လောင်းလုံးတွင် ကလေးတစ်ဦးအသတ်ခံရမှုအပေါ်အခြေခံကာ စစ်ကောင်စီဟောပြောစည်းရုံး
diz_admin
July 11, 2022လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ကလေးတစ်ဦး အသတ်ခံရသည့်အပေါ် အခြေပြု၍ စစ်ကောင်စီက ပြည်သူများကို ဟောပြောစည်းရုံးနေကြောင်း လမ်းသွား၊ လမ်းလာခရီးသည်အချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ အဝင်အထွက်နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး မော်တော်ယာဉ်များ၊ လမ်းသွားလမ်းလာများကို တားကာ ဟောပြောမှုကို နားထောင်ပြီးမှ ခရီးဆက်သွားခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။ “အဓိကကတော့ PDF တွေက အပြစ်မဲ့ကလေးတွေကို လိုက်သတ်နေလို့ သူတို့အနေနဲ့ လုံခြုံရေး လုပ်ပေးနေရတယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အခုဟောပြောလိုက်တာကို မိသားစု၊ ဆွေမျိုးတွေကို တစ်ဆင့်ပြန်ပြောပြပေးပါဆိုပြီး မှာတယ်” ဟု ယနေ့ (ဇူလိုင်၁၁) နံနက်ပိုင်းတွင် ကိုယ်တိုင်နားထောင်ခဲ့ရသူတစ်ဦးက ပြောဆိုသည်။ ပြည်သူများ လုံခြုံရေးအတွက် စစ်ဆေးနေခြင်းသာဖြစ်သောကြောင့် စိုးရိမ်စိတ်မထားဘဲ ခရီးသွားကြရန်လည်း ထည့်သွင်းဟောပြောစည်းရုံးနေကြောင်း အခြားခရီးသည်တစ်ဦးက ဆိုသည်။ ဇူလိုင်လ ၉ […]


