မြိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်၊ ၈နှစ်ကလေးအပါအဝင် ဆိုင်ကယ်စီးလာသူ သုံးဦးစလုံးသေဆုံး
diz_admin
December 11, 2022မြိတ် – ကျွဲကူးရွာ ကားလမ်းမကြီးပေါ်ရှိ ရတနာ့ဂုဏ်ရည်ရိပ်သာအနီးတွင် ဒီဇင်ဘာလ ၁ဝရက် ညတွင် ကားနှင့် ဆိုင်ကယ်တိုက်သဖြင့် ဆိုင်ကယ်ပေါ်ပါသူ သုံးဦးစလုံး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ INSIGHT အမျိုးအစားကားနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိကာ ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံမှာ အခင်းဖြစ် နေရာတွင် သေဆုံးပြီး အသက် ၈နှစ်အရွယ် မြေးဖြစ်သူမှာ ဆေးရုံတွင် သေဆုံးကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ကျွဲကူးဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသည့် ကားမှာ ရတနာဂုဏ်ရည်ရိပ်သာအနီးအရောက်တွင် ရှေ့က ကားတစ်စီးအား ကျော်တက်ရာ မျက်နှာချင်းဆိုင် ယာဉ်ကြောအတိုင်းမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက်ကားမှာ လမ်းဘေး မြောင်းထဲကျသွားကြောင်း ဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် ၄၉နှစ်အရွယ် အမျိုးသားနှင့် […]


