ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရားမဝင် မြန်မာလုပ်သား ငါးဦးလိုက်ပါသောကားကို မလေးရှားရဲကားက ဝင်တိုက်၍ဖမ်းဆီး

diz_admin

December 9, 2022

မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ် GUA MUSANG ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ငါးဦးလိုက်ပါလာသော ကားကို ရဲတပ်ဖွဲ့က ရဲကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းဌာနများတွင် ရေးသားဖော်ပြသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီတွင် GUA MUSANG ခရိုင်ရဲတပ်ဖွဲ့များက လမ်းတစ်နေရာ၌ ရှောင်တခင်စစ်ဆေးနေချိန် ကားတစ်စီးသည် ဂငယ်ကွေ့ပြန်ကွေ့ကာ GUA MUSANG မြို့ထဲသို့ အရှိန်ဖြင့် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ လိုက်လံစစ်ဆေးရာတွင် ကားသည် လွတ်မြောက်ရန်အတွက် မီးပွိုင့်များကို ဖြတ်ကာ အရှိန်ပြင်းပြင်း မောင်းပြေးခဲ့ပြီး ရပ်တန့်ရန် အချက်ပြသော်လည်း မရပ်ကြောင်း ဖော်ပြသည်။ ယင်းကားကို ၁၅ ကီလိုမီတာအကွာအဝေးအထိ မိနစ် ၂၀ ကြာအောင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရကာ […]

ဘုတ်ပြင်းတွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာပြီး ခရီးသွားလာမှုလျော့ကျ

diz_admin

December 8, 2022

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲခပ်စိတ်စိတ် ဖြစ်ပွားလာနေပြီး ခရီးသွားလာသူ လျော့ကျသွားကြောင်း ခရီးသည်တင်ကားသမားအချို့က ပြောသည်။ ယခင်လများက ၁၅ ယောက်ပါ ခရီးသည်တင်ကားတွင် ခုံအပြည့်ခရီးသည်လိုက်ပါလေ့ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ခရီးသည် ၁၀ ဦးပင် မပြည့်တော့ကြောင်း မြိတ်-ဘုတ်ပြင်း-ကော့သောင်း ယာဉ်မောင်းအချို့က ဆိုသည်။ “တချို့ဆို လက်မှတ်ဖြတ်ပြီးမှ မလိုက်တော့ဘူးဆိုတဲ့သူနဲ့၊ လိုက်လာပြီး အရှေ့မှာ တိုက်ပွဲဖြစ်နေသံလည်းကြားရော နီးတဲ့ရွာ ဆင်းကျန်ခဲ့တဲ့သူလည်း ရှိတယ်။ ပိုက်ဆံလည်း အရနည်းသွားတယ်” ဟု ခရီးသည်တင်ကားသမားတစ်ဦး က ပြောသည်။ မြိတ်-ကော့သောင်းပြေးဆွဲနေသည့် ခရီးသည်တင်ကား အကြီးအငယ် ဆယ်ချီရှိပြီး တိုက်ပွဲကြောင့် ခရီးသည် အသွားအလာနည်းသွားကြောင်း ကားသမား နောက်တစ်ဦးက ပြောဆိုသည်။ ယင်းအပြင် လမ်းခရီးတွင်လည်း စိုးရိမ်ထိတ်လန့်စွာဖြင့် သတိထား မောင်းနှင်နေရကြောင်း ၎င်းက ဆိုသည်။   […]

ထိုင်းတွင် ခြေတစ်ဖက်ဆုံးရှုံးသွားသည့် မြန်မာရေလုပ်သား လျော်ကြေးငွေ ဘတ်သုံးသိန်းခွဲကျော်ရ

diz_admin

December 8, 2022

ထိုင်းနိုင်ငံတောင်ပိုင်း တရာန်ခရိုင်တွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသော မြန်မာရေလုပ်သားတစ်ဦးအတွက် လျော်ကြေးငွေ ဘတ် သုံးသိန်းခွဲကျော် (ကျပ်သိန်း ၂၈၀ ကျော်) ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရရှိကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။ တရာန်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ၌ ပင်လယ်ငါးဖမ်းလှေလိုက်နေသော မောင်ဌေးကို အမည်ရှိ မြန်မာအလုပ်သမား သည် လှေပေါ်ရှိ ခွမ်း (ဝန်ချီစက်) တွင် ဘောင်းဘီစ ငြိမိပြီး ညာဖက်ခြေထောက်ဝင်သွားသဖြင့် ဆေးရုံတွင် ဖြတ်ထုတ်ခဲ့ရကြောင်း HRDF ထံမှ သိရသည်။ ခြေထောက်ဖြတ်လိုက်ရပြီးနောက်ပိုင်း ထိုင်းလူမှုဖူလုံရေးရုံး (ပကန်စခွန်) တွင် အလုပ်သမားထိခိုက်မှုအတွက် လျှောက်လွှာတင်ကာ အလုပ်နားခ ဘတ် ၄၇၀၀၀ ကျော်ကို အလုပ်ရှင်သူဌေးက ထုတ်ယူသွားခဲ့သည်။ မြန်မာရေလုပ်သား၏ […]

မောတောင်နယ်စပ်တွင် အိမ်ခြံမြေများ ပုံမှန်ပေါက်ဈေးထက် လျှော့ပြီးရောင်းချလာ

diz_admin

December 8, 2022

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်(မြို့)နယ်စပ်တွင် အိမ်ခြံမြေတို့အား ပုံမှန်ပေါက်ဈေးထက်လျှော့ပြီး ရောင်းချမှုများရှိနေကြောင်း ယင်းနယ်စပ်နေသူတို့ထံမှ သိရသည်။ ယခင်က မောတောင်နယ်စပ် ပြည်ထောင်စုမိန်းလမ်းမပေါ်တွင် နေအိမ်ပါ မပါအပေါ်မူတည်ပြီး အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ ရှိ မြေတစ်ကွက်လျှင် ဘတ်တစ်ဆယ်ငါးသိန်း ( မြန်မာကျပ်ငွေ သိန်းတစ်ထောင်နှစ်ရာခန့် ) တန်ဖိုးရှိ မြေကွက်အား ယခုဘတ်ခုနှစ်သိန်း၊ ဘတ်ရှစ်သိန်း စသဖြင့် ( မြန်မာကျပ်ငွေ သိန်းငါးရာခြောက်ဆယ်မှ သိန်းခြောက်ရာလေးဆယ်ခန့် ) စျေးလျှော့ရောင်းချမှုများ ရှိလာနေခြင်းဖြစ်ကြောင်း မော‌တောင်နယ်စပ် မြို့မရပ်ကွက်နေသူတချို့က ပြောပြသည်။ ” ရှေ့ရက်ပိုင်းကပဲ မြေတစ်ကွက်ကို ခုနှစ်သိန်းနဲ့ ရောင်းလိုက်တာကြားမိတယ်၊ အရင်က ပုံမှန်ဆိုရင် ဘတ်တစ်ဆယ်ကျော်ဘဲ၊ တချို့ဆို ဘတ်သိန်းနှစ်ဆယ်အထိ ခေါ်တာမျိုးရှိတယ်၊ […]

ပုလောကုန်းတွင်တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေ

diz_admin

December 8, 2022

ပုလောမြို့ပေါ်၊ ပုလောကုန်းကျေးရွာနှင့် လက္ကူးကျေးရွာတို့တွင် ယနေ့ (ဒီဇင်ဘာ ၈) မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုလည်းရှိနေကြောင်း ဒေသခံအချို့ကဆိုသည်။ ပုလောမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ ပုလောကုန်းကျေးရွာဘက်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ အပြန်အလှန် ပစ်ခတ်သံများလည်း ကြားနေရကြောင်း ဒေသခံအချို့ကပြောသည်။ နံနက် ၇ နာရီခန့်တွင်လည်း ပုလောမြို့ ရှိ စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းကို မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မြို့ပေါ်  အမှတ် ၂ ရက်ကွက်ရှိ ‌အထွေထွေအုပ်ချုပ်ရေးရုံးကိုလည်း ဆိုင်ကယ် ၄ စီးဖြင့် လူရှစ်ဦးက လာရောက်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ပစ်တာက ခဏပဲကြာတယ်။ အချက် ၂၀ လောက်တော့ပစ်သံကြားရတယ်” ဟု ၎င်းကဆိုသည်။ ထွေအုပ်ရုံးကို ပစ်ခတ်သူများသည် […]

ဖီဖာ လိုချင်တဲ့အတိုင်း ကွက်တိဖြစ်လာတဲ့ ကွာတားဖိုင်နယ် ပွဲလမ်းကြောင်း

diz_admin

December 8, 2022

အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ခရီးတစ်ဝက်ဆီ ရောက်ရှိလို့နေပါပြီ။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲ ဆိုတာတွေက ပြိုင်ပွဲကို အဆုံးအဖြတ်ပေးတော့မယ့်အဆင့်တွေပါပဲ။ ကွာတားဖိုင်နယ်အဆင့် အတွဲအဖက်တွေလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်လို့ နောက်ဆုံးအဆင့် ပြိုင်ပွဲလမ်းကြောင်းက ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို အားလုံးက စိတ်ဝင်တစားရှိနေကြပြီလည်းဖြစ်ပါတယ်။ တကယ်တော့ အခု ကွာတားဖိုင်နယ်လမ်းကြောင်းဟာ ဖီဖာ လိုချင်တဲ့အတိုင်းကို ဖြစ်လာခဲ့တာပါ။ အတိမ်းအစောင်းတွေ လုံးဝမရှိဘဲ ဖြစ်ပေါ်လာခဲ့တဲ့ ကွာတားဖိုင်နယ်လမ်းကြောင်းလို့တောင် ပြောလို့ရပါတယ်။ ဒီတော့ ဖိုင်နယ်ချီတက်ရာလမ်းဟာ ဖီဖာ အသက်ဝင်စေချင်တဲ့အတိုင်း ဖြစ်လာလေမလားကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရတော့မှာပါပဲ။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1rug28 Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/hWZJB2HZ2CI

မွန်လူငယ်များနေ့ လွတ်လပ်စွာကျင်းပနိုင်ရန် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ပြုလုပ်မည်

diz_admin

December 8, 2022

မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သော ရေးချောင်းဖျားဒေသ၊ ထားဝယ်ခရိုင် ဝယ်ဇင်းကျေးရွာတွင် ကျင်းပသွားမည်ဟု မွန်လူငယ်များနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) ထံမှ သိရသည်။ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၁ ကြိမ်မြောက် မွန်လူငယ်များနေ့ကို အခမ်းအနားဖြင့် လွတ်လပ်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေကို ရွေးချယ်ရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။ ယခင်က မွန်လူငယ်များနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလာခဲ့သော်လည်း ၉ ကြိမ်နှင့် ၁၀ ကြိမ်မြောက်တုန်းက ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် အကျဥ်းချုံးသာ ကျင်းပလာခဲ့ရသည်။ “အရင်ကလုပ်ခဲ့တဲ့ပုံစံနဲ့တော့ ကွာခြားမယ်၊ ကွင်းပြင်မှာပဲလုပ်မယ် ဒါပေမဲ့ နိုင်ငံရေးအခြေအနေ ကောင်းခဲ့တဲ့အချိန်ကလို အင်တိုက်အားတိုက်နဲ့တော့ မဟုတ်ဘူး” ဟု မွန်လူငယ်များနေ့အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) တာဝန်ရှိသူတစ်ဦးက […]

ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ ခန့်ရောက်ရှိ

diz_admin

December 8, 2022

ထားဝယ်တွင်လူကြိုက်များသည့် ကြက်သွန်နီအဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ အထိရောက်ရှိနေပြီး အတက်ဈေးတွင် ဆက်ရှိနေဦးမည်ဟု စားသုံးကုန်စည် လက်လီလက်ကား ရောင်းချသည့် ဈေးကွက်ထံမှသိရသည်။ ဒီဇင်ဘာလ ကုန်လောက်တွင် လက်ရှိကြက်သွန်နီအဟောင်းမှာ ပြတ်လတ်သွားတော့မည် ဖြစ်သည့်အတွက် ထားဝယ်မြို့၏ လက်ကား အရောင်းဆိုင်တစ်ချို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်မှစပြီး ဒီဇင်ဘာ ပထမပတ်အထိ တစ်ပိဿာ ကျပ်သုံးထောင်ကျော်မှ ကျပ်ငါးထောင်နီးပါးအထိ စျေးတက်သွားခြင်းဖြစ်သည်။ “မော်လမြိုင်မှာအဟောင်းကမရှိတော့ဘူး အသစ်ကတော့ဝင်နေတယ်ပေါ့နော် ဈေးကတော့ကျမသွားဘူး မာနေတဲ့သဘောတော့ရှိတာ‌ပေါ့”ဟု သူမကပြောသည်။ လက်ရှိထားဝယ်လက်ကားဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ၄၈၀၀ ခန့်နှင့် ကြက်သွန်သစ်တစ်ပိဿာမှာ ၄၂၀၀ ကျပ် ဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိသည်။ သို့သော်ထားဝယ်မြို့၏ လက်လီဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ကျပ် ငါးထောင်‌ေကျာ်ဝန်းကျင်ခန့်ပေးဝယ်ခဲ့ရကြောင်း လောင်းလုံးမြို့နယ်ရှိ မုန့်လက်သုတ် ဆိုင်ဖွင့်ထားသူ အမျိုးသမီးကပြောသည်။ “ကြက်သွန်သစ်က မြင်တောင်မမြင်ရသေးဘူး ကြက်သွန်ဟောင်းကတော့ […]