ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကြောင်းထိုးရှာဖွေဖမ်းဆီးမှုများဖြစ်ပြီးနောက် ဥတ္တူရွာသားများ အခြားမြို့ရွာများသို့ ရွှေ့ပြောင်း

diz_admin

December 20, 2022

သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာနှင့် ဥတ္တူရွာမှ ဒေသခံများ ဒီဇင်ဘာလ ၁၉ ရက်က ဖမ်းဆီးစစ်ဆေးခံရပြီး နောက် ဥတ္တူရွာက ဒေသခံအများစု အခြားမြို့ရွာများသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ်ကားလမ်းတွင် စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာလ ၁၉ရက်တွင် ဥတ္တူရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေလာကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ ရှာဖွေရာတွင် လမ်းတလျှောက်ရှိ ရော်ဘာခြစ်သွားသည့် တောင်သူများ၊ ကွမ်းသီးခြံထဲသွားသည့် တောင်သူ များကို ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဖမ်းဆီးခံရသူများတွင် သရက်နှစ်ခွရွာမှ ရော်ဘာခြစ်သွားသူ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ကလေးငယ်နှစ်ဦး ပါဝင်ကြောင်း […]

ဘန်ကောက်၌ ခြောက်လကြာပျောက်နေသည့် မြန်မာအမျိုးသမီးဟုယူဆရသောအလောင်း ရေတိုင်ကီထဲတွင်တွေ့

diz_admin

December 20, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လွန်ခဲ့သော ၆ လခန့်က ပျောက်ဆုံးနေခဲ့သော မြန်မာအမျိုးသမီးဟု ယူဆရသော ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၉ ရက်က အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်ရှိ ရေတိုင်ကီထဲတွင် တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အလောင်းတွင် တွေ့ရှိရသော အင်္ကျီ၊ ဘောင်းဘီနှင့် စောင်တို့သည် အစ်မဖြစ်သူ ဝတ်ဆင်အသုံးပြုခဲ့သော ပစ္စည်းများ ဖြစ်နေသည်ဟု မြန်မာအမျိုးသမီး၏ ညီမဖြစ်သူက ရဲတပ်ဖွဲ့သို့ အတည်ပြုပြောဆိုကြောင်း ရေးသားထားသည်။ ယမန်နေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ ရမ်ခမ်ဟေ အမှတ် (၁) လမ်းရှိ လေးထပ်အဆောက်အအုံကို ပြင်ဆင်ရန် လာသော အလုပ်သမားများက အဆောက်အအုံခေါင်မိုးထပ် ရေတိုင်ကီထဲတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ စတင်တွေ့ရှိချိန်တွင် အလောင်းသည် အပုပ်နံ့ထွက်၍ လုံးဝပျက်စီးနေပြီး အရိုးမျှသာကျန်နေခဲ့သဖြင့် ကျား၊ မ ပင် […]

ကမာဝက်မြို့နှင့် ကွမ်လှာရွာတို့တွင် နေအိမ် ၁၅လုံး မီးလောင်ပျက်စီး

diz_admin

December 20, 2022

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ ရှမ်းစုရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက မီးလောင်မှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၁ နာရီဝန်းကျင်က ကမာဝက်မြို့ ရှမ်းစုရပ်ရှိ ဒေါ်လှသိန်းဆိုသူ နေအိမ်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်ဟု မြို့ခံတို့က ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး လောင်ကျွမ်းပြာကျသွားခဲ့ပြီး လူထိခိုက်‌သေဆုံးမှု မရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။ “ဖယောင်းတိုင်မီးထွန်းထားပြီးတော့ အိပ်ပျော်သွားရာကနေ အိမ်တွေကို ကူးစက်လောင်ကုန်တယ်။ မီးထဲပါသွားတဲ့ အိမ် ၁၃ လုံးကတော့ အများစုက သစ်သားအိမ်တွေဖြစ်တယ်” ဟု ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။ မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကမာဝက်နယ်မြေ မီးသတ်တပ်ဖွဲ့၊ […]

လောင်းလုံးတွင် လေးရက်အတွင်း ပျူစောထီးဟုဆိုသူသုံးဦး ပစ်သတ်ခံရ

diz_admin

December 20, 2022

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ အသတ်ခံရသူ သုံးဦးအထိရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ ပျူစောထီးအဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုဖြစ်ကာ တစ်ဦးသေဆုံးပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ညက ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဦးချစ်စန်းမောင်၏ အဖွဲ့ဝင်များ အချင်းချင်းပစ်ခတ်မှုဖြစ်ကာ တစ်ဦးသေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညကဖြစ်တာပေါ့နော်။ သူတို့အချင်းချင်းသောက်စားပြီး ရန်ဖြစ်ကြတယ်ထင်တယ်။ မနက်ကျတော့ အလောင်းကို သင်္ဂြိုဟ်ဖို့လုပ်နေကြတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရသေးပေ။ “ရွာခံမဟုတ်ဘူး။ ဒီမှာလာနေတာ။ ဘယ်ရွာက ဘယ်သူလဲဆိုတာလည်း မသိရသေးဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ ထို့အပြင် ဒီဇင်ဘာလ ၁၆ […]

ကော့သောင်းမြို့ ကမ်းနားလမ်းက စစ်ကောင်စီဆန့်ကျင်ရေး စာသားများ နာရီပိုင်းအတွင်းလာဖျက်

diz_admin

December 20, 2022

ကော့သောင်းမြို၊ ကမ်းနားလမ်းတွင် စစ်ကောင်စီကိုဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် ဆေးမှုတ်စာသားများကို နာရီပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖျက်ပစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ ဒီဇင်ဘာလ ၂၀ ရက်  နံနက်စောစော ၅ နာရီခန့်က ကမ်းနားလမ်းအုတ်နံရံတွင် အနီရောင်မှုတ်ဆေးဖြင့် “အဘဘောမများ ဒလန်များ ထမင်းဝအောင်စားထား၊ ငါတို့လက်နဲ့ ငါတို့တော်လှန်၊ သွေးကြွေးဆပ်မယ်” စသည့်စာသားများအပြင် စစ်ကောင်စီတပ်ကို ဆဲဆိုထားသည့်စာများ လာရောက်ရေးထားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ယင်းနောက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတို့ပါဝင်သည့်အဖွဲ့က နံနက် ၇ နာရီခန့်တွင်ရောက်လာပြီး အဆိုပါစာများကို ဖျက်ပစ်လိုက်ကြောင်း သိရသည်။ ဆေးမှုတ်ဆန္ဒဖော်ထုတ်သည့်နေရာ အနီးရှိ ကမ်းနားလမ်းပေါ်တွင် တပ်ထားသော CCTV များ၊ မလှမ်းမကမ်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ CCTV များကိုလည်း စစ်ဆေးကြည်ရှုသွားကြောင်း မြို့ခံအချို့ကဆိုသည်။ “CCTV  က ပင်လယ်ဘက်ကနေပြီး ကုန်းပေါ်ကိုလှည့်ထားတော့ ဘယ်သူတွေလာရေးထားတယ်ဆိုတာ ကြည့်ရင်သိနိုင်တယ်” ဟု ၎င်းကဆိုသည်။ ဆေးမှုတ်ဆန္ဒဖော်ထုတ်မှုအား မည်သူတို့က လုပ်‌ဆောင်သည်ဆိုခြင်းကိုမူ […]

မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်း

diz_admin

December 20, 2022

မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသည့် လူစီးညရထားခရီးစဥ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး  ယာယီဖျက်သိမ်းလိုက်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်) က ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ ညပိုင်းက မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းဖြစ်သည့် သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာအကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်-ရန်ကုန် လူစီးညရထားခရီးစဥ်ကို ယာယီဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ “ညရထားခရီးစဥ် ဖျက်သိမ်းလိုက်တာ လုံခြုံရေးကြောင့်လို့တော့ ကြားတယ်၊ အခုက ရထားနဲ့ ခရီးသွားရတာလည်း လုံခြုံမှုမရှိတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ခရီးစဥ်ဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသော ရိုးရိုးတန်း အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံးတွင် ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားများထံမှ သိရသည်။ “ညရထားလက်မှတ်ဝယ်ထားတာ ခရီးစဥ်မရှိတော့လို့ လက်မှတ်ခ ပြန်အမ်းပေးတယ်၊ နေ့ခရီးစဥ်ပဲ ရှိတော့မယ်လို့ ပြောတယ်” ဟု ခရီးသွားတစ်ဦးကဆိုသည်။ ဒီဇင်ဘာ ၁၈ […]

အဖမ်းခံရသည့် သရက်ချောင်းဒေသခံများ ပြန်လွတ်၊ တစ်ဦးကိုဆက်ဖမ်းထား

diz_admin

December 19, 2022

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာနှင့် ဥတ္တူရွာမှ ဒေသခံ ၁၀ ဦးခန့်မှာ ပြန်လွတ်လာပြီဖြစ်သော်လည်း အမျိုးသားတစ်ဦးကို မလွှတ်ပေးသေးကြောင်း ရွာသားအချို့က ပြောသည်။ ယနေ့ (ဒီဇင်ဘာ ၁၉) နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့် လမ်းတစ်လျှောက်မှ ရော်ဘာခြစ်သည့် ဒေသခံများနှင့် ကွမ်းသီးလုပ်သည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ အဆိုပါ ဒေသခံများတွင် အမျိုးသမီး၊ အမျိုးသားများအပြင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး က ပြောသည်။ “တို့ရွာမှာက ရော်ဘာခြစ်သွားတဲ့ ကလေးအမေက နှစ်ဦး၊ သူတို့နဲ့ အဖော်ပါတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်က နှစ်ဦးနဲ့ အမျိုးသားတစ်ဦး […]

မြန်မာလုပ်သားများ ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြ

diz_admin

December 19, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရသည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် အလုပ်သမား ရပိုင်ခွင့်များရရှိရေး၊ လုပ်အားခခေါင်းပုံဖြတ်မှုများ ပပျောက်ရေးတို့အတွက် ယနေ့ (ဒီဇင်ဘာ ၁၉) နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ (International Migrant Workers Day) အထိမ်းအမှတ်အဖြစ် ယနေ့ ရုံးဖွင့်ရက်တွင် အဆန္ဒပြပွဲ ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ရာချီပူးပေါင်း ပါဝင်ခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။ “လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေရသော မြန်မာအလုပ်သမားများကို လူသားတွေလို ရှင်သန်ခွင့်ပြုပါ၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ အမေစုကျန်းမာပါစေ” စသော စာတန်းများ ကိုင်ဆောင်ကာ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။  “ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာအားလုံးရဲ့ အခွင့်အရေးကို […]