ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း NLD ထုတ်ပြန်

diz_admin

July 9, 2022

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ (ဇူလိုင် ၉) ထုတ်ပြန်လိုက်သည်။ သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ကော်မရှင်အသစ်ဖွဲ့ခြင်းမှာ တရားမဝင်သဖြင့် ယင်းအဖွဲ့၏ လုပ်ဆောင်ချက် အားလုံးကို လက်မခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များ အားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှု မရှိပါကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတိုင်းပြည်အခြေအနေ လွန်စွာဆိုးဝါးနေစဉ် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရန်အတွက် နောက်ထပ် ရွေးကောက်ပွဲတစ်ခုကျင်းပရန် စစ်ကောင်စီက ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   NLD သည် ၂၀၂၀ […]

တနင်္သာရီ လယ်သစ်ရွာက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

July 9, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၀ ဝန်းကျင်ရှိ ကိုလွန်း (ခေါ်) ကိုဝင်းစိုးဟုသိရပြီး ၎င်းသည် သာမန်အရပ်သား တစ်ဦးဖြစ်ကာ မူးယစ်ဆေးသုံးစွဲမှုကြောင့် လက်ရှိအခြေအနေတွင် စိတ်မူ မမှန်သူဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ “ကြောင်ပြီး ရွာထဲကို တစ်ယောက်တည်း ဝင်သွားတော့ စစ်တပ်ကဖမ်းလိုက်တာ။ ရွာထဲကို ဘယ်သူမှ သွားကြတာ မဟုတ်ဘူး” ဟု ဒေသခံအမျိုးသား ကပြောသည်။ လယ်သစ်ရွာတွင် တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်မှာ လချီကြာလာပြီဖြစ်ပြီး ယနေ့အထိ ရွာမပြန်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။ ကိုလွန်းသည် ဇူလိုင်လ ၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ထိပ်ခတ်ကာ မြိတ်မြို့ဘက် စက်လှေဖြင့်ခေါ်ဆောင်သွားသည်ကို […]

သောက်ရေသန့်ဈေးမြင့်လာပြီးနောက် ရောင်းအားကျဆင်း

diz_admin

July 9, 2022

မြိတ်မြို့အတွင်း ဖြန့်ဝေနေသည့် သောက်ရေသန့်များ ဈေးမြင့်တက်ခဲ့ပြီးနောက် ရောင်းအားလျော့ကျလာကြောင်း ရေသန့်ဖြန့်ဝေနေသူများထံမှ သိရသည်။ လီတာ ၂၀ ဝင် သောက်ရေသန့်တစ်ဘူးကို ပြီးခဲ့သည့်နှစ်က ကျပ် ၅၀၀ သာရှိခဲ့ပြီး ယခုနှစ် မတ်လမှစတင်ကာ တဖြေးဖြေး ဈေးတက်လာပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ကျပ် ၉၀၀ သို့ ဈေးတက်လာခဲ့သည်။ ယင်းသို့ ကျပ် ၉၀၀ ဖြစ်ပြီးနောက် သောက်ရေသန့်မှာယူမှု ကျဆင်းလာသည်ဟု သောက်ရေသန့်ဖြန့်ဝေနေသူများက ပြောသည်။ ယခင်က တစ်နေ့လျှင် ၂၀ လီတာဝင်ဆန့် ရေသန့်ဘူး ၇၀၀ ခန့် လဲလှယ်နေရာမှ ၉၀၀ ကျပ်သို့ ဈေးတက်ပြီးနောက် ဘူးရေ ၅၀၀ ခန့်သာ လှဲပေးရတော့ကြောင်း သောက်ရေသန့်ဖြန့်ဝေနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။ “စီးပွားရေးကျပ်တည်းတော့ ရေလည်း အရင်လို […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

July 8, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ ဆဲဗင်းဂျူလိုင်နေ့သပိတ် ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံရ ဆဲဗင်းဂျူလိုင် (ဇူလိုင်)နေ့အရေးတော်ပုံ နှစ် ၆၀ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ပြုလုပ်နေသည့် စစ်အာရှင်ဆန့်ကျင်ရေးသပိတ်တစ်ခုမှာ ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံလိုက်ရသည်။ ယင်းဖြစ်ရပ်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းအရ နံပတ်ပြား 7J 5050 တပ်ထားသည့် တိုယိုတာ ဘယ်လ်တာ အဖြူရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းပြင်းဖြင့် ဆန္ဒပြလူငယ်များကို ဝင်တိုက်ရာ လူငယ်အမျိုးသားတစ်ဦး လွှင့်စင် သွားသည်ကို တွေ့ရသည်။ ယင်းကားမှာ မှတ်ပုံတင်ထားခြင်း မရှိသည့် ကားဖြစ်နေသည်။ ယင်းလုပ်ရပ်မှာ စစ်ကောင်စီလက်ချက်ဖြစ်သည်ဟု သပိတ်ဆင်နွှဲသူများက ပြောဆိုထားသည်။ ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး […]

သရက်ချောင်း စုံစင်ဖျားရွာထဲတွင် တပ်စွဲထားသောကြောင့် ရွာသားအချို့ပြောင်းရွှေ့

diz_admin

July 8, 2022

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာထဲတွင် စစ်ကောင်စီတပ်က တပ်လာစွဲထားတာကြောင့် ဒေသခံရွာသားအချို့ အခြားနေရာကို ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောသည်။ တောင်ပျောက်တိုက်နယ်အတွင်း ဇွန်လကုန်ပိုင်းတွင် စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ် များသည် သဲချောင်းကြီးရွာ ရဲကင်းစခန်းနှင့် ကပ်လျက်ရှိနေသည့် ထားဝယ်-မြိတ်သွား ကားလမ်းမဘေးရှိ စုံစင်ဖျား ကျေးရွာ မီးသတ်ရုံး၊ စာသင်ကျောင်းနှင့် ရွာထဲမှ နေအိမ်နှစ်လုံးတွင် တပ်လာစွဲထားကြောင်း ၎င်းတို့က ဆိုသည်။ စုံစင်ဖျားရွာတွင် တပ်လာစွဲထားသည်မှာ ၁၀ ရက်ခန့်ရှိလာပြီ ဖြစ်သည်။ ယင်းသို့ တပ်လာစွဲထားသဖြင့် စိုးရိမ်ထိတ်လန့်ကာ ဒေသခံများ အခြားကျေးရွာအချို့သို့ ပြောင်းရွှေ့နေထိုင်ကြ ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်း ယင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်ရှိအနေအထားကတော့ ကောလာဟလ အသံကြားရင်းနဲ့ နောက်ထပ် ဒီထက်ကြမ်းတဲ့ တပ်တွေလာမယ် ဆိုတော့ လူတွေကက ပြေးကြတာ။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

July 8, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အီတလီရေခဲတောင်ပြိုကျလို့ လူ ၇ ယောက်သေဆုံး အီတလီနိုင်ငံမြောက်ပိုင်း၊ အဲ့လ်ပ်စ်တောင်တန်းက မာမိုလာဒါရေခဲတောင်သည် ဇူလိုင် ၃ ရက်နေ့မှာ ပြိုကျခဲ့လို့ အနည်းဆုံး လူ (၇) ဦးသေဆုံးခဲ့ကာ နောက်ထပ် ဒဏ်ရာရရှိသူ ၈ ဦးထဲက ၂ ဦးမှာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့အရေးပေါ်ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ သေဆုံးတဲ့ (၇) ဦးထဲက (၃)ဦးဟာ အီတလီနိုင်ငံသားတွေဖြစ်ပြီး (၂)ဦးက လမ်းပြတွေလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။ ဘာကြောင့် ရေခဲတောင်ပြိုကျတယ်ဆိုတာ တိတိကျကျမထုတ်ပြန်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာ အဲဒီနေရာဟာ သာမန်အပူချိန်ထက်မြင့်တက်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ပြောခွင့်ရသူ ဝေါ်တာ မီလန်က အီတလီအစိုးရရုပ်သံကိုပြောကြားထားပါတယ်။ […]

မြိတ်တွင်စက်သုံးဆီ တစ်လီတာ ၆၀၀ ကျပ်နီးပါးဈေးကျ

diz_admin

July 8, 2022

မြိတ်မြို့ရှိ စက်သုံးဆီဈေးကွက်တွင် ယနေ့ (ဇူလိုင် ၈) 92 အောက်တိန်းတစ်လီတာလျှင် ၆၀၀ ကျပ်နီးပါးအထိ ဈေးကျဆင်းခဲ့ကြောင်း ဆီဆိုင်များထံမှ သိရသည်။ ယခင်က 92 အောက်တိန်း တစ်လီတာလျှင် ၂၆၂၅ ကျပ်မှ ၂၀၄၅ ကျပ်ဖြင့် ရောင်းချနေကြသဖြင့် ၅၈၀ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။ “ဆီဈေးက စစ်ကောင်စီက သတ်မှတ်ပေးတဲ့ဈေးနဲ့ ရောင်းနေကြရတာ။ ဈေးတက် ဈေးကျက သူတို့ပဲလုပ်ကြတာ” ဟု မြိတ်တောင်ရပ်ရှိ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ထို့အပြင် ၉၅ အောက်တိန်းတစ်လီတာလျှင် ၂၇၁၅ ကျပ်မှ ၂၃၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၆၅ ကျပ်မှ ၂၃၅၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။ “အခုမှပဲ နည်းနည်းအသက်ရှုချောင်သွားတာ၊ တစ်ရက်တစ်ရက် ဆီဖိုးငါးထောင်ကျော် ကုန်နေတာ” […]

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရ

diz_admin

July 8, 2022

ဂျပန်နိုင်ငံ နာရာမြို့ အခမ်းအနားတစ်ခုတွင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ သဖြင့် လဲကျသွားခဲ့ကြောင်း နောက်ဆုံးရသတင်းများက ဖော်ပြထားသည်။ မစ္စတာအာဘေးကို သေနတ်ဖြင့် နှစ်ချက်ပစ်ခဲ့ပြီး ၎င်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း ၊ ၎င်းကို ပစ်ခတ်လုပ်ကြံသူကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သတင်းများအရ သိရသည်။ မစ္စတာအာဘေးသည် နှလုံးရပ်မည့် အနေအထားကြုံနေရကြောင်း တိုကျိုမြို့တော်ဝန်ဟောင်း ယိုချီမာဆူဇိုး က Twitter တွင် တင်ထားသည်။ အဆိုပါ အသုံးအနူန်းမှာ သေလုမျောပါးဖြစ်နေသည့် အနေအထားကို ဆိုလိုခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော ဗီဒီယိုများအရ ဆေးဝါးကုသရေးဝန်ထမ်းများက လမ်းမတွင် လဲနေသည့် မစ္စတာအာဘေးကို ပွေ့ထားသည့် ရုပ်ပုံများ တွေ့မြင်ရသည်။ ယခုအခါ ရှင်ဇိုအာဘေး ဆေးရုံသို့ ရောက်နေပြီဖြစ်သည်။ နာရာမြို့ရှိ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မစ္စတာအာဘေးက မိန့်ခွန်းပြောပေးနေစဉ် […]