ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 18, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကုလတွင် ကိုယ်စားပြုခွင့်ဆုံးရှုံးသွားသည့် စစ်ကောင်စီ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလက်ခံလိုက်ပြီဖြစ်သည်။ ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) က ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ပြီး ယင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly)က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆုံးဖြတ်ရာ ကန့်ကွက်သည့်နိုင်ငံမရှိဘဲ လက်ခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆို […]

တတိယနေရာလုပွဲမှာ အောင်ပွဲခံသွားခဲ့တဲ့ ခရိုအေးရှား

diz_admin

December 18, 2022

ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားတတိယနေရာလုပွဲမှာ ခရိုအေးရှားက အကောင်းဆုံးပုံစံနဲ့ကစားပြီး တတိယနေရာကို ရယူသွားခဲ့ပါတယ်။ မော်ရိုကိုဟာ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပေမယ့် ခရိုအေးရှားကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘဲ စတုတ္ထနေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တုန်းကလို မဟုတ်ခဲ့ဘဲ နှစ်သင်းလုံးဟာ ပွဲစတင်တာနဲ့ ဂိုးတွေ အပြန်အလှန် သွင်းယူခဲ့ကြပါတယ်။ ခရိုအေးရှားဘက်က ဂါဘီဒေါလ်က ပွဲအစ ၇ မိနစ်မှာတင် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဒီဂိုးကို ပွဲချိန် ၉ မိနစ်မှာတင် မော်ရိုကိုဘက်က ပြန်လည် ချေပခဲ့ပါတယ်။ မော်ရိုကိုရဲ့ချေပဂိုးကို သွင်းယူပေးခဲ့သူက ဒါရီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ပွဲပြီးဆုံးခါနီး ပွဲကစားချိန် ၄၂ မိနစ်ဆီကိုအရောက်မှာ ခရိုအေးရှားက အဖိုးတန် ဒုတိယဂိုးကို ရရှိသွားခဲ့ပြီး ဒီဂိုးကို အော်ဆစ်က သွင်းယူပေးခဲ့တာပါ။ အနိုင်ရလဒ်ကို ပထမပိုင်း ၄၅ […]

ထားဝယ်တွင် ဆိုင်ကယ်စီး အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

diz_admin

December 17, 2022

ထားဝယ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံ အချို့ထံမှ သိရသည်။ ဗဟိုလမ်းဆုံဘက်မှ လမ်ဆုံကြီးဘက်သို့ မောင်းနှင်းသွားသည့် ဆိုင်ကယ်အား မြန်မာ့ရှေ့ဆောင်ဘဏ်အနီးနားတွင်ရပ်ထားသည့် ကားပေါ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင် အချို့ကပြောကြားသည်။ ဆိုင်ကယ်စီးလာသူ အမျိုးသားသည် သေနတ်ထိမှန်ကာ မြန်မာ့ရှေ့ဆောင်ဘဏ် အနီးတွင် ဆိုင်ကယ်လဲကျသွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ “သူက ကမ္ဘောဇဆိုင်( မြန်မာ့ရှေ့ဆောင်ဘဏ်အနီး)နားမှာလဲကျသွားတယ်။ လူကတော့မလှုပ်တော့ဘူး။ ခဏကြာတော့အရေးပေါ်ကားနဲ့တင်ခေါ်သွားတယ်”ဟု မျက်မြင်တွေ့သည့် ခရီးသည်တစ်ဦးကဆိုသည်။ ပစ်ခတ်လိုက်သည့်ကားပေါ်တွင်မူ အရပ်ဝတ် လက်နက်ကိုင်ဆောင်ထားသူများကို တွေ့ရသည်ဟုဆိုသည်။ ဆိုင်ကယ်စီးလာသူ အမျိုးသားပစ်ခတ်ခံရချိန်တွင် ဗဟိုလမ်းဆုံနှင့် လမ်းဆုံကြီး မီးပွိုင့်တို့တွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ နေရာယူ စစ်ဆေးမှုပြုလုပ်နေချိန် ဖြစ်သည်ဟုဆိုသည်။ “သတင်းရလို့ကြိုပြီးလာ စောင့်နေတဲ့ပုံစံမျိုးဖြစ်မယ်” ဟု […]

ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ရန်ပုံငွေအခက်အခဲကြောင့် ယာယီရပ်မည်

diz_admin

December 17, 2022

ရန်ပုံငွေအခက်အခဲဖြစ်လာသည့်အတွက် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုကို ဒီဇင်ဘာလ ၂၄ရက်မှစတင်ကာ ယာယီရပ်နားမည်ဖြစ်ကြောင်း ယင်းအသင်းခွဲ၏ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောသည်။ မော်တော်ယာဉ်ပြင်ဆင်စရိတ်အတွက် ရန်ပုံငွေလိုအပ်လာခြင်းနှင့် ပဋိပက္ခကာလအတွင်း အသင်းသားများ၏ လုံခြုံရေးကို တာဝန်ယူ၊ တာဝန်ခံနိုင်မည့်သူ မားမားမတ်မတ် မရှိခြင်းတို့ကြောင့် ယာယီရပ်နားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုဗစ်ကာလတုန်းကတော့ အလှူငွေနဲ့ ပုံမှန်လည်ပတ်နိုင်တယ်။ ဒီအချိန်ထိပါပဲ။ အခုက ကားခြောက်စီးစာအတွက် ပြင်ဆင်စရိတ်လည်းလိုတယ်။ နောက်ပြီး အသင်းသားတွေ့ရဲ့ ကူညီသယ်ဆောင်တဲ့လမ်းကြောင်းမှာ ပြဿနာ တစ်စုံ တစ်ရာ ဖြစ်လာမယ်ဆိုရင် မားမားမတ်မတ်ရပ်တည်ပေးမည့်သူမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခရိုင်ဒုတပ်ဖွဲ့မှူး အဖမ်းခံရတဲ့ ဖြစ်စဉ်ကြည့်ပါ၊ အဲဒါသင်ခန်းစာပေါ့” ဟု အထက်ပါဥက္ကဋ္ဌက ပြောသည်။ ထို့ကြောင့် ယခုလ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ့၏ ထားဝယ်ခရိုင်လေးမြို့နယ် အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ယာယီရပ်နားမည်ဖြစ်ကြောင်း […]

ထားဝယ်နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ထောင် ၇ နှစ်စီထပ်ချ

diz_admin

December 17, 2022

ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦးကို စစ်ကောင်စီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထပ်တိုးထောင်ဒဏ် ၇ နှစ်စီဖြင့် ချမှတ်လိုက်သည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။ ထပ်တိုးအမိန့်ချခံထားရသူများမှာ ကိုမြတ်ကျော်သူ၊ ကိုမင်းဆက်မှူး၊ ကိုအောင်အောင်တို့ သုံးဦးဖြစ်သည်။ ထပ်တိုးထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်မှုကြောင့် ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံထားရသည့် ကိုမြတ်ကျော်သူက ၃၆ နှစ်၊ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဆက်မှူးက ၃၅ နှစ်၊ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည့် ကိုအောင်အောင်က ၁၉ နှစ် အထိ ထောင်ဒဏ်ကျခံရတော့မည်ဖြစ်သည်ဟု အထက်ပါကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။ “ပေါက်ကွဲပုဒ်မလို့ပဲ သိရတယ်၊ ပေါက်ကွဲမှာက နံပါတ်တွေရှိတယ်၊ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

December 17, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ အီလွန်မတ်စ်ကို ကျော်၍ ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတဲ့ ဘဲရ်နာ အာနိုး ပြင်သစ် ဇိမ်ခံပစ္စည်းကုမ္ပဏီကြီး ဖြစ်တဲ့ LVMH ဥက္ကဌ ဘဲရ်နာအာနိုးက အီလွန်မတ်စ်ကို ကျော်ကာ ဘလူးဘတ် (Bloomberg) ရဲ့ ကမ္ဘာ့အချမ်းသာဆုံးလူစာရင်းမှာ နံပတ်တစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။ အာနိုးရဲ့ ချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၁၇၁ ဘီလျံဖြစ်ပြီး အီလွန်မတ်စ်ရဲ့ ချမ်းသာမှုက ကန်ဒေါ်လာ ၁၆၄ ဘီလျံ ရှိတယ်လို့ ဘလူးဘတ်၏ ဘီလျံနာ အညွှန်းကိန်း အချက်အလက်တွေကနေ ဖော်ပြထားပါတယ်။ တွစ်တာကုမ္ပဏီကို ဝယ်ယူခဲ့တဲ့အပြင် တက်စလာရဲ့ စတော့ရှယ်ယာဈေးတွေ ထိုးကျလာတာကြောင့် အီလွန်မတ်စ်ရဲ့ အသားတင် […]

ဒေါင်းမင်းစစ်ဆင်ရေးမှ ရဲဘော်တစ်ဦး လက်လုပ်မိုင်းမတော်တဆဖြစ်ပြီး ကျဆုံး

diz_admin

December 17, 2022

သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးမှ အသက် ၁၉ နှစ်ခန့်ရှိ ရဲဘော် ကိုလေးဖြူ(ခ)လိပ်စွန် သည် လက်လုပ်မိုင်းမတော်တဆမှုဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကျဆုံးခဲ့ကြောင်း ဒေါင်းမင်းအဖွဲ့က အတည်ပြုထုတ်ပြန်သည်။ စစ်ဆင်ရေး လုပ်ရန်စောင့်ဆိုင်းနေစဉ် လက်လုပ်မိုင်းမတော်တဆဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ အတည်ပြုချက်အရ သိရသည်။

လောင်းလုံးရှိ နေအိမ်တစ်ဆောင် သူခိုးခိုးခံရပြီး ရွှေနှင့် ငွေကျပ်သိန်း ၂၀ ခန့်ပါသွား

diz_admin

December 17, 2022

လောင်းလုံးမြို့နယ်၊(ဂ)ရပ်ကွက် စောင်းကြိုးလမ်းတွင် ယနေ့နံနက် ငါးနာရီခန့်က နေအိမ်တစ်ဆောင်တွင် ရွှေနှင့်ငွေသားများ အခိုးခံလိုက်ရကြောင်း သိရှိရသည်။ အခိုးခံရမှုကြောင့် ငွေသား ကျပ်သိန်း ၂၀ ခန့်နှင့် ရွှေတစ်ဆယ်သားခန့်ပါသွားသည်ဟု ကနဦးသိရသည်။ အဆိုပါနေအိမ်တွင် အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဦးသန်းကြွယ်ဆိုသူနှင့် မြေးဖြစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသာနေထိုင်ခြင်းဖြစ်သည်။