ပုလောတိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးများကြောင်း ထုတ်ပြန်
diz_admin
July 14, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတိုက်ပွဲတွင် KNU က ဗိုလ်တစ်ဦးနှင့် PDF တပ်ခွဲမှူးအပါအဝင် သုံးဦးကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင် ၁၄) ထုတ်ပြန်သည်။ ဇူလိုင်လ ၁၃ ရက် နံနက်က ပဝတ်ကုန်းကျေးရွာဘုန်းကြီးကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မဟာမိတ်တပ်များက လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ တိုက်ပွဲအတွင်း KNU တပ်မဟာ ၄ တပ်ရင်း (၇) က ဗိုလ်ဖအေးနှင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က တပ်ခွဲမှူး စော်ဘွားတို့ ကျဆုံးခဲ့ရကြောင်း KPDF ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်သည်။ ‘နန်းထိုက်အောင် စစ်ဆင်ရေး’ ဟု အမည်ပေးထားသည့် အဆိုပါထိုးစစ်ဆင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က […]


