ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်-မြိတ် ကားလမ်း သရက်နှစ်ခွရွာအဝင်တွင် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်

diz_admin

December 17, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအဝင် ထားဝယ်-မြိတ် ကားလမ်းတွင် စစ်ကောင်စီတပ်ကားတစ်စီး ယနေ့ (ဒီဇင်ဘာ ၁၇) နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ် သွားကားလမ်းပေါ်တွင် ဆေးဖြင့်ရေးထားသည့် စစ်ကောင်စီခေါင်းဆောင်၏ ပုံတူပန်းချီနှင့် တပ်ပျက်နေပြီဟူသောစာသားကို ဆင်းဖျက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ကျွန်တော်တို့လည်း ဖြစ်တာနဲ့ချက်ချင်း မထွက်ကြည့်ရဲဘူးပေါ့နော်၊ မိုင်းသံတော့ ကြားတယ်၊ သုံးလုံး လေးလုံးလောက်ရှိမယ်ထင်တယ်၊ အသံကျယ်ကြီးပဲ”ဟု သရက်နှစ်ခွရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးနောက် ကားလမ်းတစ်လျှောက် သေနတ်သံများ မိနစ် ၃၀ ခန့်ဆူညံစွာထွက်ပေါ်ခဲ့ပြီး ရွာထဲသို့လည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခု […]

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာ

diz_admin

December 17, 2022

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် ဝက်သားဈေး တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဝက်သားရောင်းသူအချို့က ပြောသည်။ ၂၀၂၂ ခုနှစ် သီတင်းကျွတ်လမတိုင်မီအချိန်ထိ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ခန့်သာရှိပြီး သီတင်းကျွတ်ကာလမှ နိုဝင်ဘာလအတွင်း ၁၇၀၀၀ ကျပ်အထိ ခုန်တက်သွားသည်။ ဝက်သားဈေးတက်လာခြင်းမှာ ဝက်ရှာရခက်လာခြင်းကြောင့်ဖြစ်ပြီး အလုပ်သမားစရိတ်၊ အခွန်အခများနှင့် အခြားကုန်ကျစရိတ်များကြောင့်ဖြစ်သည်ဟု ထားဝယ်မြို့နယ်မှ ဝက်ဒိုင်လုပ်ငန်းတွင် လုပ်ကိုင်သူ ဦးဖိုးလားက ပြောသည်။ “ကုန်ကြမ်းက မော်လမြိုင်မှာ တက်ဝယ်နေရတယ်၊ ထားဝယ်မှာ ကုန်ကြမ်းလာရောင်းသူ သိပ်မရှိဘူး။ နယ်က တစ်နေ့တစ်ကောင်တောင် မလာဘူး၊ ဒေသဝက်ကတော့ မရှိသလောက်ပဲ” ဟု ၎င်းက ဆိုသည်။ ဝက်ဒိုင်မှ ဝယ်ယူရသည့်ဈေး တဖြည်းဖြည်း ခုန်တက်နေခြင်းကြောင့် ဝက်သားဈေး ၁၇၀၀၀ ကျပ်အထိ ခုန်တက်လာခြင်းဖြစ်သည်ဟု ကမ်းနားဈေးမှ ဝက်သားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

မိနစ် ၉၀ အတွင်း သရေခံကန်သွားဖို့ ရှိနေတဲ့ မော်ရိုကို

diz_admin

December 17, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲ ပွဲစဉ် ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားပါတော့မယ်။ တတိယနေရာလုပွဲမှာ ထိပ်တိုက်တွေ့နေတဲ့ အသင်းနှစ်သင်းကတော့ ခရိုအေးရှားနဲ့ မော်ရိုကို တို့ပါပဲ။ ဒီနှစ်သင်းဟာ အုပ်စုအဆင့်တုန်းကလည်း ထိပ်တိုက်တွေ့ခဲ့ပြီးပါပြီ။ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ မော်ရိုကိုဟာ အာဖရိကဇုန်ကနေ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားခွင့်ရရှိတဲ့အသင်းတွေထဲမှာ ဆီမီးဖိုင်နယ်အဆင့်ဆီကို ပထမဆုံးတက်ရောက်ခွင့်ရရှိတဲ့အသင်းဖြစ်ပါတယ်။ တတိယနေရာလုပွဲမှာသာ အနိုင်ရရှိပြီး တတိယသာရရှိသွားခဲ့ရင် မော်ရိုကိုက သမိုင်းသစ်တစ်ခုကို ထပ်မံရေးထိုးနိုင်ဦးမှာပါ။ ခရိုအေးရှားကလည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့သလို အခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆုတံဆိပ်တစ်ခု ရယူနိုင်ဖို့ ရည်မှန်းနေပါတယ်။ တတိယနေရာလုပွဲ ဆိုပေမယ့် ဗိုလ်လုပွဲလို အားပြိုင်မှုပြင်းထန်တဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဘယ်အသင်းအောင်ပွဲခံသွားလေမလဲဆိုတာကို စောင့်ကြည့်ရင်ခုန်ကြပါစို့။ ဒီပွဲစဉ်ကို ဒီနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရှိရပါတယ်။ […]

ရေးက အမြောက်တပ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

diz_admin

December 17, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ၇၉ လက်နက်၊ ၄၀ မမတို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ “အမြောက်တပ်ဘက်မှာ သေနတ်သံတွေကြားရတာ ဟုတ်တယ်။ အပစ်ခံရတာလား တိုက်ပွဲလားတော့ ကျွန်တော်တို့လည်း မသိဘူး။ အသွားအလာတော့ သတိထားနေရတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာတွင် အမြောက်တပ်ဘက်က နာရီဝက်ခန့်ကြာ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီဘက်ကလည်း ရေးမြို့နယ်အခြေစိုက် […]

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲမယ်လို့ နာမည်ကြီး ရှေ့ဖြစ်ဟော အေသော့စ်ဆလုမ်း ဟောကိန်းထုတ်

diz_admin

December 16, 2022

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ သတ်မှတ်ခေါ်ဝေါ်ခြင်းခံနေရတဲ့ အေသော့စ် ဆလုမ်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဖိုင်နယ်မှာ အနိုင်ရရှိပြီး ချန်ပီယံဆုကို ရရှိသွားမယ့်အသင်းက အာဂျင်တီးနားဖြစ်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ အေသော့စ် ဆလုမ်း ဟာ ဘရာဇီးနိုင်ငံမှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ မစတင်ခင်ကတည်းက ဖိုင်နယ်တက်မယ့် အသင်းနှစ်သင်းဟာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ဖြစ်တယ်လို့ ဟောကိန်းထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ဟောကိန်းက မှန်ကန်ထားတဲ့အတွက် ဗိုလ်စွဲမယ့်အသင်းက ဘယ်အသင်းဖြစ်မလဲဆိုတာကို အေသော့စ် ဆလုမ်း ဆီ ဟောကိန်း တောင်းခံလာခဲ့တဲ့အတွက် အေသော့စ် ဆလုမ်းက အခုလို ဟောကြားပေးလိုက်တာဖြစ်ပါတယ်။ အေသော့စ် ဆလုမ်း ခဘာလားဟ်သင်္ချာဟောကိန်းကို အခြေခံကာ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ဇာတာကို တွက်ချက်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားရဲ့စိုးမိုးဂဏန်းက ခဘာလားဟ် သင်္ချာအရ ရှစ်၊ ပြင်သစ်ရဲ့စိုးမိုးဂဏန်းက ခုနစ်ဖြစ်နေတဲ့အတွက် အာဂျင်တီးနားက အားသာနေတယ်လို့ […]

ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းများပြီး အဝယ်နည်း

diz_admin

December 16, 2022

ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ရောင်းချလိုသူများပြားပြီး ဝယ်ယူမည့်သူ မရှိသလောက်နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်နှစ်ကမူ ကျပ်ငွေတန်ဖိုးကျဆင်းလာမှုနှင့်အတူ ကျပ်ငွေအပေါ်ယုံကြည်မှုနည်းပါးလာကြသဖြင့် အိမ်ခြံမြေဝယ်လိုသူ ပိုများပြားခဲ့ကြောင်း အကျိုးဆောင်အချို့က ပြောသည်။ ယခုနှစ် ပွင့်လင်းရာသီတွင်မူ ပြောင်းပြန်ဖြစ်လာပြီး ရောင်းမည့်သူကများကာ ဝယ်ယူမည့်သူမှာ မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ “မနှစ်က နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအထိ ဝယ်ပေးရတာတွေရှိတယ်။ ဒီနှစ်ကတော့ စုံစမ်းတာမျိုးတောင် မရှိတော့ဘူး” ဟု လောင်းလုံးမြို့နယ်တွင် အိမ်ခြံမြေ ရောင်းဝယ်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်က အနိမ့်ဈေးဖြင့်ဝယ်ယူသိမ်းဆည်းထားသည့် အိမ်ခြံမြေများကို ပွင့်လင်းရာသီတွင် ထုတ်ရောင်းလာကြခြင်း၊ စီးပွားရေး အရင်းအနှီးလုပ်ရန်အတွက် အိမ်ခြံမြေကို ထုတ်ရောင်းလာကြခြင်း၊ မလုံခြုံမှုတို့ကြောင့် အခြားမြို့ရွာသို့ ရွှေ့ပြောင်းရန်အတွက် ရောင်းချလိုသူများရှိလာခြင်း စသည့်တို့ကြောင့် ‌‌ရောင်းလိုအားများပြားလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ အိမ်ခြေံမြေအသင်းဝင်တစ်ဦးက ဆိုသည်။ “ဒီလိုပွင့်လင်းရာသီမှာ ရောင်းရင်တော့ (အမြတ်အစွန်း) ပိုရမယ်ဆိုပြီး […]

မြိတ်တွင် အမှိုက်သိမ်းရက်လျှော့လိုက်သဖြင့် လမ်းဆုံ၊ လမ်းထိပ် အမှိုက်များစုပုံ

diz_admin

December 16, 2022

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တို့တွင် အမှိုက်သိမ်းယာဉ်များ အမှိုက်လာရောက်သိမ်းဆည်းသည့်ရက်ကို လျှော့ချလိုက်သဖြင့် လမ်းဆုံ၊ လမ်းထိပ်တို့၌ အမှိုက်များ မကြာမကြာ စုပုံနေကြောင်း ရပ်ကွက်နေသူတို့က ပြောသည်။ ယခင်က ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်တို့သည် တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် နေအိမ်ရှေ့အရောက် လှည့်လည် သိမ်းယူလေ့ရှိပြီး လောင်စာဆီဈေးနှုန်းကြီးမြင့်လာပြီးနောက် တစ်လလျှင် နှစ်ရက်မှ သုံးရက်အထိသာ အမှိုက်သိမ်း နေကြောင်း မြို့ပေါ် ရပ်ကွက်နေသူအချို့က ဆိုသည်။ “တစ်ပတ်နှစ်ရက်လာ‌နေကျပဲ။ နောက်တော့ တစ်ပတ် တစ်ရက်၊ တစ်လ သုံးရက်၊ တစ်လ သုံးရက်ကနေ အခု တစ်လ နှစ်ရက်ပဲ လာ‌တော့တာ” ဟု မြိတ်တောင်နယ်မြေနေ အမျိုးသမီးတစ်ဦးက ပြောသည်။ မြိတ်မြို့ပေါ် ရပ်ကွက်အများစုရှိ ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်တို့သည် ပြီးခဲ့သည့်အစိုးရလက်ထက်က မြို့နယ် စည်ပင်သာယာ‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ထားပေးသည့် သက်ဆိုင်ရာနယ်မြေ၊ ရပ်ကွက်ပိုင် […]

ပီအက်စ်ဂျီတိုက်စစ်မှူး နှစ်ယောက်နဲ့ မန်ယူခံစစ်မှူး နှစ်ယောက် အားပြိုင်မယ့် ဗိုလ်လုပွဲ

diz_admin

December 16, 2022

ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီဇင်ဘာလ ၁၈ ရက်နေ့ရောက်ရင် ကြည့်ရှုကြရပါတော့မယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်ရောက်လာတဲ့ အသင်းနှစ်သင်းကတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကထိပ်သီး အာဂျင်တီးနားတို့ပါပဲ။ ဒီပွဲစဉ်ကို အဆုံးအဖြတ်ပေးမှာက ခံစစ်နဲ့ တိုက်စစ်ရဲ့အရေးပါတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ ထူးခြားချက်တစ်ရပ်က နှစ်သင်းလုံးရဲ့တိုက်စစ်နဲ့ ခံစစ်ကို ဦးဆောင်နေကြသူတွေဟာ ကလပ်အသင်းတွေမှာ တွဲဖက်ညီတဲ့ အသင်းဖော်တွေ ဖြစ်နေတဲ့အချက်ပါပဲ။ ဒါကြောင့် အခုတစ်ကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ အသင်းဖော်ဟောင်းတွေ အားပြိုင်ရမယ့် ဗိုလ်လုပွဲစဉ်သဘောမျိုး ဖြစ်လာနိုင်ပါတယ်။ ပြင်သစ်တိုက်စစ်မှာ အဓိကကျနေသူက အမ်ဘတ်ပေ ပါ။ အာဂျင်တီးနားရဲ့တိုက်စစ်အင်အားစုကို ဦးဆောင်နေသူက မက်ဆီ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ယောက်က ပီအက်စ်ဂျီမှာ အသင်းဖော်တွေပါ။ အခုတော့ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အသင်းတွေမှာ အခရာကျတဲ့ တိုက်စစ်မှူးတွေအဖြစ် သူတို့ အားပြိုင်ရပါတော့မယ်။ ခံစစ်တွေကို ကြည့်လိုက်ရင် […]