ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပီမိုင်နှစ်သစ်ကူးကာလ မောတောင်-စင်ခွန်း နယ်စပ်ဂိတ် သုံးရက်ပိတ်မည်

diz_admin

December 24, 2022

ထိုင်းနိုင်ငံ ( ပီမိုင် ) နှစ်သစ်ကူးကာလတွင် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ သုံးရက်ပိတ်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးမှ နယ်စပ်ဂိတ်အား သုံးရက်ပိတ်ပြီး ကုန်သွယ်ရေးလုပ်များ ဆောင်ရွက်ခြင်းအား ရပ်ဆိုင်းကာ အများပြည်သူနားရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း မြိတ်ရေထွက်ကုန်များတင်ပို့ရောင်းချနေသူများက ပြောပြသည်။ “ဂိတ်ပိတ်တဲ့သုံးရက်တော့ ကုန်တင်ပို့တာတွေ ခဏနားလိုက်ရမယ်” ဟု ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။ အဆိုပါဂိတ်အား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် လူခုနှစ်ရာနီးပါး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် နယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်အား ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စင်ခွန်းဂိတ်အနီးတွင် ကုန်သွယ်မှုစခန်းတစ်ခု တည်ဆောက်ပြီး ကိုဗစ်ဆိုင်ရာလိုက်နာရမည့် […]

ထားဝယ်အထူးစီးပွားရေးဇုန် ရဲစခန်းတိုက်ခိုက်ခံရ

diz_admin

December 24, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်၏ လုံခြုံရေး ရဲကင်းစခန်း ယနေ့မနက်ပိုင်းက တိုက်ခိုက်ခံလိုက်ရသည်ဟု ကနဦးသတင်းရရှိသည်။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။ ထိခိုက်ကျဆုံးဒဏ်ရာရရှိမှု အခြေအနေကိုမူ မသိရသေးပေ။ ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် ရေဖြူမြို့ ဖက်က စစ်ကောင်စီတပ်သားများ စစ်ကူဝင်လာသည့်အတွက်ကြောင့် ဝက်ချောင်းရွာ၊ခမောင်းချောင်းရွာ ၊ ထိန်ကြီးရွာ၊ လဲရှောင်ရွာ မှ ဒေသခံအများစုမှာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများထံမှသိရသည်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

December 23, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ပင် အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် ခေါင်းဆောင်တွေကနေ နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ တက္ကသိုလ်တက်ခွင့်ကို နောက်ထပ် အမိန့် မထုတ်ပြန်မချင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကပိုင်တက္ကသိုလ်တွေကို ထုတ်ပြန်တဲ့ အမိန်စာမှာ အမျိုးသမီးတွေကို အဆင့်မြင့်ပညာဆက်လက်သင်ယူခွင့် ရပ်ဆိုင်းဖို့ ကြေညာခဲ့တာပါ။ ဒီအမိန့်က စစ်မှန်ကြောင်းကိုလည်း ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇီယာအူလာ ဟာရှီမီက အတည်ပြုခဲ့ပါတယ်။ အမျိုးသမီးတွေကို တက္ကသိုလ်တက်ဖို့ ပိတ်ပင်ခဲ့တာနဲ့ပက်သက်ပြီး ဆန္ဒပြတဲ့သူတွေကို တာလီဘန်များက ရိုက်နှက်ခဲ့ပြီး အမျိုးသမီး ၅ ဦးနှင့် သတင်းထောက် ၃ […]

လောင်းလုံးက ပျူစောထီး ဒုခေါင်းဆောင်၏ သမီးနှင့်မြေးနှစ်ဦး ပျောက်ဆုံးနေ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပျူစောထီး ဒုခေါင်းဆောင် ဦးစိုးသန်း၏ သမီးနှင့် မြေးနှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။ ပျောက်ဆုံးနေသူများမှာ ပျူစောထီး ဒုခေါင်းဆောင်ဆိုသူ၏ သမီးဖြစ်သူ မချိုလွင်ဦး အပါအဝင်  မြေးဖြစ်သူ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ လွန်ခဲ့သည့် လေးရက်ခန့်က ထားဝယ်မြို့သို့ ကင်းမွန် တက်ရောင်းစဉ် လောင်းလုံးမြို့ လမ်းပိုင်းတစ်နေရာအရောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်းတို့သုံးဦးနှင့်အတူ vigo အမျိုးစား မော်တော်ယာဥ်ပါ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ “သူတို့က မြင်းခွာအော်ဘက်မှာ ကင်းမွန် အဝယ်ဒိုင်ဖွင့်ထားပြီး ထားဝယ်မြို့မှာ ပြန်ရောင်းကြတယ်။  ကင်းမွန်သွားရောင်းတာ ပြန်မလာတာ တစ်ပတ်လောက်ရှိပြီ ကားပါ ပျောက်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါမိသားစုဝင်သုံးဦးကို မည်သည့်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရသေးဟု […]

ညင်းမော်ရွာတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ထပ်မံပစ်ခံရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၂၃) ညနေ ၃ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ကပြောသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းအရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သားများ ညင်းမော်ရွာအတွင်း ရှာဖွေ စစ်ဆေးဖမ်းဆီးနေချိန် ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်လာခြင်းကြောင့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ “သေလားရှင်လားတော့ မသိဘူး။ လူကတော့ လမ်းလယ်မှာ လဲနေတာ အခုချိန်ထိပဲ” ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်က ပြောဆိုသည်။ စစ်‌ကောင်စီတပ်က ညင်းမော်ရွာအတွင်း ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်၍ အသေးစိတ်အခြေအနေကို မေးမြန်းမရသေးပေ။ ယနေ့‌‌မနက်ပိုင်းကလည်း နွားကျောင်းနေသည့် ညင်း‌မော်ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် ဆေးရုံတင်ထားရသည်။ လတ်တလော ညင်းမော်ရွာတွင် ဖမ်းဆီးခံထားရသူ ဆယ်ဦးထက်မနည်း ရှိနေပြီဖြစ်သည်။

လောင်းလုံး ဝေဒီကျေးရွာတွင် ပွဲစားတစ်ဦးပစ်သတ်ခံရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်က အမျိုးသားတစ်ဦး ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့ကပြောသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင် ဦးနေလင်းထွန်း(ခ) နော်မှေးဆိုသူဖြစ်ပြီး မနက် ၁၀ နာရီကျော်အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ “လောင်းလုံးကနေ အစည်းဝေးတက်ပြီးပြန်လာတဲ့အချိန်မှာပေါ့။ ရွာအဝင်ဝက ကုက္ကိုပင်အောက်မှာ ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ၎င်းသည် ရွာထဲတွင် ဆိုင်ကယ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ အုပ်ချုပ်ရေးမှူးထောက်ခံစာ စသည်တို့ကို အခကြေးငွေဖြင့် လုပ်ပေးနေသည့် ပွဲစားတစ်ဦးဖြစ်ပြီး Mytel ဖုန်းဆင်းကတ်ရောင်းချခြင်းတို့ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ သေဆုံးသူသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ “သူများတွေကတော့ ပျူစောထီးအဖွဲ့ဝင်လို့ပြောနေကြတယ်။ သူ့အကြောင်း သေချာတော့မသိဘူး။ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရေးရှိတယ်။ ရုံးတွေကို ဝင်ထွက်သွားလာနေတာ လောက်ပဲသိရတယ်” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။ ဝေဒီကျေးရွာအနီးနှင့် […]

ညင်းမော်ရွာတွင် ဆယ်ဦးထက်မနည်း အဖမ်းခံထားရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ဒေသခံ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့(ဒီဇင်ဘာ ၂၃) မနက် ၅ နာရီခန့်က လောင်းလုံးမြို့နှင့် ညင်းမော်အကြား ပိုးစာပင်ဟုခေါ်သည့်နေရာတွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ညင်းမော်ရွာနှင့် အနီးရှိတောတောင်များအတွင်း ရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသို့ရှာဖွေနေစဉ် လမ်းသွားလမ်းလာများကို စစ်ဆေးပြီး မသင်္ကာသူများကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ “လူငယ်ပိုင်းကတစ်ယောက် ပန်းရန်အလုပ်သမားက နှစ်ယောက် အဲ့သုံးယောက်ပဲမြင်ရတယ်။ ဆိုင်ကယ်ကတော့ ဆယ်စီးလောက်တွေ့တယ်။ လမ်းမှာသွားနေတာကို တားပြီးစစ်ပြီး ဖမ်းထားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ကျေးရွာအတွင်းရှိ အမျိုးသားများမှာ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကဆိုသည်။ ယနေ့မနက်ပိုင်းကလည်း နွားကျောင်းနေသည့် ညင်းမော်ရွာက လူငယ်တစ်ဦး ပစ်ခတ်ခံရသဖြင့် ဆေးရုံတင်ထားရသည်။ ညင်းမော်ရွာတွင် ယနေ့ ညနေ ၃ […]

တနင်္သာရီတိုင်းတွင် အိမ်ထောင်စုစာရင်း ကွင်းဆင်းကောက်ယူရန် စစ်ကောင်စီစတင်လုပ်ဆောင်

diz_admin

December 23, 2022

တိုက်ပွဲများ၊ ပေါက်ကွဲမှုများ၊ ဒလန်ရှင်းလင်းရေးများ အပါအဝင် ပဋိပက္ခဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသည့် တနင်္သာရီတိုင်းတွင် အိမ်ထောင်စုစာရင်း ကွင်းဆင်းကောက်ယူရန်အတွက် စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ကွန်ပျူတာအတွင်း ရိုက်သွင်းထားပြီးဖြစ်သည့် အိမ်ထောင်စုစာရင်းများကို ‌မှန်ကန်မှုရှိ၊မရှိ သိရှိနိုင်ရန် ကွင်းဆင်းကောက်ယူခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။ “အိမ်ထောင်စု စာရင်းတွေကို ကွန်ပျူတာဆော့ဖ်ဝဲလ်ထဲ ရိုက်ထည့်ပြီးသားတွေရှိတယ်။ အဲဒီစာရင်းက မြေပြင်မှာ တကယ်ထုတ်ပေးထားတာမှန်လား၊ မမှန်ဘူးလား။ ပြောင်းသွားတာတွေ၊ သေဆုံးတာတွေ၊ မွေးဖွားပြီးတိုးလာတာတွေ အဲဒါတွေကို အကုန်စစ်မှာ” ဟု ၎င်းကဆိုသည်။ ယင်းစာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ ၂၃ ရက်အတွင်း အပြီးကောက်မည်ဖြစ်ပြီး စာရင်များကို ဖေဖော်ဝါရီလအတွင်း စိစစ်ပြီးစီးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ တနင်္သာရီတိုင်းရှိ ဒေသအချို့ကို KNU တပ်မဟာ ၄ က ထိန်းချုပ်ထားပြီး၊ […]