကြိုးပစ်ခြင်းအပါအဝင် သဘာဝဘေးန္တရာယ်တစ်ခုခုကြောင့် သေဆုံးပါက […]

ရေးမြို့နယ်တွင် ဗုံးပေါက် ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရ

diz_admin

May 21, 2021

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မေလ ၁၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကျောင်းရွာအုပ်ချုပ်ရေးမှူးအပြင် အခြားရွာခံ နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ထိသွားတဲ့ ၅ ယောက်ထဲမှာ ကလေးနဲ့ သူ့အဖေ နောက်ပြီးတော့ အမျိုးသမီးတစ်ဦး အဲဒီ ၃ ယောက်ကို မော်လမြိုင်ကို ပို့လိုက်ရတယ်၊ ကလေးနဲ့ အမျိုးသမီးကတော့ အခြေအနေဆိုးတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာအတွင်း တပ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ လုံခြုံရေး တင်းကြပ်ထားသည်ဟုလည်း ဒေသခံတို့မှ သိရသည်။ ရေးမြို့နယ် လမိုင်းမြို့နှင့် […]

ထားဝယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး အဖမ်းခံရ

diz_admin

May 20, 2021

ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးဖြစ်သူ ဦးသန်းဆွေ ခေါ် ဦးအိုငယ်ကို မေလ ၂၀ ရက်နေ့ နံနက်က ကြက်စားပြင်ရပ်ကွက်တွင် ဖမ်းဆီးသွားကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဘုမ္မော်ရပ်ကွက်နေ ဦးသန်းဆွေမှာ ယနေ့နံနက်က နွားနို့သွားယူပြီး ပြန်လာစဉ် ကြက်စားပြင်ရပ်ကွက် အကောက်ခွန် ဂိုဒေါင်အနီးတွင် ဖမ်းဆီးခံလိုက်ရကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဆိုင်ကယ်ရော ဆိုင်ကယ်ထဲမှာ ဝက်သားရောင်းထားတဲ့ ပိုက်ဆံတွေရော ဘာမှ ယူမသွားဘူး၊ လူတစ်ယောက်တည်း ခေါ်ဆောင်သွားတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဦးသန်းဆွေသည် ဝမ်းရေးအတွက် ဝက်သားရောင်းချသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ဦးသန်းဆွေသည် ကိုဗစ်ကုသရေးနေရာတစ်ခုဖြစ်သည့် သီတဂူဆေးရုံတွင်ကူညီလုပ်ဆောင်ပေးနေသလို စနေဆွမ်းအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်နေသူဖြစ်ကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။