စစ်ကောင်စီက ဖမ်းထားသည့် လောင်းလုံးမြို့ခံ ခြောက်ဦး ပြန်မလွတ်သေး
diz_admin
December 23, 2022စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် လောင်းလုံးမြို့ပေါ်ရပ်ကွက်နေ ပြည်သူခြောက်ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) အထိ ပြန်မလွတ်သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၂ ရက်ညက လောင်းလုံးမြို့နေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။ လောင်းလုံးမြို့နေ ဒေါ်ရင်နွယ်၊ ဒေါ်ကျင်သန်း၊ ဒေါ်အေးသန်း၊ မမီးထွေး၊ မလင်းဇာခြည်၊ ဦးဖေသန်းနှင့် ဦးအောင်အောင်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဒေသခံအချို့ကမူ အဖမ်းခံရသည့် အမျိုးသမီး ၅ ဦးဖြစ်ကြောင်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်သည်မှာ ၄ ဦးသာရှိပြီး မလင်းဇာခြည် အဖမ်းခံရခြင်းရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် ၎င်းတို့ကို လောင်းလုံးမြို့မရဲစခန်းအတွင်းချုပ်နှောင်ထားပြီး ဒီဇင်ဘာလ ၂၃ ရက် နေ့လယ် […]


