ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်း၊ ရတနာပုံ(မိုင်း) ကျေးရွာဒေသခံများ ရွာလုံးကျွတ်ထွက် ပြေးနေရ

diz_admin

December 10, 2022

ကော့ကောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံ(မိုင်း)ကျေးရွာနေ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဘုတ်ပြင်းဒေသခံများ ထံမှသိရသည်။ ရတနာပုံ(မိုင်း)ကျေးရွာနေ ဒေသခံ ၄၀၀ နီးပါးခန့်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ပကျွပ်ခရိုင်သို့ ထွက်ပြေးခဲ့ကြပြီး ကျန်အနည်းစုမှာ ဘုတ်ပြင်းမြို့နယ်၊ ကျေးရွာတစ်ချို့သို့ ထွက်ပြေးတိမ်းရှောင်လာသည်ဟု ဒေသခံများ ကပြောသည်။ “ကျွန်တော်တို့ သိရတာက ထိုင်းထဲကိုဝင်ပြေးသူက သုံးရာကျော်လောက်ရှိတယ်။ ဆွေမျိုးတွေရှိတဲ့ လေညာ၊မဏ္ဍိုင်(ပြည်ကြီးမဏ္ဍိုင်မြို့) ဖက်ကို ပြေးလာသူတွေလည်း အနည်းအကျဥ်း ရှိတယ်”ဟု ဘုတ်ပြင်းဒေသခံအမျိုးသား ကပြောသည်။ ထွက်ပြေးလာသူများသည် ထိုင်းနိုင်ငံ၊ပကျွတ်ခရိုင်၊ ဘန်စဲဖန်မြို့နယ်၊ခေါင်လွှဲရွာတွင် လက်ရှိခိုလှုံနေကြပြီး ထိုင်းအာဏာပိုင် များမှအကူအညီပေးနေသလို လတ်တလောတွင် အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့်အဖွဲ့မှ ပြည်တွင်း မီဒီယာတစ်ချို့ကို ပြောဆိုထားသည်။ “နောက်ဆုံးကြားသိရတာက ထိုင်းဖက်ကသူတို့ကို အကူအညီပေးနေတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ကလည်း လာကူညီနေတယ်လို့ အဲလိုပဲ […]

လောင်းလုံး ချောင်းဖျားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

December 10, 2022

လောင်းလုံးမြို့နယ် ချောင်းဖျားကြီးကျေးရွာက အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၆၈ နှစ်အရွယ် ဦးညိုအေးဆိုသူဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီခန့်တွင် လက်နက်ကိုင်လူတစ်စု ချောင်းဖျားကြီးရှိ ဦးညိုအေးနေအိမ်သို့ရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ‌ဒေသခံတို့က ပြောသည်။ “အရင်ဆုံးအိမ်ပေါ်ကနေ မိသားတစ်စုလုံးခေါ်ချတယ်။ နှစ်နှစ်ကလေးကအစပါတယ်။ ပြီးမှ မဆိုင်တဲ့သူတွေသွားတော့လို့ လွှတ်လိုက်ပြီးမှ ပစ်သတ်လိုက်တာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ သေဆုံးသူ ဦးညိုအေးမှာ ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားဖြစ်ပြီး ချောင်းဖျားကြီးရွာတွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ပစ်သတ်ခံရပြီးနောက် အလောင်းကို ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ချောင်းဖျားကြီးသို့ ပြန်သယ်မလာတော့ဘဲ ကဒက်ငယ်ထိန်ကျေးရွာတွင် ထားရှိ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ ဦးညို‌အေးဦးခေါင်းတွင် သေနတ်ဖြင့်ပစ်ခတ်ထားသည်ဟု ယူဆရသည့် အပေါက်များကိုတွေ့ရကြောင်း အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။  ဒေသခံအချို့ကမူ ဦးညိုအေးအားဒလန်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က […]

ကိုးလကျော်အတွင်း ထိုင်းက မြန်မာလုပ်သားနှစ်ထောင်ကျော် ပြန်လွှဲပေး

diz_admin

December 10, 2022

ယခုနှစ် မတ်လမှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၃၀ဦး အထိ ရှိနေပြီဖြစ်ကြောင်း ပြန်လွှဲပြောင်းသည့်စာရင်းများအရ သိရသည်။ ဘန်‌ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက် စာရင်းများနှင့် အလုပ်သမား ပြန်လည် လက်ခံရာတွင် ကူညီပေးနေသည့် ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့၏ စာရင်းများအရ သိရခြင်းဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံရသူများဖြစ်သည်။ ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထပ်မံထိန်းသိမ်းခံရပြီးနောက် ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့လွှဲပြောင်းပေးရာတွင် မတ်လအတွင်းက ၁၂၉ဦး၊ မေလတွင် ၁၃၂ဦး၊ ဇွန်လတွင် ၃၂၄ဦး၊ ဇူလိုင်လတွင် ၁၆၆ဦး၊ ဩဂုတ်လတွင် ၃၄၄ဦး၊ စက်တင်ဘာလတွင် ၁၇၀ဦး၊ အောက်တိုဘာလတွင် ၃၆၈ဦး၊ နိုဝင်ဘာလတွင် ၂၁၀ဦးနှင့် ဒီဇင်ဘာလတွင် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

December 9, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ပီရူးမှာ သမ္မတဟောင်းကို ဖမ်းဆီးပြီးနောက် အမျိုးသမီးသမ္မတအသစ် တက်လာ ပီရူးနိုင်ငံမှာ သမ္မတဟောင်း ပီဒရို ကတ်စတီလို (Pedro Castillo) ကိုထိန်းသိမ်းခံခဲ့ရပြီးနောက် ဒုသမ္မတ ဒီနာဘိုလူအာတာ (Dina Boluarte) က   ဒီဇင်ဘာ ၇ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ပီးရူးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့ပါတယ်။ သမ္မတသစ် ဖြစ်လာတဲ့ ဒီနာဘိုဘူအာတာဟာ နိုင်ငံရေးအရ ပဋိပက္ခတွေရပ်စဲဖို့ တောင်းဆိုခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး ပုန်ကန်မှု၊ ပူးပေါင်းကြံစည်မှုတို့နဲ့ စွပ်စွဲခံထားရတဲ့ သမ္မတ ပီဒရို ကတ်စတီလိုကတော့ […]

ပလမြို့ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

diz_admin

December 9, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က ဒီဇင်ဘာလ ၈ရက်ညနှင့် ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းတို့တွင် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့ရဲစခန်းအား ယနေ့နံနက် ၁၁ နာရီဝန်းကျင်က လာရောက်ကာ ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ရဲစခန်းကို လာပစ်တာ သေနတ်သံတွေ ဆူညံနေတယ်။ ဆေးရုံနားက (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ရုံးဟောင်း တစ်ခုကိုလည်း ဖောက်ခွဲ သွားတယ်။ အသေအပျောက်တော့ မကြားရသေးဘူး” ဟု ပလမြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။ ပြီးခဲ့ညကလည်း ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာဝိုင်းခဲ့သေးပြီး ပစ်ခတ်မှုများ ဖြစ်သေးကြောင်း ဒေသခံများက ဆိုသည်။ “ညက တစ်ညလုံးမအိပ်ရဘူး။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကြောင့် […]

ထားဝယ်အရှေ့တောနယ် ပြည်သူ့ကာကွယ်ရေးတပ် လက်နက်သိုလှောင်ရုံ အသိမ်းခံရ

diz_admin

December 9, 2022

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လက်နက်သိုလှောင်ရုံ တစ်ခု အသိမ်းခံရကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ် ပ.က.ဖ) က ယနေ့ ဒီဇင်ဘာလ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က သိမ်းဆည်းသွားသည့် လက်နက်ခဲယမ်းများ၏ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ဖိုးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အရှေ့တောဒေသကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် ဝကုန်းရွာက နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး လက်နက်ခဲယမ်း သိုလှောင်ထားသည့်နေရာမှာလည်း သတင်းပေးဒလန်တစ်ဦးကြောင့် သိမ်းဆည်းခံလိုက်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ကျွန်းစုတွင် စက်လှေမှောက်ပြီး ပျောက်ဆုံးနေသည့် အမျိုးသားသုံးဦး၏ရုပ်အလောင်းပြန်တွေ့

diz_admin

December 9, 2022

ကျွန်းစုမြို့နယ်တွင် စက်လှေမှောက်ပြီး ပျောက်ဆုံးနေသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို တစ်ရက်အကြာ ဒီဇင်ဘာလ ၈ ရက်တွင် ပြန်လည်တွေ့ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးသည့် နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။ မြိတ်မြို့မှ ဥယျာဉ်ကမ်းရွာသို့ သွားသည့် စက်လှေတစ်စီးသည် ဥယျာဉ်ကမ်းရွာအနီး ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက လှိုင်းဒဏ် (လဟာ) ကြောင့် တိမ်းမှောက်ပြီး အမျိုးသားသုံးဦး ပျောက်ဆုံးနေခြင်းဖြစ်သည်။ စက်လှေပေါ်တွင် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း ၁၈ ဦးအနက် ၁၅ ဦး အသက်ရှင်ခဲ့ပြီး အမျိုးသားသုံးဦးမှာ ရေနစ် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်း၏ တာဝန်ရှိသူက ပြောပြသည်။ “မနက်လင်းလောက်မှ အလောင်းတွေ့ကြတာ။ မြိတ်ကနေ (ဒီဇင်ဘာ ၈) မနက် ၈နာရီကနေဆင်းသွားတာ အလောင်းပြန်သယ်လာတာ မွန်းတည့်လောက်မှ ပြန်ရောက်ကြတယ်” […]

ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ တက်သွားမလား…မထင်တာတွေ ဖြစ်လာဦးမလား

diz_admin

December 9, 2022

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဥ်တွေ စတင်ကစားပါတော့မယ်။ ဒီညမှာတော့ ခရိုအေးရှား Vs ဘရာဇီးလ်က မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ကန်မှာဖြစ်ပြီး နယ်သာလန် Vs အာဂျင်တီးနား ပွဲကတော့ (ဒီဇင်ဘာ ၁၀) နံနက် ၁ နာရီခွဲမှာ ကစားမှာဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားမှာ ရေပန်းစားနေတဲ့ အသင်းကြီးတွေ ထိပ်တိုက်တွေ့တဲ့ပွဲမို့ စိတ်လှုပ်ရှားဖွယ် ပွဲကောင်းတွေ ဖြစ်လာဖို့ရှိနေပါတယ်။ ဘယ်အသင်းတွေ နိုင်သွားမလဲဆိုတာ သုံးသပ်ထားတာကို ကြည့်ရှု့အားပေးနိုင်ပါပြီ။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1s0alm Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/snNYI4LByZo