အိမ်ခြံမြေအကျိုးဆောင်များကို အကြမ်းဖက်မှုနှင့် ငွေကြးခဝါချမှုတိုက်ဖျက်ရေးသင်တန်း မတက်မနေရတက်ခိုင်း
diz_admin
December 19, 2022အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်း မဖြစ်မနေ တက်ခိုင်းရမည်ဟု ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီက နိုဝင်ဘာလ ၉ ရက်က ယင်းကဲ့သို့ ညွှန်ကြားထားခြင်း ဖြစ်ပြီး သင်တန်းကို နေပြည်တော်တွင် ဖွင့်လှစ်နေကာ လက်ရှိတွင် ထားဝယ်ဒေသက အကျိုးဆောင်အချို့ တက်ရောက်နေကြကြောင်း စုံစမ်းသိရှိရသည်။ “တရားဝင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးသင်တန်းကို အနည်းဆုံးတစ်ကြိမ်တော့ တက်ရမယ်လို့ ညွှန်ကြားထားတယ်” ဟု ထားဝယ်မြို့ခံအိမ်ခြံမြေအသင်းဝင်တစ်ဦးက ပြောသည်။ ယင်းသင်တန်းတက်ရောက်ပြီးမှ အိမ်ခြံမြေအကျိုးဆောင် အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်မှတ် လျှောက်ထားသူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုသင်တန်းတက်ရောက်ထားသည့် အထောက်အထားလက်မှတ်ကို ပူးတွဲတင်ပြရမည်ဟု ဆိုသည်။ “အိမ်ခြံမြေလုပ်ငန်းကနေပြီး သူတို့က (စစ်ကောင်စီက) အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့သူတွေဆီ ငွေကြေး စီးဆင်းမှု မရှိအောင်လုပ်တာ” […]


