ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ကွမ်းသီးခြောက်ဈေးကျ

diz_admin

December 28, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့ထံမှ သိရသည်။ ယခုနှစ် သီတင်းကျွတ်ကာလမှ အောက်တိုဘာလကုန်ထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၄၅၀၀ မှ ၅၀၀၀ အတွင်းဈေးရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကဆိုလျှင် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်အထိ ဈေးကောင်းရခဲ့သည်။ ယခုအခါ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်အထိသာ ဈေးရှိတော့ကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှ ကွမ်းသီးခြောက်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။ “ကွမ်းသီးအဟောင်းတွေရှိသေးတော့ ဈေးက မတက်သေးဘဲဖြစ်နေတယ်။ Export ပိတ်ထားတယ်။ အခုက ရန်ကုန်လည်း မတင်ဖြစ်ဘူး။ ဒီအတိုင်းပဲ ဝယ်ပြီးတော့ပဲ ထားထားတယ်။ ရန်ကုန်မှာလည်း အရောင်းအေးတယ် ဆိုပြောတယ်၊ အရောင်းအဝယ်ပါးနေတယ်။ တမူးတွေဘက်က သွားလည်း မရဘဲကိုး” ဟု ၎င်းက ဆိုသည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် […]

ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှကားကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

diz_admin

December 27, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းမှ ကျောင်းပို့ပြီး ပြန်လာသည့် စစ်ကားတစ်စီး ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က တိုက်ခိုက်ခံရကြောင်း သိရသည်။ ရေးမြို့နယ် ကျောင်းရွာကျေးရွာထဲ ဝင်လာသည့် ခမရ ၅၉၁ တပ်ရင်းမှ စစ်ကားကို နံနက် ၈ နာရီအချိန်ခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၂ ဦး သေဆုံးသွားသည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ခိုက်ခံရသည့် စစ်ကား မောင်းပြေးသွားသည့်အတွက် လက်နက်များ မရလိုက်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။ “ကျောင်းရွာထဲ ဝင်လာတဲ့ ၅၉၁ စစ်ကားကို ရေးဘီလူးအဖွဲ့က ဝိုင်းပစ်ခဲ့တာဖြစ်ပါတယ်၊ တပ်သား ၂ ဦး ကားပေါ်မှာ ကျပါတယ်၊ ကားမရပ်လို့ လက်နက်တွေကိုလုဖို့ အချိန်မရလိုက်ဘူး၊ ကားမောင်းပြေးသွားတယ်” […]

ဖမ်းဆီးခံရသည့် လောင်းလုံးမြို့ခံ ခုနစ်ဦးအနက် နှစ်ဦးပြန်လွတ်

diz_admin

December 27, 2022

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းဆီးခံခဲ့ရသည့် မြို့ခံ ခုနစ်ဦးအနက် နှစ်ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် လောင်လုံး တောင်မိုးတောင် တစ်ကြောတွင် စစ်ကြောင်းထိုးရှာဖွေပြီးနောက် ယင်းနေ့ညတွင် လောင်းလုံးမြို့ခံ ခုနစ်ဦးဖမ်းဆီးခံရခြင်းဖြစ်သည်။ ပြန်လွတ်လာသူများမှာ ဦးဖေသန်းဆိုသူနှင့် ဒေါ်အေးသန်းဆိုသူတို့ဖြစ်ပြီး သုံးရက်ကြာဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာ ၂၅ ရက်နေ့က ပြန်လွတ်လာခြင်းဖြစ်ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ “ဒေါ်အေးသန်းကတော့ ပြန်လွတ်လာတယ်။ သူ့တူမကတော့ မလွတ်လာသေးဘူး” ဟု ၎င်းက ဆိုသည်။ လောင်းလုံးမြို့ (ဂ) ရပ်ကွက်နေ အသက် ၂၀ကျော်အရွယ်ရှိ အမျိုးသမီးဖြစ်သူ မလင်းဇာဇာခြည် (ခေါ်) မီးရှမ်းကို ယင်းနေ့က အဒေါ်ဖြစ်သူ ဒေါ်အေးသန်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း […]

ထိုင်းတောင်ပိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၃၅ဦးနှင့် မူးယစ်ဆေးနှစ်ကီလို အဖမ်းခံရ

diz_admin

December 27, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၅ ဦးကို ဒီဇင်ဘာလ ၂၆ရက်တွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းအနက် အလုပ်သမားတစ်ဦး၏ ကျောပိုးအိတ်တွင် ဘတ် နှစ်သန်းကျော်တန်ဖိုးရှိသော ICE မူးယစ်ဆေးဝါး နှစ် ကီလိုခန့်ကို တွေ့ရှိသည်ဟု ဖော်ပြသည်။ ပရာကျွတ်ခီရီခန်ခရိုင် ထပ်စကေးဒေသ ဖက်ကဆန်လမ်းမပေါ်ရှိ ဟွေးယန်းရဲစခန်းရှေ့ စစ်ဆေးဂိတ်အနီးတွင် ပစ်ကပ်ကားနှစ်စီးသည် လမ်းကြောင်းပြောင်းကာ ဟွေးယန်းဘုန်းကြီးကျောင်းလမ်းသို့ ဝင်သွားသဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်စစ်ခဲ့ကြောင်း ရေးသားထားသည်။ ယင်းသို့ စစ်ဆေးသောအခါ ကင်းဗက်အပိုင်းဖြင့် ကားအနောက်စတီးတန်းအပေါ်အထိ ဖုံးထားသော ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိခဲ့ရပြီး မြန်မာအလုပ်သမား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၆ ဦးတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ ယင်းအနက် […]

အလုပ်သွင်းပေးမည်ဟု ထိုင်းဘက်က ကတိပေးသော်လည်း ဆန္ဒပြမြန်မာသုံးထောင်ကျော်အလုပ်မရ

diz_admin

December 27, 2022

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် ပီမိုင်နှစ်သစ်ကူးမတိုင်မီ အလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင်များက လက်မှတ်ထိုး ကတိပေးထားသော်လည်း ဆန္ဒပြ မြန်မာအလုပ်သမား ၃၃၀၀ ကျော် အလုပ်မရကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဆန္ဒပြတောင်းဆိုသည့် အလုပ်သမား ၃၇၅၀ အနက် လေးရာဝန်းကျင်ကိုသာ အလုပ်သွင်းပေးခဲ့ပြီး ကျန် ၃၃၀၀ ကျော်မှာ ဒီဇင်ဘာလ ၂၇ ရက်အထိ အလုပ်မရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထိုင်းနှင့် မြန်မာ ပွဲစားများက အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမား ၃၇၀၀ ကျော်ထံမှ ဘတ်ငွေ သန်းနှင့်ချီ တောင်းယူထားပြီး လနှင့်ချီကြာသည်အထိ အလုပ်မရသဖြင့် ဒီဇင်ဘာလ ၉ ရက်တွင် အလုပ်သမားများသည် စမွတ်စခွန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထို့နောက် အလုပ်သမားများကို နှစ်သစ်ကူးကာလမတိုင်မီ ဒီဇင်ဘာလအတွင်း […]

တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် စတေကာ လာရောက်တပ်ဆင်သူ များပြားနေ

diz_admin

December 27, 2022

ဆိုင်ကယ်နှင့် ပတ်သက်၍ အထောက်အထားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူနေချိန် မီးသတ် အရေးပေါ်ဖုန်းနံပါတ် ၁၉၁ စတေကာ မတပ်လျှင် ငွေဒဏ် ကျပ်ငါးသောင်း ဒဏ်ရိုက်မည်ဆိုသည့် ကောလာဟလကြောင့် တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် စတေကာ လာရောက်တပ်ဆင်သူ များပြားနေသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရခြင်းဖြစ်သည်။ ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးကမှု ဒဏ်မရိုက်ကြောင်း Dawei Watch သို့ ပြောဆိုသည်။ ဆက်စပ်သတင်း >>>>> ဒဏ်ငွေကောလာဟလကြောင့် ဆိုင်ကယ်တွင် မီးသတ်အရေးပေါ်နံပါတ် လာတပ်သူများပြား

ဒဏ်ငွေကောလာဟလကြောင့် ဆိုင်ကယ်တွင် မီးသတ်အရေးပေါ်နံပါတ် လာတပ်သူများပြား

diz_admin

December 27, 2022

တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းမှစပြီး အရေးပေါ် ၁၉၁ ဖုန်းနံပါတ် စတေကာ တပ်ဆင်သူများဖြင့် တိုးဝှေ့လျှက်ရှိကြသည်။ ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ် မတပ်ဆင်ပါက ဒဏ်ငွေအရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းကြောင့် ယင်းကဲ့သို့ တိုးဝှေ့တပ်ဆင်နေကြခြင်းဖြစ်ကြောင်း လာရောက်တပ်ဆင်သူများက ပြောဆိုကြသည်။ “မတပ်ရင် ဒဏ်ငွေ ငါးသောင်း (ကျပ်) ဆောင်ရမယ်ပြောလို့လာတပ်တာပါ” ဟု မီးသတ်ရုံးဝင်းအတွင်း ၁၉၁ နံပါတ်စတေကာ လာတပ်သူတစ်ဦးက ‌ ပြောသည်။ ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကမူ ဒဏ်ငွေရိုက်မည် မဟုတ်ကြောင်း ပြောဆိုသည်။ “ကျွန်တော်တို့ ဒဏ်ငွေရိုက်တာ ဘာညာ လုံးဝမလုပ်ပါဘူး။ အလကား ကပ်ပေးနေပါတယ်။ မတပ်တဲ့ဆိုင်ကယ်ကို ဒဏ်ငွေရိုက်မယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ မလုပ်ပါဘူး” ဟု ၎င်းက ယနေ့ နံနက် […]

ညင်းမော်တွင် စစ်ကောင်စီတပ် ထွက်သွား‌ပြီးနောက် အိမ်ဖောက်ထွင်းခံရ

diz_admin

December 26, 2022

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရှာ‌ဖွေခဲ့သည့် စစ်ကောင်စီတပ် ထွက်သွားပြီးနောက် နေအိမ်ဖောက်ထွင်းခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေစစ်ဆေးပြီး ညအိပ်နေထိုင်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်မနက်ပိုင်းတွင် ရွာမှထွက်ခွာပြီး ကပ်လျက်ရှိ စစ်ပြဲကျေးရွာသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ထွက်ခွာသွားသည့် ဒီဇင်ဘာလ ၂၄ရက် ညတွင် ညင်းမော်ရွာက နေအိမ်တစ်ဆောင် ဖောက်ထွင်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်က ဆေးခန်းကို ဖောက်ထွင်းသွားခြင်းဖြစ်ပြီး ပစ္စည်း အနည်းငယ်သာ ပါသွားခဲ့ကြောင်း ပြောဆိုသည်။ “စစ်တပ်က ဝင်မွှေသွားလို့ ကြောက်နေတာကို အခွင့်ကောင်းယူပြီး ကြားက ဝင်ဆွဲသွားတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အရပ်မောင်းကောင်းကောင်းလူတစ်ဦး ညဘက်နေအိမ်များကို […]