သဘောဆိပ်ရွာသား ခြောက်ဦး အဖမ်းခံရ
diz_admin
May 29, 2021တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် သဘောဆိပ်ကျေးရွာတွင် မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရွာသားခြောက်ဦးကို တပ်ကောင်စီ တပ်ဖွဲ့ဝင်များလာ ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း အဖမ်းခံရသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြားသည်။ အဖမ်းခံရသူများမှာ ဦးမြင့်စိန်၊ ဦးဘအို၊ ဦးမောင်နိုင်ဝင်း၊ ဦးဖိုးရွှေဟား၊ ကိုအောင်လွင်ဆန်း နှင့် မောင်အောင်ဖြိုးညီတို့ ဖြစ်ကြောင်း သိရှိရသည်။ အဖမ်းခံရသူအချို့ကို လွတ်ပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဆက်သွယ်လာသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မလွတ်ပေးသေးပေ။ သဘော့ဆိပ်ရွာမှာ မောင်းမကန်ကမ်းခြေအနီးတွင် တည်ရှိသည့် ထင်ရှားသော ပင်လယ်ငါးစျေး တည်ရှိရာ ကျေးရွာဖြစ်သည်။


