ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပလမြို့ ဝါးဇွမ်းအုပ်ကျေးရွာတွင် ယနေ့ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်းများ

diz_admin

December 22, 2022

ပုလောမြို့နယ် ပလမြို့ ဝါးဇွမ်းအုပ်ကျေးရွာတွင် ယနေ့ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်းများ ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်တွင် ရွာသူ၊ ရွာသာများစုပေါင်းစားသောက်ပွဲ၊ ဖျော်ဖြေရေးနှင့် အားကစားပွဲ‌များကို ထည့်သွင်းကျင်းပနေသည်။ တနင်္သာရီတိုင်းရှိ ဒေသအသီးသီးက ကရင်တိုင်းရင်းသားများလည်း နှစ်သစ်ကူးပွဲတော်ကို ကျင်းပလျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရန်ပါရှိသည့် မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်

diz_admin

December 22, 2022

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန် လွှတ်ပေးရန် စစ်ကောင်စီအား တိုက်တွန်းထားသည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်သည်။ မြန်မာပြည်တွင်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုနှင့် နိုင်ငံရေးအကျဥ်းသားများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်က ကုလလုံခြုံရေးကောင်စီတွင် မဲပေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းက အခြားအရေးကြီးတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးသုံးသပ်ပြီးမှ ဖြစ်ပေါ်လာတာ”ဟု ကုလသမဂ္ဂဆိုင်ရာယူကေနိုင်ငံ သံအမတ်ကြီးက ပြောဆိုကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။ လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အာဆီယံနှင့်ရထားသည့် သဘောတူညီချက်များကို […]

ပလမြို့တွင် တိုက်ပွဲပြင်းထန်

diz_admin

December 21, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ကစတင်ပြီး မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ “ပစ်ခတ်နေတဲ့ အသံတွေဆူညံနေတယ်။ တိုရွာလူတွေလည်း မြဒေါင်ရွာဖက်ကို ထွက်ပြေးလာနေကြတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ တိုရွာသည် ပလမြို့၏ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်ဖြစ်ပြီး ပလမြို့နှင့် တစ်မိုင်နီးပါးကွာဝေးသည်။ တိုရွာဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ရှိနေပြီး ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က ပလမြို့မှနေ၍ လက်နက်ကြီးများဖြင့် တိုရွာဖက်သို့ ပစ်ခတ်ခဲ့သဖြင့် အရပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံပို့ဆောင် ထားရကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် ဒေသခံများက ပြောသည်။ တိုရွာဘက်တွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များက ပလတွင် […]

မြိတ်တွင် အမျိုးသမီးတစ်ဦး ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ပြီး တိမ်းရှောင်

diz_admin

December 21, 2022

မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း (၁) ရပ်ကွက်ရှိ ထီစုဒိုင် အမျိုးသမီးတစ်‌ဦးသည် ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ကာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းရပ်ကွက်နေသူနှင့် ထီစုငွေ လိမ်လည်ခံရသူအချို့ထံမှ သိရသည်။ ထီစုငွေများအား လိမ်လည်ပြီး တိမ်းရှောင်သူ၏နေအိမ်အား ထီစုငွေထည့်ဝင်ထားသူတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတို့ လာရောက်ရှာဖွေခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ “ဝန်ထမ်းအကြီးအကဲ သားသမီးတွေရဲ့ ငွေတွေရော ပါသွားတယ်လို့ကြားရတယ်။ တစ်အိမ်လုံး လူမရှိကြတော့ အိမ်ကို ဖွင့်ရှာကြတာ” ဟု ထားဝယ်ကမ်းရပ်နေ အမျိုးသားတစ်ဦးက ဆိုသည်။ တစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပါသွားကြောင်း ငွေလိမ်လည်ခံရသူအချို့က ပြောဆိုသည်။ “ထီစုငွေ အမ်းဖို့ဆိုပြီး သိန်းသုံးဆယ်ကျော်ပေးလိုက်တာ နောက်တစ်ရက် မိုးလင်းဆို လူမရှိတော့ဘူး” ဟု ထီစုငွေပါသွားသူ […]

မြိတ်ကမ်းနားလမ်းတွင် ကားတစ်စီး မြစ်ထဲထိုးကျ

diz_admin

December 21, 2022

မြိတ်မြို့ ကမ်းနားလမ်းရှိ မြိတ်ကုန်တိုက် (Myeik Shopping Center) အရှေ့တွင် ဒီဇင်ဘာလ ၂၀ ရက်‌ ည ၁ဝနာရီခန့်က ကားတစ်စီး မြစ်ထဲထိုးကျခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ Hyundai ဟွန်ဒိုင်း အမျိုးအစားကားသည် ရေပုန်းရပ်ကွက် သစ်စက်လမ်းမှ ကမ်းနားလမ်းဘက်သို့ မောင်းနှင်လာပြီး မြိတ်ကုန်တိုက်ဘက်သို့ ချိုးကွေ့ရာတွင် အရှိန်လွန်ကာ ပလက်ဖောင်းအားကျော်ပြီး မြစ်အတွင်း ထိုးကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ကားပေါ်တွင် အသက် ၂၅ နှစ်ရှိ ကားမောင်းသူ အမျိုးသားအပါအဝင် အသက် ၂၃ နှစ်နှင့် ၂၅ နှစ်ရှိ အခြား အမျိုးသားနှစ်ဦး စုစုပေါင်း သုံးဦးပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။ မြစ်အတွင်းထိုးကျသည့် ကားနှင့် ကားပေါ်ပါသူတို့အား မြိတ်ခရိုင်မီးသတ်ဦးစီးဌာနက ကယ်ဆယ်ပေးခဲ့ကြောင်း […]

ကော့သောင်းမှ ရနောင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

diz_admin

December 21, 2022

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၁ ဦးနှင့် ကလေးတစ်ဦးအပါအဝင် ဗီဇာသက်တမ်းကုန်နေသော မြန်မာအလုပ်သမားလေးဦးတို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများသည် ကော့သောင်းမြို့မှတဆင့် ရနောင်းခရိုင် ကရဘူရီဒေသအတွင်းသို့ လှေဖြင့် မြစ်ကို ဖြတ် ၍ ကားထပ်စီး တရားမဝင် ဝင်ရောက်လာသည့် သတင်းအရသွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သွားရောက်စစ်ဆေးရာတွင် ကား၏အနောက်ပိုင်းကို အပြာရောင်ကင်းဗက်ပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကား တစ်စီး နှင့် မော်တော်ဆိုင်ကယ်တစ်စီး မောင်းနှင်ထွက်ပြေးသဖြင့် နောက်မှလိုက်ရာ ဒူးရင်းခြံအတွင်းရှိ အိမ်တစ်အိမ်ရှေ့တွင် ရပ်တန့်ထားခဲ့ကြောင်း ဖော်ပြထားသည်။ ပစ်ကပ်ကားသမားမှာ ကားကိုစွန့်ပစ်ကာ အမှောင်ထဲ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်တွင် အသက် ၂၁ […]

ပလမြို့ တိုရွာတွင် လက်နက်ကြီးကျပြီး အရပ်သားငါးဦး ဒဏ်ရာရ၊ တစ်ဦးသေဆုံးဟု သတင်းထွက်

diz_admin

December 21, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာတွင် ယနေ့ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ပစ်တာက လေးငါးလုံးပဲ၊ ပလဖက်က ပစ်တာ။ တိုရွာဖက်ကို လာကျတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုရွာသား အသက် ၆၀ ကျော်အရွယ် ဦးမောင်စိုးဝင်း၊ အသက် ၃၅နှစ်အရွယ် ဦးအောင်အောင်၊ အသက် ၄၀ အရွယ် ဦးသန်းကိုဦးတို့နှင့် နောက်ထပ်ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအနက် ဦးမောင်စိုးဝင်းမှာ သေဆုံးသွားပြီဟု ဒေသခံအချို့ ပြောဆိုသော်လည်း Dawei Watch […]

စစ်ကောင်စီတပ်ရင်း ၅၈၆ ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

diz_admin

December 21, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၅၈၆ ကို ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲက ထုတ်ပြန်သည်။ “၅၈၆ တပ်ရင်းကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်၊ RPG သုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရေးဘီလူးအဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ တပ်ရင်း ၅၈၆ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ၄၀ မမတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် […]