ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာငွေတန်ဖိုးကျ၊ ဘတ်-ကျပ်လဲနှုန်း စျေးအပြောင်းအလဲများနေ

diz_admin

July 21, 2022

မြန်မာနိုင်ငံရေး အခြေအနေနှင့် မူဝါဒအပြောင်းအလဲများကြောင့် မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ကျပ်နှင့်ဘတ် ငွေလဲနှုန်းမှာလည်း အပြောင်းအလဲ အတက်အကျများနေကြောင်း ငွေလဲလုပ်ငန်းများထံမှသိရသည်။ ယနေ့ မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ အများဆုံး ၁၆၈၀ ကျပ်အထိပေါက်ခဲ့ပြီး ဘတ် ၁၆၀၀ အထိပြန်ကျလိုက်တက်လိုက်ဖြင့် တစ်ရက်အတွင်း ငွေလဲနှုန်းပေါက်စျေး ၁၀ ကြိမ်ကျော်ကျော် အပြောင်းအလဲရှိခဲ့ကြောင်း မြန်မာငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။ ယနေ့ မနက်ပိုင်းထိုင်းဘတ်ငွေဈေးနှုန်းမှာ ဘတ်ပေး ကျပ်ယူအဖြစ် မြန်မာငွေတစ်သိန်းလျှင် Kpay ဖြင့် ၁၆၅၀ ဘတ်၊ Wavepay ဖြင့် ၁၆၇၀ ဘတ်နှင့် အိမ်ထုတ်သမားများအနေဖြင့် ဘတ် ၁၆၃၀ ဈေးရှိခဲ့ရာ ညနေပိုင်းတွင် အကုန်လုံး ၁၆၀၀ ဘတ်ဈေး ဖြစ်သွားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သော ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်ဈေးနှုန်းများအရ မြန်မာငွေ ကျပ်တစ်သိန်းလျှင် ဘတ် ၁၇၀၀ ဝန်းကျင်ခန့်ရှိခဲ့ရာမှ […]

သီရိလင်္ကာပြဿနာဟာ တခြားအာရှနိုင်ငံတွေအတွက် သတိပေးခေါင်းလောင်းထိုးသံပါ

diz_admin

July 21, 2022

သီရိလင်္ကာနိုင်ငံဟာ မကြုံစဖူး နက်ရှိုင်းလှတဲ့ စီးပွါးရေး အကျပ်အတည်းထဲကို ရောက်သွားခဲ့ပြီး ဆန္ဒပြပွဲကြီးတွေ ဖြစ်လာခဲ့ပြီးတော့ သမ္မတလည်း နုတ်ထွက် တိုင်းပြည်က ထွက်ပြေးသွားရပါပြီ။ ဒါပေမဲ့ တခြားနိုင်ငံတွေလည်း အလားတူ ပြဿနာတွေ ကြုံရနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲက ပြောကြားပါတယ်။ “ကြွေးမြီမြင့်မားနေပြီးတော့ မူဝါဒဆောင်ရွက်မှုဆိုင်ရာ အကန့်အသတ်တွေ ရှိနေတဲ့ နိုင်ငံတွေဟာ ထပ်ဆောင်း ဝန်ထုပ်ဝန်ပိုးတွေကို ကြုံရနိုင်ပါတယ်။ သီရိလင်္ကာဟာ သတိပေး အချက်ပြမှုပါပဲ” လို့ IMF ရဲ့ စီမံမှုဒါရိုက်တာ ခရစ္စတယ်လီနာ ဂျီယိုဂျီဗာ က ပြောကြားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၄ လဆက်တိုက် ရင်းနှီးမြှုပ်နှံမှုတွေ ပြည်ပကို ပြန်လည်ထွက်ခွါမှုတွေ ကြုံခဲ့ရပြီးတော့ တိုးတက်တဲ့ စီးပွါးရေးနိုင်ငံတွေ ဖြစ်ဖို့ မျှော်မှန်းမှုက မသေချာ မရေရာမှုတွေ ရှိနေပါတယ်။ […]

ထားဝယ်တွင် ဘဏ်အပ်ငွေ ရာခိုင်နှုန်းပေးပြီး ထုတ်သူများလာ

diz_admin

July 21, 2022

ပုဂ္ဂလိကဘဏ်‌များ ဒေဝါလီခံမည်ဆိုသည့် ကောလာဟလသတင်းကြောင့် ထားဝယ်မြို့တွင် ဘဏ်အပ်နှံငွေများကို ရာခိုင်နှုန်းပေးပြီး ပြန်ထုတ်သူများလာကြောင်း စုံစမ်းသိရှိရသည်။ ဘဏ်အပ်နှံငွေများကို သက်ဆိုင်ရာဘဏ်က အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသဖြင့် ငွေထုတ်လိုသူများမှာ ဘဏ်အကောင့်ထဲမှငွေကို ငွေသားပေးမည့်သူထံလွှဲပြောင်းပေးပြီး  သတ်မှတ်ရာခိုင်နှုန်းပေးကာ ငွေသားထုတ်ယူကြခြင်းဖြစ်သည်။ ပြည်သူများမှာ ဘဏ်တွင်အပ်ထားသည့် မိမိပိုင်ငွေကို အလွယ်တကူထုတ်မရသဖြင့် ပြင်ပတွင် အမြတ်ပေးကာ အရှုံးခံထုတ်နေရခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဘဏ်အပ်ငွေကို ရာခိုင်နှုန်းပေး ထုတ်ယူသူများလာသဖြင့် ယနေ့ပေးရသည့် ရာခိုင်နှုန်း တက်သွားကြောင်း  ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဇူလိုင်လ ၂၀ ရက်အထိ ကမ္ဘောဇဘဏ်အပ်နှံငွေ ထုတ်ယူခရာခိုင်နူန်းမှာ ၀ ဒသမ ၈ ရာခိုင်နူန်း (သိန်းတစ်ရာထုတ်ရန် ရှစ်သောင်းပေးရ)၊ ဧရာဝတီဘဏ်အပ်ငွေ ထုတ်ယူခမှာ ၀ ဒသမ ၉ ရာခိုင်နူန်း‌ ( ကျပ်သိန်းတစ်ရာထုတ်ရန် ကိုးသောင်းကျပ်ပေးရ) ပေါက်ဈေးရှိရာမှာ ယနေ့ […]

မြိတ်မြို့ စက်သုံးဆီဆိုင်များတွင် ဆီအကန့်အသတ်သာ ဝယ်ခွင့်ရ

diz_admin

July 21, 2022

မြိတ်မြို့‌ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီ လိုသလောက်ဝယ်ယူခွင့်မပေးဘဲ အကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း စက်သုံးဆီဝယ်ယူအသုံးပြုသူတို့ထံမှ သိရသည်။ မြို့တော်အလိုက် စက်သုံးဆီဈေးနှုန်းများကို စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ပေးပြီး ဇူလိုင် ၇ ရက်မှ စတင်ကာ 92 ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်ထောင်အောက် သတ်မှတ်ခဲ့သည်။ ဆီဈေးနှုန်းများကို လျော့ချသတ်မှတ်ပြီးနောက် စက်သုံးဆီဆိုင်တို့တွင် ဆီအကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း မြိတ်မြို့က မော်တော်ယာဉ်မောင်းနှင်သူတို့မှ သိရသည်။ “ဘေးတွဲဖြစ်ဖြစ် သုံးဘီးဖြစ်ဖြစ် တစ်ခါထည့်ရင် သုံးထောင်ဖိုးပဲရောင်းပေးတာ။ ငါးထောင်ဖိုးပေးပါလို့ အောက်ကျို့ခံပြီး ပြောတာတောင် မ‌ရဘူး” ဟု မြိတ်အဝေးပြေးကားဝင်းရှိ သုံးဘီယာဉ်မောင်းနှင်သူတစ်ဦးက ပြောသည်။ စက်သုံးဆီအရောင်းဆိုင်တို့တွင် 92 အောက်တိန်းဓာဆီတစ်လီတာလျှင် ၁၉၇၀ ကျပ်နှုန်းဖြင့် ဝယ်ယူနေရကြောင်း သုံးဘီးယာဉ်မောင်းနင်သူအချို့က ပြောပြသည်။ ၉၂ အောက်တိန်း ဓါတ်ဆီတစ်လီတာလျှင် ၁၈၀၀ ကျပ်ဝန်းကျင် […]

ထိုင်းတွင် ကားတစ်စီး ရေစီးထဲမျောပါ၊ မြန်မာလုပ်သား နှစ်ဦးပျောက်ဆုံး

diz_admin

July 21, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ယနေ့ ကားတစ်စီး ရေထဲမျောပါသွားပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမား နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂ ဦး လိုက်ပါလာသော ပစ်ကပ်ကားသည် ကားလမ်းပေါ် ရေကြီးနေစဉ် ဖြတ်မောင်းရာ ရေစီးသန်မှုကြောင့် လမ်းဘေးမြောင်းထဲသို့ ကျသွားခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။   ချွန်ဘူရီခရိုင် စီရာချာဒေသရှိ စူစဝတ်ရေခဲစက်ရုံအနီးရှိ လမ်းတွင် ယနေ့ (ဇူလိုင် ၂၁) နံနက် ၄ နာရီဝန်းကျင်က ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရေခဲစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ပါသောကားဖြစ်ပြီး ရေခဲများကို တင်ဆောင်လာစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေသော ကားလမ်းမပေါ်ဖြတ်သန်းရာတွင် ရေစီးနှင့်အတူ မျောပါကာ မြောင်းထဲသို့ စောက်ထိုးပြုတ်ကျသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ […]

ထားဝယ်တွင်မိုးရွာသွန်းမှုကြောင့် လမ်းတစ်ချို့ ရေကျော်

diz_admin

July 21, 2022

ထားဝယ်မြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့ မနက်အစောပိုင်းက မိုးရွာသွန်းမှုကြောင့် ဆေးရုံလမ်းနဲ့ မြို့သစ်ရှိ လမ်းတစ်ချို့တွင် ရေကျော်နေသည်ကို တွေ့ရစဉ်

ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

July 20, 2022

မွန်ပြည်နယ်၊ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန်သည် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပစ်သတ်ခံရခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းသည် အသုဘပို့ရင်း သုဿာန်တွင်ရှိနေစဥ် သေနတ်သမားတို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။ ” ဥက္ကဋ္ဌက အသုဘပို့သွားတာ သုသာန်မှာပဲ သေနတ်သမားက ဝင်ပစ်သွားတာ၊ ၄/၅ ချက်လောက် ပစ်ခံထိပြီး လဲကျသွားတာ နေရာမှာပဲ ဆုံးသွားတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။ ဒေသခံပြည်သူတို့၏ တိုင်ကြားချက်ကြောင့် ဦးစန်းဝင်းကို ရှင်းလင်းခဲ့သည်ဟု ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး […]

ဘဝပင်ရွာအနီးက ပြည်သူ့ကာကွယ်ရေး တပ်စခန်းဟောင်း မီးရှို့ခံရ

diz_admin

July 20, 2022

ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာအနီးတောထဲရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ စခန်းဟောင်းတစ်ခုကို ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီ တပ်ဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဘဝပင်ရွာမှ ဒေသခံနှစ်ဦးကို ဖမ်းဆီးကာ လမ်းပြခိုင်းပြီး ဝင်ရောက်ရှာဖွေရာမှ ယင်း PDF စခန်းဟောင်းတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းစခန်းအား မတွေ့မီ ပြီးခဲ့သည့်တစ်ပတ်ခန့်က ဘဝပင်ရွာနှင့် သင်္ကန်းတုံးရွာမှ ဒေသခံလေးဦး အဖမ်းခံခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအဖမ်းခံရသူ ၄ ဦးနှင့် ဇူလိုင်လ ၁၉ ရက်က ဖမ်းဆီးပြီး လမ်းပြခိုင်းသူ ၂ ဦးအပါအဝင် စုစုပေါင်း ဒေသခံ‌ ၆ ဦး အဖမ်းခံရသည့်အနက် ၄ ဦး ပြန်လွတ်မြောက်လာပြီး ၂ ဦး အဖမ်းခံထားရဆဲဖြစ်ကြောင်း ဘဝင်ပင်ရွာမှ ဒေသခံတစ်ဦးက ဇူလိုင်လ ၂၀ ရက် […]