အလိုအလျောက် မိုးလေ၀သ တိုင်းတာစက် ၁၁ လုံး တပ်မည်
diz_admin
January 29, 2020တနင်္သာရီတိုင်းတွင် အလိုအလျောက် မိုးလေ၀သတိုင်းတာ စက် ၆ လုံးတပ်ဆင်ရန် ကနဦးလျာထားသော်လည်း နောက်ထပ် ၅ လုံး ထပ်တိုးပြီး တပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ကနဦးက လောင်းလုံး (မောင်းမကန်)၊ ထားဝယ်(ကလိန်အောင်)၊ ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်များတွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနပိုင် အလိုအလျောက် မိုးလေ၀သတိုင်းတာစက် ၆ လုံးကို တပ်ဆင်ရန် လျာထားသည်။ လက်ရှိတွင် ရေတပ်တပ်ရင်းဘတ် ဂျက်ဖြင့် ၄ လုံး စိုက်ပျိုးရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် စက် ၁ လုံး ထပ်တိုးလာ ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ ထပ်တိုး စက်များကို လောင်းလုံး၊ ပုလော၊ ကျွန်းစု၊ […]