မောတောင်နယ်စပ်တွင် အိမ်ခြံမြေများ ပုံမှန်ပေါက်ဈေးထက် လျှော့ပြီးရောင်းချလာ
diz_admin
December 8, 2022မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်(မြို့)နယ်စပ်တွင် အိမ်ခြံမြေတို့အား ပုံမှန်ပေါက်ဈေးထက်လျှော့ပြီး ရောင်းချမှုများရှိနေကြောင်း ယင်းနယ်စပ်နေသူတို့ထံမှ သိရသည်။ ယခင်က မောတောင်နယ်စပ် ပြည်ထောင်စုမိန်းလမ်းမပေါ်တွင် နေအိမ်ပါ မပါအပေါ်မူတည်ပြီး အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ ရှိ မြေတစ်ကွက်လျှင် ဘတ်တစ်ဆယ်ငါးသိန်း ( မြန်မာကျပ်ငွေ သိန်းတစ်ထောင်နှစ်ရာခန့် ) တန်ဖိုးရှိ မြေကွက်အား ယခုဘတ်ခုနှစ်သိန်း၊ ဘတ်ရှစ်သိန်း စသဖြင့် ( မြန်မာကျပ်ငွေ သိန်းငါးရာခြောက်ဆယ်မှ သိန်းခြောက်ရာလေးဆယ်ခန့် ) စျေးလျှော့ရောင်းချမှုများ ရှိလာနေခြင်းဖြစ်ကြောင်း မောတောင်နယ်စပ် မြို့မရပ်ကွက်နေသူတချို့က ပြောပြသည်။ ” ရှေ့ရက်ပိုင်းကပဲ မြေတစ်ကွက်ကို ခုနှစ်သိန်းနဲ့ ရောင်းလိုက်တာကြားမိတယ်၊ အရင်က ပုံမှန်ဆိုရင် ဘတ်တစ်ဆယ်ကျော်ဘဲ၊ တချို့ဆို ဘတ်သိန်းနှစ်ဆယ်အထိ ခေါ်တာမျိုးရှိတယ်၊ […]


