တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လာပြီး မြို့အတွင်းသို့ ရေစဝင်
Dawei Watch
July 24, 2025တနင်္သာရီမြစ်ရေ ဆက်တက်လာသည့်အတွက် တနင်္သာရီမြို့၏ စိုးရမ်ရေအမှတ်ကို ကျော်လာပြီး မြို့အတွင်းသို့ ရေစဝင်လာကြောင်း မြို့ခံအချို့က ပြောသည်။ ဇူလိုင်လ ၂၀ရက်ကတင်စကာ မိုးသည်းထန်စွာရွာသွန်းလာပြီး တနင်္သာရီမြစ်ရေတိုးလာခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက် တွင် ၁၇ ပေ ၆ လက်မ ဖြစ်လာသည်။ တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေသတ်မှတ်ထားသည်။ ထို့ကြောင့် တနင်္သာရီမြို့အတွင်းရှိ ရပ်ကွက်အချို့ကို ရေစတင်ဝင်လာပြီး လမ်း၊ တံတားနှင့် လူနေအိမ်အနီးအထိ ရေဝင်လာကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ရွှေလိပ်ပြာရပ်ကွက်က အိမ်ခြေတွေ ရေစမြုပ်နေပြီ။ ရေထပ်တက်လာရင် အိမ်ထဲရေဝင်မယ့် အနေအထား ရောက်နေတယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း မြစ်ရေစလျှံလာပြီး […]


