ရေမီတာတစ်ယူနစ် နှစ်ရာလျှော့ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ သဘောတူ
diz_admin
May 18, 2020မြိတ်မြို့တွင် ယခုလမှစ၍ ရေတစ်ယူနစ် နှစ်ရာလျှော့ကောက်ရန် ရေပေးဝေနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သဘောတူခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီနှင့် ရေစက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ကိုဗစ်နိုင်တင်းကာလအတွင်း မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွက် ရေတစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းလျှော့ကာကောက်ယူရန် ပုဂ္ဂလိကရေပေးဝေရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းသဘောတူခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြောသည်။ “ကိုဗစ်ကလအတွင်း အလုပ်အကိုင် ရှားပါးနေချိန်လည်းဖြစ်သလို ဆီဈေးလည်းကျနေပြီ ဒါကြောင့် ရေဈေးကိုတော့ ချပေးသင့်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ၎င်းကပြောသည်။ နွေရာသီရေမောင်းချိန်ပိုကြာပြီး ဒီဇယ်ဆီပိုကုန်သည်ဟု ရေပေးဝေသူအချို့က အကြောင်းပြခဲ့ကြသော်လည်း နောက်ဆုံးတွင် အားလုံးသဘောတူညီ လက်မှတ်ထိုးခဲ့ကြကြောင်း ဦးမြတ်ကိုကိုက ပြောသည်။ မြိတ်မြို့တွင် လက်ရှိပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်းရှင်များမှ တစ်ယူနစ်လျှင် ကျပ် ၁၀ဝ၀ မှ ကျပ် ၁၅၀ဝ အထိ ကောက်ယူနေကြကြောင်း ရေသုံးစွဲသူများက […]


