ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော CDM လက်ထောက်ပညာရေးမှူးနှင့် နှစ်ဦး ကားတိုက်ခံရပြီး သေဆုံး

diz_admin

December 13, 2021

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၏ CDM လက်ထောက်ပညာရေးမှူးနှင့် အမျိုးသမီးငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးကာ အခြားအမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ပုလောပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အသက် ၂ဝ မှ ၂၅ နှစ် ကြားအရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီခန့်တွင် ကားတိုက် ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။ အသက် ၅၇ နှစ်အရွယ် ဦးသာဝင်းနှင့် မိန်းကလေးငယ် နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ နောက်အမျိုးသမီးငယ်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရသဖြင့် ပုလောဆေးရုံတွင် ဆေးကုသမှုခံယူ နေရပြီး […]

ထားဝယ်သပိတ် ဦးဆောင်သူတစ်ဦး ထောင်ဒဏ် ၁၁ နှစ် ချခံရ

diz_admin

December 13, 2021

နိုဝင်ဘာလ ၂၀ အထိ ထောင်တွင်း အမိန့်ချခံရပြီး အကျဉ်းကျခံနေရသူ ၄၀ ရှိ ထားဝယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုချစ်နိုင်သည် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန်သည်။ ကိုချစ်နိုင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပါအဝင် အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁ ကျခံရန် ယခု ဒီဇင်ဘာလအတွင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထားဝယ်အကျဉ်းထောင်အတွင်းရှိ ထောင်တွင်းတရားရုံး (အထူးတရားရုံး) တွင် အမိန့်ချခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အသက် ၁၉ နှစ်အရွယ် ကိုချစ်နိုင်သည် ထားဝယ်တက္ကသိုလ်တွင် ပထဝီဘာသာ အဝေးသင် ပထမနှစ် ကျောင်းသားဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့က ထားဝယ်မြို့သစ် ၇ […]

ပေါင် ရဲစခန်းတွင် အချုပ်သားများ အစုလိုက် ကိုဗစ်ကူးစက်ခံရ

diz_admin

December 12, 2021

မွန်ပြည်နယ် ပေါင်မြို့ မြို့မရဲစခန်းတွင် အကျဉ်းကျနေသည့် အချုပ်သားများ ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကူးစက်ခံထားရကြောင်း သိရသည်။ ပေါင်မြို့မရဲစခန်းတွင် နေမကောင်းဖြစ်နေသည့် အချုပ်သားတစ်ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ဆေးခဲ့ရာမှ ရောဂါပိုး စတင်တွေ့ရှိခဲ့သည်။ ထိုနောက် အဆိုပါ ကိုဗစ်ရောဂါပိုးတွေ့ရှိသည့် အချုပ်သားနှင့် ထိတွေ့ဆက်စပ်နေသည့် အချုပ်သား ၃၂ ဦးကို ထပ်မံစစ်ဆေးခဲ့ရာ အချုပ်သား ၁၆ ဦးတွင် ရောဂါပိုး ထပ်မံတွေ့ခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူထံမှ သိရသည်။ ရောဂါပိုးတွေ့ရှိသည့် အချုပ်သားများကို သီးခြားထားပြီး ဆေးကုသမှုပေးထားကြောင်း ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည်လည်း ကောင်းမွန်နေကြောင်း သိရသည်။ ပေါင်မြို့နယ်အတွင်း အောက်တိုဘာလကတည်းက ကိုဗစ်ကူးစက်လူနာအသစ်များ တွေ့ရှိမှုမရှိခဲ့ဘဲ ယခု ဒီဇင်ဘာလအတွင်း၌ ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း […]

ရေဖြူရွာတွင် ဆိုင်ကယ်အမြောက်အများ အသိမ်းခံရပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

diz_admin

December 12, 2021

ထားဝယ်ခရိုင်၊ ရေဖြူကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၁ ရက် ညက ဆိုင်ကယ်အမြောက်များ သိမ်းဆည်း ခံရပြီး ယနေ့ (ဒီဇင်ဘာ ၁၂) နံနက်တွင် ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းသဖြင့် ပြန်သွားရွေးနေကြကြောင်း ဒေသခံအချို့က ပြော သည်။ ရေဖြူကျေးရွာအုပ်စု ရေဖြူဈေးအနီးက ဒေသခံများ၊ ‌ပိန္နဲတော၊ ကဒက်ငယ်ထိန်ကျေးရွာ ဒေသခံတို့ထံမှာ ဆိုင်ကယ် အမြောက်အများ သိမ်းဆည်းခံရခြင်းဖြစ်ကြောင်း အဆိုပါ ကျေးရွာများမှ ဒေသခံများထံမှ သိရသည်။ အထက်ပါ ကျေးရွာများသို့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးချိန်၌ ဆိုင်ကယ်များကို သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ဂေါ့အင်းစာသင်းကျောင်း တပ်စွဲထားတဲ့နေရာမှာ သွားရွေးနေကြတယ်။ တစ်စီးကို ဘယ်လောက် ဆိုပြီး မဟုတ်ဘူး။ သူတို့နဲ့ […]

စော်ဖျားရွာတွင် နေအိမ် သုံးလုံး မီးရှို့ခံရ

diz_admin

December 11, 2021

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး အသတ်ခံရပြီးနောက် တစ်ရက်အကြာတွင် နေအိမ်သုံးလုံး မီးရှို့ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ အသက် ၄၀ ခန့်ရှိ ဦးကျော်ဆန်းဦး ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၇နာရီခန့်တွင် အသတ်ခံရပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၁) မွန်းလွဲပိုင်းတွင် ကျေးရွာတွင်းရှိ နေအိမ် သုံးလုံး မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “စစ်သားလူထွက် ဒလန်လုပ်နေတယ်ဆိုပြီး ပြောကြတာပဲ။ အဲဒါကြောင့် လာရှင်းပစ်တယ်ဆိုပြီး ပြောကြတာပဲ။ ဘယ်သူ ရှင်းတယ်ဆိုတာလဲ မသိဘူး” ဟု ‌စော်ဖျားရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်လာပြီးနောက် နေအိမ် သုံးလုံး မီးရှို့ခံလိုက်ရကြောင်း ၎င်းက ပြောသည်။ […]

ထားဝယ်တွင် လူငယ် ခုနစ်ဦးထက်မနည်း အဖမ်းခံရ

diz_admin

December 11, 2021

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) ပြုလုပ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ထားဝယ်တွင် လူငယ် ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။ ဖမ်းဆီးခံရသည့် လူငယ်များတွင် ဆေးကုမ္ပဏီဝန်ထမ်း သုံးဦး၊ GTC ကျောင်းသူတစ်ဦး ပါဝင်သည်ဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ဖမ်းဆီးခံရသည့် လူငယ်ရှစ်ဦးဟုလည်း သတင်းများထွက်ပေါ်နေပြီး Dawei Watch အနေဖြင့် ဖမ်းဆီးခံရ သူ စာရင်းအတိအကျ သိရှိရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်က ဆေးကုမ္ပဏီဝန်ထမ်း ကိုကောင်းထက်စွမ်းမှာ ထားဝယ်မြို့ ရွှေပလောင်ဆိုင်အနီးတွင် အဖမ်းခံရကြောင်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ယင်းနောက် မိနစ် ၂၀ ခန့်အကြာတွင် […]

ပုလော KNUထိန်းချုပ်နယ်မြေတွင်PRDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

December 11, 2021

ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအနီးတွင် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PRDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ ၁၁) ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရှိရသည်။ နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဂျက်ဂါးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၄) ၊ တပ်ခွဲ (၇) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးရင်းပင်ရှောင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသည်ဟုကြားသိရပြီး […]

စစ်တပ်က စစ်ဆေးနေသဖြင့် လောင်းလုံးက လယ်သမားများ အခက်တွေ့

diz_admin

December 10, 2021

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသောကြောင့် လယ်ထဲဆင်း စပါးရိတ်သိမ်းရန်၊ စပါးသယ်ရန် လောင်းလုံးမြို့နယ်ရှိ ကျေးရွာ လေးရွာထက်မနည်းမှ ရာနှင့်ချီသည့် လယ်သမား အခက်အခဲကြုံတွေ့ နေကြကြောင်း အဆိုပါလယ်သမားများထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၉ ရက်က လောင်းလုံးမြို့နယ်တောင်ပိုင်း ကညုံးကျွန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမူများ လုပ်ဆောင်ပြီးနောက် လယ်ထဲဆင်းမည့် လမ်းတလျှောက်ကို ယနေ့ (ဒီဇင်ဘာ ၁၀) လည်း စစ်ဆေးတင်းကြပ်နေဆဲဖြစ်ကြောင်း လယ်သမားအချို့က ပြောသည်။ လယ်ထဲဆင်းလမ်း တလျှောက်ရှိ ကညုံးကျွန်းကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်း၊ ‌ကထောင်နီကျေးရွာ၊ လေးသွန်းခံကျေးရွာ လမ်းဆုံအချို့တွင် စစ်ကောင်စီတပ်များနေရာယူကာ လမ်းသွားလမ်းလာများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်စစ်ဆေးခံခဲ့ရသည့် လယ်သမားအချို့က ဆိုသည်။ ယင်းသို့ စစ်ဆေးနေသဖြင့် ယင်းအခက်အခဲများကို လေးသွန်းခံ၊ ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်း စသည့် ကျေးရွာတို့မှ […]