သရက်ချောင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွား
diz_admin
December 14, 2022ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ဝဲရစ်ရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတစ်လုံးနှင့် ရှော့တိုက်မိုင်းတစ်လုံးခွဲခဲ့ကြောင်း၊ ယင်းနောက်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၄) နံနက် ၅ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာရှိ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လာရောက်တိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီယာဉ်တန်းမှာ ပဲဒက်ပြည်သူ့စစ်အဖွဲ့ကို လာကူသည့် စစ်ကူအင်အားဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်က ရေကြောင်း၊ ကုန်းကြောင်းအသုံးပြုကာ ဖြန့်ကျက်လာနေကြောင်း ဒေသခံများထံမှသိရသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် မြိတ်-ထားဝယ်ကားလမ်းမကြီးမှာ နေ့လယ် ၁၂ နာရီအထိ လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ၁၂ နာရီနောက်ပိုင်းမှ လမ်းကြောင်းပြန်ဖွင့်ပေးခဲ့သည်ဟု […]


