ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောအရှေ့ဖျားတွင် လက်နက်ကြီးကျည်ကျပြီး လူငယ်တစ်ဦးထပ်မံသေဆုံး

diz_admin

July 19, 2022

ပုလောမြို့နယ် ပိန္နဲတောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ် အရှေ့ဖျားရွာဖြစ်သည့် ပိန္နဲတောင်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နံနက် ၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။ “ပစ်တာက ည ၉ နာရီလောက်ကစပြီး (ရွာတွေကို) လျှောက်ပစ်နေတာ။ ရွာထဲ သုံးလုံးလာကျတယ်။ နှစ်လုံးပေါက်တယ်။ တစ်လုံးက မကွဲဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူသည် ပုလောမြို့နယ်၊ တိုကျေးရွာမှ ခေတ္တပြောင်းရွှေ့လာရောက်နေထိုင်သူဖြစ်သည့် မောင်ဇင်ဝိုင်းဟု သိရကြောင်း ဒေသခံများက ပြောသည်။ “သူက လူပျိုပဲသေး။ လာနေတာ သိပ်မကြာသေးဘူး” ဟု […]

ဘီးလင်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက် ငါးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

diz_admin

July 18, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းမ သပြေနီကျေးရွာ သံတံတားအနီးတွင် ယနေ့ နံနက်ပိုင်းက ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ငါးဦးသေဆုံးကာ ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်သို့ မောင်းနှင်းလာသည့် ဟိုက်ဂျက်ယာဉ်သည် သံတံတားအနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦး သေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကားက အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ပြင်းထန်ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန်၊ သထုံနှင့် ဘီးလင်း ဆေးရုံတို့သို့ […]

တောင်ပျောက်တိုက်နယ်တွင် ၂ ပတ်ကြာတိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးများရှိ

diz_admin

July 18, 2022

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ နှစ်ပတ်တာကာလအတွင်း တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ကိုးဦးကျဆုံးကြောင်း PDF အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင် ၇ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-T5 က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၅ ရက်တွင် ကစယ်ဒိုကျား တပ်ဖွဲ့က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၀ ရက်တွင် DDF က ရဲဘော် တစ်ဦး၊ တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်လေးဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင်လ ၂ ရက်နှင့် ၃ […]

ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီး အမျိုးသားအလောင်းတွေ့

diz_admin

July 18, 2022

လောင်းလုံးမြို့နယ် ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီးတွင် ယနေ့ (ဇူလိုင် ၁၈) မွန်းလွဲ ၂နာရီခန့်က အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ ကြည့်မျှော်တောင်ဘုရားမှာ စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားတွင် တည်ရှိသည်။ သေဆုံးနေသူသည် သက်လတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး မည်သူမည်ဝါမှန်း မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။ အလောင်းနံဘေးတွင် ဆိုင်ကယ်တစ်စီး၊ ကြက်ကောင်ရေ အနည်းငယ်နှင့် ခြင်းတစ်လုံးတွေ့ရသည်ဟု ၎င်းတို့၏ ပြောကြားချက်အရသိရသည်။ ၎င်းရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတွေ့ရပြီး မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသွားသည်ကို မသိရသေးကြောင်း ဒေသခအချို့က ဆိုသည်။ “ဒီရွာနားကတော့ မဟုတ်ဘူးဆိုတာ သေချာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ညနေ ခြောက်နာရီခွဲအထိ အလောင်းလာ မကောက်ကြသေးကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါအလောင်းသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အကြောင်းကြောင့်သေဆုံးခဲ့သည်ကို Dawei Watch […]

မြိတ်၊ မြို့သစ်ရပ်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

diz_admin

July 18, 2022

မြိတ်မြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ‌‌သော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသခံများ ထံမှသိရသည်။ အုပ်ချုပ်ရေးမှူးရေးရုံးကို ယနေ့ (ဇူလိုင် ၁၈) မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် လက်လုပ်ဗုံးဖြင့် လာရောက်ပစ်သွားခြင်းဖြစ်ပြီး ဗုံးမှာရုံးအပါ်ထပ်သို့ ရောက်ရှိခြင်းမရှိဘဲ ရုံးအောက်ထပ် လျှပ်စစ်ပစ္စည်းဆိုင်ရှေ့သို့ ပြန်ကျလာကြောင်း ဒေသခံများ ကပြောသည်။ “အောက်ကို ပြန်ကျပြီး တရှူးရှူးနဲ့ မီးခိုးတွေထွက်သွားတယ်။ ပေါက်ကွဲတာမရှိဘူး”ဟု ဒေသခံအမျိုးသမီး ကပြောသည်။ ဗုံးကို စစ်ကောင်စီတပ်က လာရောက်သိမ်းဆည်းခဲ့ပြီးနောက် လာရောက်ပစ်သွင်းသူများကို CCTV တွင်ရှာဖွေနေကြောင်း ၎င်းတို့ကပြောပြသည်။ ဗုံးပစ်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်က လမ်းဆုံလမ်းခွများတွင် အစစ်အဆေး တင်းကျပ်နေသည်ဟု ဒေသခံများ ကဆိုသည်။ ဇူလိုင် ၁၆ ရက်နံနက်ကလည်း မြိတ်မြို့၊ရေပုန်းရပ်ကွက် ဘုံပျံကျောင်းအနီး ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။ ယင်းပေါက်ကွဲမှု ကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က “နန်းထိုက်အောင်”စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီ စီးလာသည့်ကားအား […]

မြိတ် တုံးဗျောရွာမှ ပျူစောထီး ဒုခေါင်းဆောင် သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး

diz_admin

July 18, 2022

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာနေ ပျူစောထီး ဒုခေါင်းဆောင်မှာ ယနေ့နံနက်တွင် မြိတ်စစ်ဆေးရုံ၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မနေ့ညက နေအိမ်မှ ကားဖြင့်ထွက်လာသည့် ပျူစောထီးခေါင်းဆောင်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိ အုပ်စုတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် ပျူစောထီးဒုခေါင်းဆောင် ဇူဘိုင်နှင့် ကားပေါ်လိုက်လာသည့် ပျူစောထီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ ယင်းပစ်ခတ်ခံရမှုကြောင့် ပျူစောထီး ဒုခေါင်းမှာ ဦးခေါင်းကျည်ထိကာ မြိတ်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ယနေ့အာရုံတက်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။ “ရွာကိုပြန်သယ်လာပြီး နေ့လယ်လောက်မှာ မြေမြုပ်သင်္ဂြိုဟ်မယ်လို့ သိရတယ်။ ကျန်တစ်ယောက်ကတော့ ဆေးရုံမှာပါ”ဟု ဒေသခံအမျိုးသား ကပြောသည်။ လာရောက်ပစ်ခတ်သူများမှ ပျူစောထီးများ ကိုင်ဆောင်သည့် သေနတ်အရှည်နှစ်လက်ကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံများကပြောသည်။ မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကိုမူ မသိရဟု […]

ညင်းမော်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

diz_admin

July 18, 2022

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် မနေ့ည(ဇူလိုင် ၁၇)က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ညင်းမော်ရွာသား ဦးကျော်စိုးဆိုသူဖြစ်ပြီး ယင်းနေ့ည ရှစ်နာရီ ကျော်ကျော်ခန့်က အမျိုးသမီး နှင့်အတူရှိနေစဉ် ၎င်း၏နေအိမ်၌ပင် ပစ်သတ်ခံရခြင်းဖြစ်သည်။ ရွာထဲတွင် ညကသေနတ်သံ ဆယ်ချက်ထက်မနည်းကြားရသည်ဟု ဒေသခံများက ပြောဆိုသည်။ “ဒဏ်ရာက မျက်နှာမှာများတယ် မေး‌‌စေ့မှာတစ်ချက်၊ ဝဲဘက်ပါးမှာတစ်ချက်၊ နဖူးမှာသုံးချက် ဦးခေါင်းထိပ်မှာတစ်ချက် နောက်စေ့ကတော့ ပွင့်ထွက်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ အမျိုးသားသည် ညင်းမော်ရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲ အကြိုကာလများတွင် ကျေးရွာ ပါတီဥက္ကဌဖြစ်သူနှင့် မဲဆွယ် စည်းရုံးရေးခရီးစဉ်များတွင် လိုက်ပါလေ့ရှိသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းအမျိုးသား၏ မိသားစုဝင်များမှာ လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်ခန့်က လောင်းလုံးနှင့်ညင်းမော်ရွာကြားရှိသော ရဲတပ်ဖွဲ့ သက်သာ စိုက်ပျိုးရေးခြံကို […]

ရေဖြူ မူးဒူးရွာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ပစ်သတ်ခံရ

diz_admin

July 17, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇနီး၏ တူတော်စပ်သူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ပစ်သတ်ခံရသဖြင့် သေဆုံးသွားသူမှာ ဦးပိုင်သန်းဆိုသူဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဇနီးဖြစ်သူ၏ တူတော်စပ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။   ဦးပိုင်သန်းသည် ရွာထိပ်တွင် နေထိုင်ပြီး နေအိမ်အနီးက ၎င်းအလုပ်လုပ်သည့် ရော်ဘာခြံအနီးတွင် ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။  ပစ်ခတ်သံကြားရပြီးနောက် ရွာသားများ သွားရောက်ကြည့်ရှုချိန်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။  ဦပိုင်းသန်းဆိုသူမှာ သွေးသောက်အဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီတပ်၏ လမ်းပြတစ်ဦးလည်းဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇင်ယော်တပ်စုက ထုတ်ပြန်သည်။  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အိမ်တိုင်ရာ‌ရောက် လမ်းပြပေးသူဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က […]