ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် တည်းခိုခန်းမန်နေဂျာနှင့် ကလေးငယ် တစ်ဦး အဖမ်းခံရ

diz_admin

June 10, 2021

မြိတ်မြို့တွင် တည်းခိုခန်း မန်နေဂျာနှင့်အတူ အသက်တ၁၄ နှစ်အရွယ် ကလေးတစ်ဦး အဖမ်းခံထားရကြောင်း ရပ်ကွက်သားများနှင့် မိသားစုဝင် အသိုင်းအဝိုင်း ထံမှသိရသည်။ မေလ ၇ ရက်ည ၁၂ နာရီခန့်က မြိတ်မြို့ပါရမီရပ်ကွက်ရှိ ပန်းအိပ်မက်တည်းခိုခန်းသို့ တပ်ကောင်စီတပ်ဖွဲ့မှ စစ်ကားလေးစီးဖြင့် လာရောက်ကာ အဆိုပါတည်းခိုခန်းမှ အသက် ၄၀ အရွယ်မန်နေဂျာအမျိုးသားနှင့် အသက် ၁၄ နှစ်အရွယ်တည်းခိုခန်း ပိုင်ရှင်၏သားအား ခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှသိရသည်။ “ဘာကြောင့်ခေါ်သွားတယ်လို့မသိရဘူး။ဒါပေမဲ့ ကလေးကို ရိုက်တာနှက်တာမရှိဘူးလို့ ကြားရတယ်”ဟု အဆိုပါမိသားစုဝင်ကပြောသည်။ ပန်းအိပ်မက်တည်းခိုခန်း ပိုင်ရှင်အမျိုးသားသည် မြိတ်ခရိုင် ၈၈ ပွင့်လင်းလူ့အဖွဲ့စည်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမိုးသူအောင်ဖြစ်ပြီး ပြီးခဲ့သည့် မတ်လဆန်းက တပ်ကောင်စီမှ တရားစွဲကာ မြိတ်အကျဉ်းထောင်တွင်ထိန်းသိမ်းခြင်းခံနေရသူဖြစ်သည်။ ကလေး၏မိခင် ၎င်းဇနီးသည်လည်း ဆန္ဒပြ တက်ကြွလှုပ်ရှားသူ တစ်ဉီးဖြစ်ကာ ဖမ်းဝရမ်းထုတ်ပြီးနောက် လက်ရှိအချိန်တွင် […]

မြိတ် ကဗျာဆရာနှစ်ဉီး ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

diz_admin

June 10, 2021

မြိတ်မြို့နေ ကဗျာဆရာနှစ်ဦးဖြစ်သည့် မောင်ယုပိုင်နှင့် နရီ(မြိတ်) တို့အား ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရကြာင်း ဒေသခံအချို့ထံမှ သိရသည်။ ကဗျာဆရာမောင်ယုပိုင်ကို မတ်လ ၉ ရက်နေ့က ဆန္ဒပြပွဲလုပ်ရန် လူစုဝေးနေချိန်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ကာ ဇွန်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချခံခဲ့ရခြင်းဖြစ်သည်။ ကဗျာဆရာနောက်တစ်ဉီးဖြစ်သည့် ကလောင်အမည် နရီ(မြိတ်) ခေါ် အထက်တန်းရှေ့နေ ဉီးလွင်အောင် ကိုလည်း မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ဇွန်လ ၉ ရက်တွင် ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နရီမြိတ် နှင့်အတူ ထိန်းသိမ်းခံထားရသည့် တက်ကြွလှုပ်ရှားသူ […]

ကိုဗစ်ဆေးစစ်ချက်ပါမှသာ တနင်္သာရီတိုင်းပြင်ပသို့ ခရီးသွားခွင့်ပြုမည်ဟု ထုတ်ပြန်

diz_admin

June 9, 2021

တနင်္သာရီတိုင်းအတွင်းမှ တိုင်းပြင်ပသို့ ခရီးသွားမည်ဆိုပါက ကိုဗစ်ရောဂါရှိ/ မရှိ ဆေးစစ်ချက်ပါမှသာ သွားခွင့်ပြုတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တိုင်းပြင်ပသို့သွားလာမည့် ခရီးသည်များအနေဖြင့် ၄၈ နာရီအတွင်း ကိုဗစ်ရောဂါမရှိကြောင်း ဆေးစစ်ထားသည့် အထောက်အထားရှိမှသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးသည်များကို ကလိန်အောင်တံတားတွင် စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်စစ်ဆေးချက် အထောက်အထားရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုဗစ်ရောဂါစစ်ဆေးပြီးကြောင်း အထောက်အထားကို ခရီးသည်များအပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လည်း ရှိရမည်ဖြစ်သကဲ့သို့ ကားဂိတ်များကလည်း ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့်အထောက်အထားရှိမှသာ ခရီးသည်တင်ဆောင်ရမည်ဟု ညွှန်ကြားထားသည်။ မြိတ်ခရိုင်တွင်မူ တိုင်းပြင်ပသို့ သွားမည့်သူများကို ကျွဲကူး-ကျောက်ဖျာတံတားဂိတ်တွင် စစ်ဆေးမည်ဖြစ်ပြီး […]

ဖမ်းဆီးခံထားရသည့် ကောင်းမှုနှင့် မော်ငန်းရွာသားနှစ်ဦး ပြန်မလွတ်သေး

diz_admin

June 9, 2021

ဖမ်းဆီးခံထားရသည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကောင်းမှုကျေးရွာသား အသက် ၂၈ နှစ်အရွယ် ကိုမောင်မောင်နှင့် မော်ငန်းကျေးရွာသား အသက် ၂၇ ခန့်အရွယ် ကိုသားကြီးတို့နှစ်ဦး ပြန်လွတ်လာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ၎င်းတို့နှစ်ဦးအား ဇွန်လ ၈ ရက် နံနက် ၄ နာရီခန့်တွင် စစ်သားဆယ်ဦးခန့်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကိုမောင်မောင်၏ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “သတင်းပေးတဲ့သူက လက်နက်တွေရှိနေတယ်ဆိုပြီးသတင်းပေးလိုက်လို့ ဖမ်းတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသူနှစ်ဦးအား မောရဝတီရေတပ်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့နှစ်ဦး၏ လက်ကိုင်ဖုန်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဇွန်လ ၉ ရက် ညနေ ၂ နာရီခန့်တွင်ပြောသည်။ ပုံစာ- ဖမ်းဆီးခံထားရသည့် ကောင်းမှုရွာသား ကိုမောင်‌‌မောင်

တနင်္သာရီတိုင်းတွင် ကိုဗစ်လူနာတစ်ရာနီးပါး ဆေးကုသနေရ

diz_admin

June 7, 2021

တနင်္သာရီတိုင်းအတွင်း ဆေးကုသမူခံယူနေရသည့် ကိုဗစ်လူနာစုစုပေါင်း ၉၉ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးသိန်းက ပြောကြားသည်။ ဇွန်လ ၇ ရက်နေ့အထိ စာရင်းအရ ထားဝယ်ခရိုင်တွင် ကိုဗစ်လူနာ ၁၆ ဦး၊ မြိတ်မြို့တွင် ၆ ဦး၊ ကျွန်းစုမြို့တွင် ၅ ဦး၊ တနင်္သာရီမြို့တွင် ၃၉ ဦး၊ ကော့သောင်းမြို့တွင် ၃၃ ဦး ဆေးကုသနေသည်။ ယင်းကိုဗစ်လူနာများနှင့် ထိတွေ့ခဲ့သူများကိုလည်း စစ်ဆေးထားဆဲဖြစ်ပြီး သံသယရှိသူများကို မြို့နယ်‌ဆေးရုံတိုင်းတွင် စစ်ဆေးပေးနေကြောင်း ဒေါက်တာအေးသိန်းကပြောသည်။ “တနင်္သာရီတိုင်းအနေနဲ့ကတော့ နည်းနည်းသတိထားရမယ့် အပိုင်းတော့ရှိတယ်။ အချင်းချင်းကူးစက်တာတွေ ရှိလာပြီဆိုတော့လေ။ အဲဒါကို စိုးရိမ်တယ်” ဟု ဒေါက်တာအေးသိန်းက ဆို‌သည်။ တနင်္သာရီတိုင်းသည် လတ်တလော ကူးစက်မှုများသည့် ဒေသတစ်ခုဖြစ်နေသည့်အပြင် အစုလိုက် ကိုဗစ်ပိုးတွေ့သည့် ဖြစ်စဉ်များလည်း တွေ့လာရကြောင်း […]

ငါးဝယ်သွားသည့် သစ်တိုထောင့်ရွာသားနှစ်ဦး အသတ်ခံရ

diz_admin

June 7, 2021

ရေဖြူမြို့နယ် သစ်တိုထောင့်ရွာနေ ဒေသခံအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ငါးဝယ်သွားစဉ် ဇွန်လ ၆ ရက်နေ့နံနက်က ပစ်သတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ဒေသခံများ၏ အဆိုအရ ယင်းအမျိုးသားနှစ်ဦးမှာ ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်သည့် ဘဝါကျေးရွာတွင် ငါးသွားဝယ်ရာမှ ပျောက်ဆုံးသွားခဲ့သည်။ ယင်းတို့မှာ သစ်တိုထောင့်ရွာနေ အသက် ၄၀ နှစ်အရွယ်ရှိ ကိုဝင်းဇော်ထွေးနှင့် ၂၃ နှစ်အရွယ်ရှိ ကိုဟိန်းမင်းကိုတို့ ဖြစ်သည်။ ဇွန်လ ၆ ရက်နေ့ နံနက်လေးနာရီခန့်တွင် ငါးဝယ်ရန် နေအိမ်မှထွက်သွားပြီး ဘဝါရွာရှိ ငါးဒိုင်သို့ ရောက်မလာသေးကြောင်း ငါးအရောင်းဒိုင်မှ ဖုန်းဆက်လာချိန်မှသာ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေသည်ကို သိရကြောင်း ကိုဟိန်းမင်းကို၏ ဇနီးဖြစ်သူက ဆိုသည်။ ထိုနောက် ခင်ပွန်းဖြစ်သူ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ “စုံစမ်းကြည့်လိုက်တာ ရေဖြူမှာ အလောင်းနှစ်လောင်းနဲ့ […]

နယ်စပ်ဝင်ပေါက်မှ ITC ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ပိတ်ပင်

diz_admin

June 6, 2021

နယ်စပ်ဝင်ပေါက်များမှ တစ်ဦးချင်းကုန်သွယ်မှု မှတ်ပုံတင်လက်မှတ်(ITC) ကတ်ဖြင့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေး တင်သွင်းခွင့်ကို ဇွန်လ ၄ ရက်နေ့မှ စပြီးတင်သွင်းခွင့်ပိတ်လိုက်သည်။ နိုင်ငံခြားသုံးငွေလျော့ချနိုင်ရေး၊ SME လုပ်ငန်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများဈေးကွက်ယှဉ်ပြိုင်မှု အကာအကွယ် ပေးနိုင်ရေးတို့အတွက် ယင်းကဲ့သို့ တင်သွင်းခွင့်ရပ်ဆိုင်းကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ တစ်ဦးချင်းကုန်သွယ်မှု မှတ်ပုံတင်လက်မှတ်(ITC) ကတ်ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၅၀ ပမာဏရှိ သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုနေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးကို ITC ကတ်ဖြင့် တင်သွင်းမှုရပ်ဆိုင်းလိုက်သော်လည်း ကုမ္ပဏီအနေဖြင့် တိုက်ရိုက်တင်သွင်းရောင်းချမှု ဆက်ရှိနေမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ “ကုမ္ပဏီအနေနဲ့တော့ ရှိမှာပါ။ ပိတ်တာကတော့ ITC ကတ်နဲ့ ခဏပိတ်ထားတာပေါ့၊ ရေရှည်တော့ […]