ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

diz_admin

May 27, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ယနေ့ နံနက်တွင် ပစ်သတ်ခံရကြောင်း ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။ မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ၎င်းတို့ပိုင် ကြက်မောက်ခြံသို့အသွား လမ်းတွင် အမည်မသိသူနှစ်ဦးတို့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်ခံရသည့်နေရာ၌ပင် ဦးမြင့်ဆွေ သေဆုံးသွားပြီး ဇနီးဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ “ဆိုင်ကယ်နဲ့ လာပစ်သွားတယ်၊ ဦးမြင့်ဆွေကတော့ ပွဲချင်းပြီး သေသွားတယ်၊ သူ့အမျိုးသမီးကတော့ မေရိုးမှာ ဒဏ်ရာရ သွားတယ်လို့ သိရတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ တပ်ကောင်စီ တပ်ဖွဲ့ဝင်များ […]

မော်လမြိုင်တက္ကသိုလ် အရာထမ်း ၁၅၅ ဦး ရာထူးမှ ထုတ်ပယ်ခံရ

diz_admin

May 27, 2021

မော်လမြိုင်တက္ကသိုလ်မှ အရာထမ်း ၁၅၅ ဦးကို မေလ ၂၁ ရက်နေ့မှစ၍ ရာထူးမှ ထုတ်ပယ်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တို့၏ လက်မှတ်အသီးသီးဖြင့် စာထုတ်ပြန် ကြေညာလိုက်သည်။ အရာထမ်း ၁၅၅ ဦးတို့သည် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်းထမ်းဥပဒေအရ ရာထူးမှ ထုတ်ပယ်ခြင်း ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဆိုပြီး ထုတ်ပြန်စာတွင် ပါရှိသည်။ ရာထူးမှ ထုတ်ပယ်ခံရသည့် အရာထမ်းများသည် တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့်အတွက် တာဝန်မှ ယာယီ ရပ်ဆိုင်းခံထားရသူများဖြစ်သည်။ “CDM လုပ်လို့ တာဝန်ကနေ ယာယီရပ်ဆိုင်းခံခဲ့ရာကနေ နောက်ဆုံးတော့ ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်၊ အယူခံလွှာတင်လို့ရတယ်ဆိုပေမယ့် […]

မုန်တိုင်းအရှိန်ကြောင့် မောင်းမကန်ကမ်းခြေတွင် ထူးခြားဒီရေတက်

diz_admin

May 26, 2021

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် ထားဝယ်ဒေသ၏ နာမည်ကြီး မောင်းမကန်ကမ်းခြေအပါအဝင် ကမ်းခြေများတွင် ထူးကဲဒီရေဖြင့် ကြုံနေရသည်။ အားအလွန်ကောင်းသည့် မုန်တိုင်း ‘ယာစ်’ ကြောင့် မောင်းမကန်ကမ်းခြေတွင် မေလ ၂၅ ရက်နေ့မှစကာ ကမ်းခြေဆိုင်ခန်းနေရာ အထိ ဒီရေတက်လာကြောင်း ကမ်းခြေစားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။ ထူးကဲဒီရေမှာ ယမန်နေ့ကတည်းက ကမ်းခြေအထိ တက်နေပြီး မေလ ၂၆ ရက်တွင် ဒီရေပိုတက်လာကြောင်း ၎င်းက ပြောသည်။ “ဒီနေ့မှ ပိုတက်တယ်ရှင့်၊ ဆိုင်နောက်က ရေတွင်းအနားထိ ရေဝင်တယ်”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ ထူးကဲဒီရေမှာ ကမ်းစပ်မှ ပေ ၅၀ ခန့်အထိ တက်လာကြောင်း ကမ်းခြေစားသောက်ဆိုင်များ ပျက်စီးမှု မရှိကြောင်း သိရသည်။ ယမန်နှစ်များကလည်း မုန်တိုင်းမရှိသော်လည်း မိုးဦးရာသီတွင် […]

ထားဝယ်လက်ဖက်ရည်ဆိုင်သပိတ် ဆိုင်ပိုင်ရှင် အဖမ်းခံရ

diz_admin

May 26, 2021

ထားဝယ်မြို့တွင် ယမန်နေ့က လူငယ်များ လက်ဖက်ရည်ဆိုင်သပိတ်လုပ်သည့် ဆိုင်မှ ဆိုင်ပိုင်ရှင်ကို မေလ ၂၆ ရက်နေ့ နံနက်က လာရောက်ဖမ်းဆီးသွားကြောင်း ဆိုင်အနီးတွင် နေထိုင်သူအချို့ထံမှ သိရသည်။ ကညုံရပ်ကွက် တောင်ခွလမ်းဆုံအနီးရှိ ‘ဦးတင်ထွန်းဆိုင်’ ဟု လူသိများသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ထွန်းကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းလက်ဖက်ရည်ဆိုင်တွင် မြို့ခံလူငယ်များက လက်ဖက်ရည်ဆိုင်သပိတ် ပြုလုပ်ကြခြင်းဖြစ်သည်။ ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ကVigo ကားနှစ်စီးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကိုမူ မပြောကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ “ဆိုင်ရှင်ကို လာမေးပြီးတော့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်ခင်ဗျား” ဟု ၎င်းက ပြောသည်။ အထက်ပါ လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပြင် ဘုမ္မော်ရပ်ကွက် သတ္တုရုံးလမ်းထိပ်ရှိ အခြားလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဝင်းဇော်ကိုလည်း […]

ရေဖြူ ဖောင်းတောတွင် ရွာသားလေးဦး အဖမ်းခံထားရ

diz_admin

May 26, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဖောင်းတောကျေးရွာအုပ်စု မော်ကြီးရွာက အမျိုးသားလေးဦးအား ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၆ ရက် နံနက်ပိုင်းတွင် ရဲနှင့်စစ်သားများ မော်ကြီးကျေးရွာ စာသင်ကျောင်းသို့ရောက်လာပြီးနောက် စာသင်ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူလေးဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတာကို အပြင်ကို ခေါ်ထုတ်ပြီး ဒူးထောက်ထိုင်ခိုင်းတယ်။ ပြီးတာနဲ့ ဘာတွေထည့်ထားတဲ့ အိတ်မှန်းတော့မသိဘူး အဲဒါတွေ ထမ်းခိုင်းပြီးတော့ ရွာပတ်ခိုင်းတယ်” ဟု မျက်မြင်တွေ့သူ ၎င်းအမျိုးသားက ဆိုသည်။ ယင်းအဖမ်းခံထိသူအမျိုးသားလေးဦးအား ‌တပ်ကောင်စီကခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားပြီး ယနေ့ နေ့လယ် သုံးနာရီအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းက ပြောကြားသည်။

ထိတ်တလန့်လန့် တောင်ပျောက်တိုက်နယ်

diz_admin

May 25, 2021

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်အတွင်းသို့ မေလ ၂၃ ရက် နံနက်စောစောတွင် စစ်သားအင်အား ၁၀၀ ကျော် ဝင်ရောက်လာပြီး ကျေးရွာအချို့တွင် တပ်စွဲလိုက်သည်။ ထိုနောက် စစ်ကြောင်းနှစ်ခုဖြန့်ခွဲပြီး တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရှာဖွေမှုများ လုပ်ဆောင်နေပြီး တိုက်နယ်အတွင်းသို့ သွားသည့်လမ်းဆုံတွင် ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် KNU တပ်ဖွဲ့ လှုပ်ရှားနေရာဖြစ်ပြီး ကျေးရွာ ၁၀ ရွာ ရှိပြီး အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိသည်။ ကျောက်အိုင်၊ အလယ်စု၊ ကျွဲခြံ၊ ဝမ်းကဖော်၊ သဲချောင်းကြီး၊ ဗျတ်ဝိသား၊ မယ်ကဲ အစရှိသည့် ကျေးရွာများဖြစ်သည်။ လူဦးရေအားဖြင့် နှစ်သောင်းဝန်းကျင် ရှိသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ စစ်တပ်က လာရောက်တပ်စွဲထားသည့်အတွက် ဒေသခံများက […]

တနင်္သာရီတိုင်းတွင် ပထမရက် ကျောင်းအပ်နှုန်း ၃ ရာခိုင်နှုန်းကျော်

diz_admin

May 25, 2021

အခြေခံပညာကျောင်းများဖွင့်လှစ်ရန် စတင်ကျောင်းလက်ခံသည့် မေလ ၂၄ ရက်နေ့တွင် ကျောင်းသား ကျောင်းသူ ၃ ဒသမ ၃ ရာခိုင်နှုန်းဝန်းကျင် လာရောက်အပ်နှံကြောင်းတနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။ တပ်ကောင်စီက အခြေခံပညာကျောင်းများပြန်ဖွင့်မည်ဟုဆိုကာ မေလ ၂၄ ရက်နေ့မှစကာ ကျောင်းအပ်လက်ခံနေသည်။ တနင်္သာရီ တိုင်းအတွင်း ကျောင်းအပ်ရမည့် ကျောင်းသားအရေအတွက် သုံးသိန်းဝန်းကျင်ရှိပြီး ကျောင်းအပ်လက်ခံသည့် ပထမဆုံးရက်တွင် ကျောင်းသားဦးရေ တစ်သောင်းကျော် ကျောင်းအပ်ခြင်းဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၄ ရက်မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားသည်။ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစဖွင့်မည်ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမည် မဟုတ်ကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ ထို့အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် Mask များကို […]

ကမြောကင်းကျောင်းဆောင် မီးလောင်မှု ရှို့မီးဟု မီးသတ်တပ်ဖွဲ့ဆို

diz_admin

May 25, 2021

လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ အထက်တန်းကျောင်းဆောင်မီးလောင်မှုမှာ ရှို့မီးဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ မေလ ၂၄ ရက် ည၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မီးလောင်သည်ဟု သတင်းရပြီး မီးသတ်ကားများဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ခန့် အကြာတွင် မီးငြိမ်းခဲ့ကြောင်း အထက်ပါ တပ်ဖွဲ့ထံမှ သိရသည်။ မီးလောင်နေကြောင်း သတင်းရရှိချိန်၊ မီးသတ်ကားထွက်ချိန်နှင့် မီးလောင်ရာနေရာသို့ ရောက်ရှိချိန်မှာ မိနစ်အနည်းငယ်သာ ကြာပြီး မီးသတ်ကားရောက်ရှိချိန်တွင် ကျောင်းဆောင်တစ်ခုလုံး မီးလောင်ကျွမ်းမှုများပြားနေပြီဖြစ်သည့်အတွက် ရှို့မီးဖြစ်ကြောင်း ခရိုင်မီးသတ် တာဝန်ရှိသူက ဆိုသည်။ “ကျွန်တော်တို့ ခန့်မှန်းလို့ရတယ်။ ရိုးရိုး ဖယောင်းတိုင်မီး ဆေးလိပ်မီး၊ လျှပ်စစ်မီးဆိုလို့ရှိရင် အဲဒီလောက်ကြီး ဗြုန်းကနဲ ခဲကနဲ ထမလောင်နိုင်ဘူး” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ကမြောကင်းကျေးရွာအုပ်စု […]