ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦး အသတ်ခံရ
diz_admin
December 7, 2022ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားသည်ကို ယနေ့(ဒီဇင်ဘာ ၇)နံနက်က တွေ့ရကြောင်း ဒေသခံရွာသားများက ဆိုသည်။ အသက် ၅၇ နှစ်ခန့်အရွယ် ဦးသန်းဝင်းမှာ အခြားရွာသားများနှင့်အတူ စစ်ဘေးရှောင်နေသူဖြစ်ပြီး စစ်ကောင်စီတပ် ပြန်ထွက်သွားပြီထင်ကာ ရွာအခြေအနေ ပြန်ကြည့်ရန် ဒီဇင်ဘာလ ၆ ရက်နေ့နံနက် အစောပိုင်းတွင် အိမ်ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ သေနတ်သံများကြားကြားချင်း ရွာကိုပြန်ပြီးသွားမကြည့်ရဲကြသဖြင့် ဒီဇင်ဘာ ၇ ရက်နေ့ နံနက်မှ ဦးသန်းဝင်း၏ ဇနီးဖြစ်သူနှင့်အတူ ရွာသူရွာသားများက သွားကြည့်ရာ နေအိမ်အပေါ်တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိမ်မှာပဲ ဘုရားစင်ခန်းထဲမှာ ပစ်ခံထားရတာလည်း ခေါင်းတစ်လုံးလုံး ရစရာကိုမရှိဘူး။ ဦးနှောက်ဆီတွေဘာတွေ ဘာမှမရှိတော့ဘူး။ ဂလိုင်ကြီးဖြစ်ပြီး မျက်စိတွေဘာတွေလည်း မရှိတော့ဘူး။ ခေါင်းတစ်လုံးလုံး ကြေနေတယ်၊ […]


