စက်သုံးဆီဈေး အနည်းငယ်ပြန်ကျနေသော်လည်း ထားဝယ်တွင် ဈေးမြင့်နေဆဲ
diz_admin
July 15, 2022စက်သုံးဆီတစ်လီတာ ကျပ်နှစ်ထောင်ကျော် သုံးထောင်နီးပါးအထိ ဈေးမြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်ကျလာသော်လည်း ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ဈေးတင် ရောင်းချနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် တိုင်းနှင့် ပြည်နယ်အလိုက် ရောင်းချ ရမည့် ရည်ညွှန်းဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်နေရာ ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ယင်းသတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချနေကြခြင်းဖြစ်သည်။ ယနေ့ (ဇူလိုင် ၁၅) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ချက်အရ ထားဝယ်တွင် ၉၂ တစ်လီတာ ၁၇၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၆၀ ကျပ်နှင့် ဒီဇယ်ဈေးနှုန်းမှာ အမျိုးအစား အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ၂၂၅၅ ကျပ်အထိ ရောင်းချရမည်ဖြစ်သည်။ သို့သော် ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ၉၂ တစ်လီတာလျှင် အနိမ့်ဆုံး […]


