လောင်းလုံးမြို့ပေါ်တွင် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရ
diz_admin
June 7, 2022လောင်းလုံးမြို့ (ဃ) ရပ်ကွက်တွင် နေအိမ်တစ်ဆောင် ယနေ့ (ဇွန် ၇) နံနက်ပိုင်းက ဓားပြတိုက်ခံလိုက်ရကြောင်း ဆွေမျိုးနီးစပ်သူများပြောကြားချက်အရ သိရသည်။ အမျိုးသားဖြစ်သူ ခရီးထွက်နေပြီး ဇနီးဖြစ်သူတစ်ဦးတည်း နေအိမ်တွင်ရှိနေချိန် ယနေ့နံနက် သုံးနာရီကျော်တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦး ရောက်ရှိလာကာ ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။ “ဆိုင်ကယ်နဲ့ နှစ်ယောက်ပေါ့။ အပြင်မှာတစ်ယောက် အထဲကို တစ်ယောက်ဝင်လာပြီး လည်ပင်းကို ဓားမြှောင်နဲ့ ထောက်ပြီး ဗီရို အံဆွဲဖွင့်ခိုင်းတယ်။ အဲဒီမှာ ရှိတာယူပြီး ထွက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါ ဓါးပြတိုက်ခံရမှုတွင် ငွေသား နှစ်သိန်းသုံးသောင်းခန့်နှင့် ရွှေ သုံးမတ်သား ပါသွားကြောင်း ဆွေမျိုးနီးစပ်သူများ၏ ပြောကြားချက်အရသိရသည်။ လောင်းလုံးမြို့နယ်တွင် လုယက်မှုများ၊ ဓါးပြတိုက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး ကုန်စုံဆိုင်၊ ငွေလွှဲ ငွေထုတ် […]


