ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် ဘုရားမဲ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၊ စစ်ရေးတင်းမာမည်ကို ဒေသခံများစိုးရိမ်

diz_admin

December 12, 2022

ထားဝယ်မြို့နယ်အဝင် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲ စစ်ဆေးရေးဂိတ် ဒီဇင်ဘာလ ၁၁ ရက်က တိုက်ခိုက် ခံရကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ၃ နာရီဝန်းကျင်အထိ နှစ်နာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။ “ပစ်သံတွေက ဆက်တိုက်ပါပဲ။ လက်နက်ကြီးတွေရော ပါတယ်” ဟု အနီးဝန်းကျင်မှ ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုကြောင့် ထိခိုက်မှု ရှိ မရှိ အခြေအနေကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ဆေးရေးဂိတ်ကို လုံခြုံရေးအင်အားတိုးမြှင့်ချထားက ညပိုင်းတွင် လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်ရေးအခြေအနေ ဆက်လက်တင်းမာလာမည်ကို […]

ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

December 12, 2022

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာသားတစ်ဦး ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈နာရီဝန်းကျင်က နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ အသက် ၄၀ ဝန်းကျင်အရွယ် ‌ဦးနေလင်းဦး (ခေါ်) နွန်မှတ်ဆိုသူကို အမည်မသိ သေနတ်သမားလေးဦးက ဆိုင်ကယ်ဖြင့် နေအိမ်သို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အောက်ဆင်းခဲ့လို့ခေါ်ပြီး ပစ်သွားတယ်။ သေနတ်သံက သုံးချက်လောက်ပဲ။ ဦးခေါင်းမှာ နှစ်ချက်ရယ်၊ ဗိုက်မှာတစ်ချက်ရယ်” ဟု ၎င်းက ပြောသည်။ ဦးနေလင်းဦးမှာ ရွေးကောက်ပွဲအကြိုကာလများတွင် ကြံ့ခိုင်ရေးပါတီအား ထောက်ခံဝန်းရံသူအဖြစ် ပါဝင်လေ့ရှိသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ သို့သော် ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ဦးနေလင်းဦးမှာ ရေဖြူမြို့နယ် […]

“နှစ်သစ်ကူးလက်ဆောင်အဖြစ် အောင်လက အနိုင်ပွဲ ရယူသွားနိုင်မလား”

diz_admin

December 12, 2022

တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်း လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကိုရောက်ရင် ကချင်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းက ပွဲကြီးပွဲကောင်းတစ်ပွဲကို ထိုးသတ်တော့မှာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းကမှ ပူပူနွေးနွေးဆိုသလို နိုင်ပွဲတစ်ပွဲ ရရှိထားတာပါ။ ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အိုကာမီနဲ့ထိုးသတ်ခဲ့ပြီး ပထမပွဲချီမှာတင် အောင်လအန်ဆန်းက ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ One Championship နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီးပြီလို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်းက One On Prime Video 6 ပွဲစဉ်အဖြစ် တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ဝေါင်းနဲ့ ထိုးသတ်သွားဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က IMPACT STADIUM […]

မြိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်၊ ၈နှစ်ကလေးအပါအဝင် ဆိုင်ကယ်စီးလာသူ သုံးဦးစလုံးသေဆုံး

diz_admin

December 11, 2022

မြိတ် – ကျွဲကူးရွာ ကားလမ်းမကြီးပေါ်ရှိ ရတနာ့ဂုဏ်ရည်ရိပ်သာအနီးတွင် ဒီဇင်ဘာလ ၁ဝရက် ညတွင် ကားနှင့် ဆိုင်ကယ်တိုက်သဖြင့် ဆိုင်ကယ်ပေါ်ပါသူ သုံးဦးစလုံး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ INSIGHT အမျိုးအစားကားနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိကာ ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံမှာ အခင်းဖြစ် နေရာတွင် သေဆုံးပြီး အသက် ၈နှစ်အရွယ် မြေးဖြစ်သူမှာ ဆေးရုံတွင် သေဆုံးကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ကျွဲကူးဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသည့် ကားမှာ ရတနာဂုဏ်ရည်ရိပ်သာအနီးအရောက်တွင် ရှေ့က ကားတစ်စီးအား ကျော်တက်ရာ မျက်နှာချင်းဆိုင် ယာဉ်ကြောအတိုင်းမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက်ကားမှာ လမ်းဘေး မြောင်းထဲကျသွားကြောင်း ဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် ၄၉နှစ်အရွယ် အမျိုးသားနှင့် […]

ကလိန်အောင်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးနေအိမ် ပစ်ခတ်ခံရ

diz_admin

December 11, 2022

ရေး – ထားဝယ် ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ ရဲတပ်ဖွဲ့တစ်ဦး၏ နေအိမ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁ဝ ရက် ည ၇ နာရီခွဲဝန်းကျင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဟု ယူဆရသည့် အဖွဲ့ကလာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ဆိုသည်ကိုမူ မသိရပေ။ “လာပစ်တဲ့အချိန် အိမ်မှာလူမရှိဘူး။ (နယ်ထိန်းက)ရဲစခန်းမှာရောက်နေတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ ရဲတပ်ဖွဲ့ဝင်နေအိမ်ကိုလာရောက်ပစ်ခတ်စဉ် အမှတ်၃ ရပ်ကွက်ရှိ ကလိန်အောင်နယ်မြေ ရဲစခန်းဘက်ကလည်း ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ပစ်တာက သိပ်မကြာလိုက်ဘူး။ ခဏပဲ။ ဆယ်မိနစ်၊ ဆယ်ငါးမိနစ်လောက်ပဲ” ဟု မြို့ခံတစ်ဦးကဆိုသည်။ အောက်တိုဘာလ ၁၄ ရက်ကလည်း ကလိန်အောင်မြို့ တံတားတွင် ဖွင့်လှစ်ထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကလိန်အောင်အခြေစိုက် Spring Dhamma […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 10, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အစုလိုက်သတ်ဖြတ်မှု အဆိုးဆုံးနိုင်ငံစာရင်းဝင် မြန်မာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်အရှိဆုံးထိပ်ဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှုမှတ်တမ်းပြတိုက်ဖြစ်သည့် Holocaust Memorial Museum ၏ Early Warning Project ၂၀၂၂-၂၀၂၃ ခုနှစ် အစုလိုက်အပြုံလိုက်သတ်မှုခံရမှု အန္တရာယ် အကဲဖြတ်ချက် အစီရင်ခံစာတွင် ဖော်ပြသည်။ ယင်းစာရင်းထိပ်ဆုံးတွင် ပါကစ္စတန်နိုင်ငံဖြစ်ပြီး ဒုတိယနေရာတွင် ယီမင်ဖြစ်ကာ တတိယနေရာတွင် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားထောင်နှင့်ချီသေဆုံးခဲ့သည့် မြန်မာနိုင်ငံက တတိယနေရာတွင် ရှိနေသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ လက်နက်ကိုင်တော်လှန်သည်ဟု သံသယဖြင့် အရပ်သားများကို အစုလိုက် […]

ဆန္ဒပြ မြန်မာလုပ်သား ၃၇၀၀ကျော်ကို ယခုလအတွင်းအလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင်များဆို

diz_admin

December 10, 2022

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရှေ့တွင် အလုပ်ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် မြန်မာအလုပ်သမား ၃၇၀၀ ကျော်ကို နှစ်သစ်မကူးမီ အလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင် များက ကတိပြုခဲ့ကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ငါးသေတ္တာ စက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်း၊ မြန်မာ ပွဲစားများက ငွေကြေးကောက်ခံထားသော်လည်း လနှင့်ချီကြာသည်အထိ အလုပ်မရကြသဖြင့် အလုပ်သမားများ ဒီဇင်ဘာလ ၉ ရက်က လာရောက်တောင်းဆိုကြခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။  ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ထိုင်အာဏာပိုင်များက နှစ်သစ်မကူးမီ အလုပ်သွင်းပေးမည်ဟု ကတိပေးလာကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။ “အလုပ်သမား သုံးထောင်ကျော်ရဲ့ စာရွက်စာတမ်းတွေ ဒီနေ့ လာပို့ခိုင်းတယ်။ ပီမိုင် (နှစ်သစ်ကူး) မတိုင်ခင်ကို […]

ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် စစ်ကောင်စီကား မိုင်းဆွဲခံရ

diz_admin

December 10, 2022

ရေဖြူမြို့နယ် ရေဖြူ -ထားဝယ် လမ်းပိုင်းတစ်နေရာဖြစ်သည့် ဇီးကျရွာ တိုးဂိတ်အနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လာသည့် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။   ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် ဇီကျရွာတိုးဂိတ်ဘက်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး မိနစ်အနည်းငယ်ကြာတွင် ပစ်ခတ်သံများ အဆက်မပြတ် ထွက်လာကြောင်း အနီးဝန်းကျင်မှ ဒေသခံတစ်ဦးက ဆိုသည်။ “အသံလည်းကြားတယ်။ မီးခိုးတွေလည်း မြင်လိုက်တယ်” ဟု ၎င်းက ပြောသည်။ မိုင်းဆွဲခံရပြီးနောက် မိနစ် ၂၀ ခန့်ကြာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးသည် ထားဝယ်ဘက်သို့ မောင်းထွက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းဆွဲခံရမှုကြောင့် ထိခိုက်မှု ရှိမရှိအခြေအနေနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်တို့ကို Dawei Watch အနေဖြင့် […]