မဲဆောက်တွင် ရေကြီးနေ၍ ရွှေ့ပြောင်းကျောင်းများစပိတ်
Dawei Watch
July 23, 2025ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ (ဇူလိုင် ၂၃) ညနေမှစကာ မြို့ပေါ်လမ်းများ ရေလွှမ်းလာသဖြင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများ ပိတ်လိုက်ကြောင်း မဲဆောက်ရောက် မြန်မာအချို့ထံမှ သိရသည်။ တာ့ခ်ခရိုင်၊မဲဆောက်မြို့တွင် ဝီဖါမုန်တိုင်းအရှိန်ကြောင့် ဇူလိုင်လ ၂၃ ရက်မှစကာ မိုးသည်းထန်စွာရွာသွန်းနေပြီး မြို့ပေါ်လမ်းများ၊ ရပ်ကွက်များအတွင်း ရေဝင်လာခြင်းဖြစ်သည်။ လက်ရှိတွင် မဲဆောက်မြို့ နေရာအများစု၌ ရေကြီးနေပြီး သွားလာရခက်ခဲနေသည့်အတွက် ရွှေ့ပြောင်းမြန်မာကျောင်းအချို့က ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျောင်းပိတ်ထားကြောင်း မဲဆောက်ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ ထိုင်းအစိုးရကလည်း တာ့ခ်ခရိုင်အတွင်း ရေလွှမ်းနိုင်သည့်အကြောင်းကို ဖုန်းမှတစ်ဆင့် မက်ဆေ့ (SMS)ပို့ပြီး အသိပေးနေသလို ဒေသအာဏာပိုင်၊ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့များကလည်း ရေလွှမ်းနိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို တွေ့ရသည်။ မဲဆောက်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ယာဥ်အသွားအလာဂရုစိုက်ရန်နှင့် အနိမ့်ပိုင်းရပ်ကွက်နေ သူများ […]


