ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ကျွန်းခရီးစဉ် သုံးလအတွင်း လာရောက်လည်ပတ်သူ ငါးရာကျော်ရှိဟုဆို

diz_admin

December 26, 2022

မြိတ်ကျွန်းခရီးစဉ် သုံးလအတွင်း လာရောက်လည်ပတ်သူ အနည်းဆုံးငါးရာကျော်ရှိကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။ ယခုနှစ် ပွင့်လင်းရာသီ အောက်တိုဘာလမှ ဒီဇင်ဘာ၂၃ ရက်နေ့အထိ မြိတ်မြို့သို့ ခရီးသွားပြည်သူ ရှစ်ရာကျော် လာရောက်ခဲ့ပြီး ယင်းအနက်ကျွန်းခရီးစဉ်သို့ လာရောက်လည်ပတ်သူ ငါးရာကျော်ရှိကြောင်း ခရီးသွားကုမ္ပဏီအချို့၏ မှတ်တမ်းများ အရ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မတ်လကစတင် ရပ်နားလိုက်ပြီး ၂နှစ်နီးပါးအကြာ ရှိလာသည့် ယခုနှစ် ပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်လာခြင်းဖြစ်သည်။ “ပုံမှန်ဆိုရင်တော့ ဒီထက်သုံးဆလောက် ပိုလာကြတာပေါ့။ ဈေးနှုန်းတွေက ကြီးမြင့်နေတယ်ဆိုတော့ သာမန်လူတွေထက် သုံးနိုင်ဖြုန်းနိုင်သူတွေပဲ အဓိကလာကြတာပေါ့” ဟု မြိတ်ကမ်းနားလမ်းရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ အာဏာမသိမ်းမီက ကျွန်းသုံးကျွန်းသွားသည့် ခရီးစဉ်အတွင်း ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းနှစ်သောင်း ကုန်ကျခဲ့ရာမှ လက်ရှိတွင် […]

သောကြာပြင်ရွာလမ်းမပေါ်တွင် ဆိုင်ကယ်စီးလူငယ်တစ်ဦး အဖမ်းခံရ

diz_admin

December 26, 2022

လောင်းလုံးမြို့နယ် သောကြာပြင်ရွာတွင် ဆိုင်ကယ်စီးလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၄ နံနက်ပိုင်းက ဆိုင်ကယ်စီးလာသည့် အဆိုပါလူငယ်ကို ကံသာဘုန်းကြီးကျောင်းအရှေ့တွင် စစ်ကောင်စီတပ်က စောင့်ဆိုင်းဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆိုင်ကယ်ကိုပါ သိမ်းယူသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ “သတင်းရလို့ဖြစ်မယ်။ နှစ်ယောက်က ကြိုပြီးလာစောင့်နေတယ်။ နောက်ပြီး ဟွန်ဒါဖစ်ကားနဲ့အဖွဲ့က နောက်ကလိုက်လာပြီး ဖမ်းသွားတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။ လူငယ်အဖမ်းခံရသည့်နေရာမှာ ထားဝယ်-မောင်းမကန်ကမ်းခြေသွားသည့် လမ်းပေါ်တွင်တည်ရှိပြီး ထားဝယ်မြို့အထွက် ကမြောကင်းတံတားနှင့်လည်း နီးသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အဆိုပါလူငယ်မှာ မည်သူမည်ဝါမှန်း မသိရသေးသကဲ့သို့ မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးခဲ့သည်ကိုလည်း မသိရသေးပေ။ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ရှိ တောင်ကြောတစ်လျှောက် စစ်ကြောင်းထိုးနေပြီး မြို့ပေါ်ရပ်ကွက်နေသူအချို့ကိုလည်း ဖမ်းဆီးထားသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်က […]

ထိုင်း ကန်ချနဘူရီတွင် မြန်မာဒုက္ခသည်စခန်း မီးလောင်

diz_admin

December 26, 2022

ပြည်တွင်းတွင် တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်သို့ ထွက်ပြေးတိမ်းရှောင်နေသော မြန်မာဒုက္ခသည်များနေထိုင်နေသည့် စခန်းတစ်ခု မီးလောင်ကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်က မြန်မာဒုက္ခသည်များ ခရစ်မတ်ပွဲတော်ကျင်းပနေချိန် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၁လုံး လုံးဝပျက်စီးဆုံးရှုံးပြီး ကျန်နေအိမ် ၁ဝလုံးမှာ အနည်းငယ်ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ဖွင့်ထားသော ဒုက္ခသည်စခန်း ကိုးခုအနက်တစ်ခုဖြစ်သော စန်ခရာဘူရီဒေသရှိ နော့လူရွာ ဘန့်ဒွန်းယမ်း ဒုက္ခသည်စခန်းဖြစ်သည်။ စခန်းတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၃၄၀၀ ခန့်နေထိုင်လျက်ရှိပြီး အများစုမှာ တနင်္သာရီတိုင်းဒေသခံ […]

ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ဒေသခံများ ထွက်ပြေးနေကြရ

diz_admin

December 25, 2022

ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ကျေးရွာအချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ယနေ ဒီဇင်ဘာလ ၂၅ ရက် နေ့လယ် ၁၂ နာရီကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း နဘုလယ်ဒေသ ပရဒပ်ရွာဒေသခံအချို့ကဆိုသည်။ “ရွာထဲမှာတွေ့တဲ့သူတွေ ဖမ်းနေကြတယ်။ ဒေါ်နှင်းပို၊ ဒေါ်သံခဲတို့ အဖမ်းခံရတဲ့သူတွေ တော်တော်များတယ်လို့ကြားရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ပရဒပ်ရွာသူတစ်ဦးကဆိုသည်။ စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ နဘုလယ်ဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည်ကိုမူ မသိရသေးပေ။ သို့သော် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်၏ လုံခြုံရေး ရဲကင်းစခန်းကို မနေ့မနက်ပိုင်းတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံများကဆိုသည်။ ရဲစခန်းဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် ဝက်ချောင်းရွာ၊ခမောင်းချောင်းရွာ ၊ ထိန်ကြီးရွာ၊ လဲရှောင်ရွာ မှ ဒေသခံအများစုမှာ မနေ့ကတည်းက နေအိမ်စွန့်ခွာ […]

အကြွေးဆပ်ရန် ရွှေဆိုင်ဝင်လုသည့် မြန်မာလုပ်သား ထိုင်းရဲချုပ်အိမ် ဝင်ပုန်းရာမှ အဖမ်းခံရ

diz_admin

December 25, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဘတ် ၁ သိန်းခွဲတန်ဖိုးရှိ ရွှေထည်များ လုယူထွက်ပြေးသည့် မြန်မာလုပ်သားမှာ ထိုင်းရဲချုပ်တစ်ဦး၏ နေအိမ်ထဲ ဝင်ပုန်းမိသဖြင့် အဖမ်းခံလိုက်ရကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့က ရွှေဆိုင်ဝင်လုရာမှ ဖမ်းဆီးခံရသူမှာ အသက် ၃၀ နှစ်အရွယ် မောင်သက်ဦးဖြစ်သည်။ ၎င်းမှာအထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်ပြီး အကြွေးတင်နေသဖြင့် စိတ်ဖိစီးကာ ရွှေခိုးဖို့ ကြံစည်ခဲ့မိသည်ဟု ဝန်ခံခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။ ၎င်း၏ဝင်ငွေမှာ ထိုင်းနိုင်ငံ၏ အခြေခံလစာအောက် လျော့နည်းသော တစ်လ ဘတ် ၅၀၀၀ သာရရှိနေခဲ့ပြီး မိသားစုဆီသို့ ထောက်ပံ့နိုင်ရန် ငွေတိုးချေးသမားထံမှ ဘတ် ၇၀၀၀၀ ကိုချေးယူခဲ့ကာ တစ်လလျှင် ဘတ် ၃၀၀၀ ပုံမှန်ပြန်ဆပ်နေခဲ့ရသူ တစ်ဦးဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။ ထိုင်းနိုင်ငံ၏ […]

စိုက်ပျိုး၊ မွေးမြူရေးအတွက် ထုတ်ချေးမည့် ငွေကျပ် ရှစ်ဘီလီယံ ဘယ်လောက်အလုပ်ဖြစ်မှာလဲ

diz_admin

December 25, 2022

တနင်္သာရီတိုင်းအတွင်းက စိုက်ပျိုးရေး၊ မွေးမြူရေးသမားများကို ငွေကျပ် ၈ ဘီလီယံထုတ်ချေးမည်ဟု တိုင်းအစိုးရက ထုတ်ပြန်သည်။ အတိုး ၅ ရာခိုင်းနူန်းဖြင့် ဝိုင်းကြီးချုပ်ပုံစံ ထုတ်ချေးမည်ဟုဆိုသည်။ တိုင်းအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးသမားအချို့ကမူ ချေးငွေအပေါ်စိတ်ဝင်စားဟန်မပြကြပေ။ လက်ရှိတွင် စိုက်ပျိုးရေးထုတ်ကုန်များမှာ ဈေးကွက်မရှိဖြစ်နေသဖြင့် ချေးငွေထက် ပြည်ပဈေးကွက်ရရှိရေးကို လုပ်ဆောင်သင့်ကြောင်း ထားဝယ်မြို့နယ်က စိုက်ပျိုးရေးသမားတစ်ဦးက ဆိုသည်။ “ဈေးကွက်ထိထိ‌ရောက်ရောက်မရှိဘဲနဲ့ ချေးငွေဆိုပြီး ပိုက်ဆံလိုက်ပေးနေတာကတော့ အလကားပဲ” ဟု ၎င်းကဆိုသည်။ ဒေသတွင်း နိုင်ငံရေးပဋိပက္ခများကြောင့် နယ်စပ်သို့ ရော်ဘာ၊ ဝဥ၊ ကွမ်းသီး၊ သီဟိုဠ်စသည့်တို့ တင်ပို့ရာတွင် အခက်အခဲတားဆီးမျိုးစုံနှင့် စိုက်ပျိုးရေးသမားများ ရင်ဆိုင်နေရကြောင်းပြောဆိုကြသည်။ ထားဝယ်ခရိုင် ဝဥဈေးကွက်ဆိုရင် ယခုနှစ်တွင် ဝယ်သူမရှိသဖြင့် မတူးဘဲ ပစ်ထားရသည့် တောင်သူတော်တော်များများ ရှိနေကြောင်း ဝဥစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။ “စပေါ်တုန်းကတော့ တစ်ပိဿာ တစ်ထောင်ကျော်နဲ့ ဝယ်‌တာရှိသေးတယ်။ […]

ကော့သောင်းအကျဉ်းထောင် ဦးစီးမှူးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မှ ဖမ်းဆီးထား

diz_admin

December 25, 2022

ကော့သောင်းခရိုင်၊ အကျဥ်းထောင်ဦးစီးမှူးကို ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်များမှ ဖမ်းဆီးလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာလ ၂၄ ရက်၊မွန်းလွဲ ၁ နာရီခွဲတွင် ခရီးသည်တင်ကားဖြင့် ဆီအုန်းများတင်ကာ လိုက်ပါလာသည့် အကျဥ်းထောင်ဦးစီးမှူးကို ပုလောမြို့နယ်၊ကဒဲရွာအနီးတွင် မဟာမိတ်တပ်များက ဖမ်းဆီးလိုက်သည်ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က ဒီဇင်ဘာလ ၂၄ ရက်နေ့ ညက ထုတ်ပြန်ကြေညာခဲ့သည်။ ကော့သောင်းထောင်မှူး ဟုတ်မဟုတ်ကိုမူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကော့သောင်းထောင်သို့ ဆက်သွယ်မေးမြန်းသော်လည်း စုံစမ်းနေဆဲဖြစ်ပြီး ပြန်လည်ဖြေကြားပေးမည်ဟုသာ ပြောဆိုသည်။ ဦးစီးမှူးနှင့်အတူ ငွေကျပ် ၁၇ သိန်းနှင့်ဖုန်းတစ်လုံးကို မဟာမိတ်တပ်ပေါင်းစုမှ သိမ်းခဲ့ပြီး ခရီးသည်နှင့်ကားကိုမူ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းဖမ်းဆီးမှုကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PPDF)နှင့် အရိပ်ပျောက်ကြားအဖွဲ့(PSGF)တို့က ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ဦးစီးမှူးကို ထိန်းသိမ်းထားသည်ဟု […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 24, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ အတည်ပြုနိုင်ခဲ့ပြီ မြန်မာ့အရေးဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ် သဘောတူဆုံးဖြတ် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ဗြိတန်အစိုးရက ဦးဆောင်ကာ တင်သွင်းထားသည့် မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုပြုမူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့သည်။ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က ကြားနေခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။ ဗီတိုအာဏာသုံးကန့်ကွက်လေ့ရှိသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်၊ ရုရှားနိုင်ငံတို့က ယခုတစ်ကြိမ်တွင် မကန့်ကွက်ခဲ့ခြင်းမှာ ထူးခြားသည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ […]